ရုပ်ရှင်ကားထဲမှာ အသုံးပြုတဲ့ကားတွေကို Dennis McCarthy က တာဝန်ယူဖန်တီးခဲ့တာဖြစ်ပြီး ကားအားလုံးကို အခြေခံအားဖြင့် မြင်းကောင်ရေ ၅ဝဝ အားနဲ့ ဂီယာ (၃) ချက် Manual အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်.။ ဒီလိုထုတ်လုပ်ခြင်းဖြင့် လိုအပ်တဲ့ spare parts အရေအတွက်ကို လျှော့ချနိုင်ခဲ့ပြီး စတန့်တွေကို တာဝန်ယူတဲ့အဖွဲ့အနေနဲ့ ကားတစ်စီးချင်းစီရဲ့ လိုအပ်ချက်တွေကို သိစရာမလိုဘဲ လိုအပ်တဲ့ စတန့်တွေကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်မှာဖြစ်ပါတယ်.။
The Lykan HyperSport
လက်ဘနွန်နိုင်ငံအခြေစိုက် W Motors ကုမ္ပဏီကထုတ်လုပ်တဲ့ The Lykan HyperSport စူပါကားဟာ FF7 ထဲမှာပါဝင်တဲ့ကားတွေထဲမှာ တန်ဖိုးအကြီးဆုံးကားဖြစ်ပါတယ်.။ တကမ္ဘာလုံးမှာ အစီးရေ (၇) စီးသာရှိတဲ့ဒီကားဟာ တစ်စီးချင်းစီကို တန်ဖိုး စတာလင်ပေါင် 2.3 သန်း တန်ကြေးရှိပါတယ်.။
ဒီကားရဲ့ ရှေ့မီးသီးကြီးတွေကို ရွှေဖြူ၊ စိန် နဲ့ မြတွေနဲ့ တန်ဆာဆင်ပြီး ဖန်တီးထားတာဖြစ်ပါတယ်.။ ဒီကားဟာ Top Speed 240mph ရှိပြီး 0 – 60mph ကို (၃) စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ FF7 ထဲမှာ ဒီကားဟာ Abu Dhabi ရဲ့ မိုးမျှော်တိုက်တစ်ခုကနေ တစ်ခုကို ခုန်ပျံသွားတာ တွေ့ရမှာဖြစ်ပါတယ်.။
Dennis McCarthy ဟာ ဒီအခန်းကို ရိုက်ကူးဖို့အတွက် Lykan HyperSport ပုံစံတူ (၆) စီး ဖန်တီးထားခဲ့တာဖြစ်ပြီး Carbonfiber အစား Fiberglass ကို အသုံးပြုခဲ့ပါတယ်.။ ကားအောက်ခံ Frame ကိုတော့ Porsche ရဲ့ Porsche Boxster ကို အသုံးပြုထားတာဖြစ်ပါတယ်.။
1970 Dodge Charger
ဒီကားဟာ Fast and Furious ဇာတ်လမ်းတစ်လျှောက် Dominic Toretto (Vin Diesel) ရဲ့ သင်္ကေတအနေနဲ့ အသုံးပြုလာခဲ့တဲ့ ကားဖြစ်ပါတယ်.။ ဒီကားဟာ အရီဇိုးနား ကန္တာရအပေါ်မှာ ရိုက်ကူးခဲ့တဲ့ အခန်းဖြစ်တဲ့ ကား (၅) စီး လေယာဉ်ပေါ်က လေထီးနဲ့ဆင်းခဲ့တဲ့အခန်းထဲမှာ ပါဝင်တဲ့ ကား (၁) စီးဖြစ်ပါတယ်.။
ဒီကားကို ပုံစံတူ (၉) စီးအထိ ဖန်တီးထားခဲ့တာဖြစ်ပြီး ဒီအခန်းကို ရိုက်ကူးတဲ့အချိန်မှာ ကားတစ်စီးကို ပေ ၁၂ဝဝဝ၊ နောက်တစ်စီးကို ပေ ၈ဝဝဝ မှ အသီးသီး ပစ်ချပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်.။ ဒီအခန်း ရိုက်ကူးခဲ့ချိန်မှာ ကားတွေနဲ့အတူတူ လက်ကိုင်ကင်မရာနဲ့ ခေါင်းစွပ်ကင်မရာတွေ တပ်ဆင်ထားတဲ့ လေထီးခုန်သမား (၃) ယောက်စီ ခုန်ဆင်းပြီး ရိုက်ကူးခဲ့ပါတယ်.။ လေယာဉ်အတွင်းခန်းထဲမှလဲ ရိုက်ကူးခဲ့ပြီး အနီးဝန်းကျင်မှာ ပျံဝဲနေတဲ့ ရဟတ်ယာဉ်ပေါ်မှလဲ ရိုက်ကူးခဲ့ပါတယ်.။ မြေပြင်မှလဲ ရိုက်ကူးနေတဲ့အဖွဲ့တစ်ဖွဲ့ရှိခဲ့ပြီး ကားတွေပေါ်မှာလဲ Go-Pro Camera နှစ်လုံးမှ သုံးလုံးအထိ တပ်ဆင်ပါဝင်ခဲ့ပါတယ်.။
Dodge Charger ဟာ Fast and Furious ရဲ့ ပထမဆုံးဇာတ်ကားကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Dominic Toretto ရဲ့ ဖခင်ရဲ့ ကားဖြစ်ပါတယ်.။
Aston Martin DB9
အောက်ပါပုံကတော့ Director James Wan ကို Aston Martin DB9 နဲ့ အတူတူ တွဲဖက်ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်.။ ဒီကားဟာ FF7 ရုပ်ရှင်ကားထဲမှာ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Statham မောင်းနှင်ခဲ့တဲ့ကားအမျိုးအစားဖြစ်ပါတယ်.။
ဒီကားဟာ Dodge Charger နဲ့ ခေါင်းချင်းယှဉ်တိုက်ခဲ့တဲ့ အခန်းမှာ ပါဝင်ခဲ့ပြီး ကားတွေကို Cable တွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး Remote Control နဲ့ မောင်းနှင်ခဲ့တာဖြစ်ပါတယ်.။ ကားအချင်းချင်းတိုက်မိတဲ့အချိန်မှာ ကားများဟာ 40mph နဲ့ မောင်းနှင်နေတာဖြစ်တဲ့အတွက် ငလျင်လှုပ်လိုက်သလို မြေကြီးပေါ်မှာ ပြင်းထန်တဲ့တုန်ခါမှု ဖြစ်ပေါ်ခဲ့တယ်လို့ Dennis McCarthy က ဆိုပါတယ်.။
Maximus Ultra-Charger
Dominic Toretto မောင်းနှင်ခဲ့တဲ့ 1968 Dodge Charger ကားကို Dennis McCarthy က Las Vegas မှာကျင်းပခဲ့တဲ့ Specialty Equipment Market Association show မှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်.။
Scott Spock Racing နဲ့ Nelson Racing Engines တို့ တပ်ဆင်အသုံးပြုထားတဲ့ ဒီကားဟာ မြင်းကောင်ရေ ၂ဝဝဝ အားအင်ဂျင်ပါဝင်ပြီး Top Speed 260 mph ရှိပါတယ်.။ ဒီကားရဲ့ တန်ကြေးကတော့ ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိပါတယ်.။
2011 Dodge Challenger R/T
ဒီကားဟာ Letty Ortiz ကမောင်းနှင်ခဲ့တဲ့ကားဖြစ်ပြီး Paul Walker's Brian O'Conner ကို တောင်ပေါ်က ပြုတ်ကျမယ့် အန္တရာယ်က ကယ်တင်ခဲ့ရတဲ့အခန်းမှာ အသုံးပြုခဲ့ပါတယ်.။
Plymouth 'Cuda
1970 Plymouth 'Cuda ဟာလဲ Letty Ortiz မောင်းနှင်ခဲ့တဲ့ကားပဲဖြစ်ပြီး FF7 ရဲ့ ရှေ့တစ်ကားဖြစ်တဲ့ FF6 မှာ စတင်မိတ်ဆက်ခဲ့ပါတယ်.။
2011 Bugatti Veyron
ရုပ်ရှင်ထဲမှာ စကားအရမ်းများတဲ့ ဇာတ်ရုပ်ဖြစ်တဲ့ Roman Pearce မောင်းနှင်တဲ့ကားဖြစ်ပါတယ်.။ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်အရ လမ်းမပေါ်မှာမောင်းနှင်နိုင်တဲ့ကားတွေထဲမှာ အမြန်ဆုံးအဖြစ် စံချိန်တင်ထားတဲ့ကားဖြစ်ပြီး 267.856mph အထိ မောင်းနှင်နိုင်ပါတယ်.။
Jeep Wrangler
ဇာတ်လမ်းထဲမှာ Tej မောင်းနှင်ခဲ့တဲ့ကားဖြစ်ပြီး 2015 မော်ဒယ်ဖြစ်ပါတယ်.။ ကားတစ်စီးလုံးကို Armor တွေတပ်ဆင်ထားပါတယ်.။
Plymouth Road Runner
FF7 ထဲမှာပါဝင်တဲ့ American Muscle ကားတစ်စီးဖြစ်ပါတယ်.။
2012 Nissan GTR
သေဆုံးသွားပြီဖြစ်တဲ့ Paul Walker ရဲ့ဇာတ်ရုပ် Brian O'Conner မောင်းနှင်ခဲ့တဲ့ကားဖြစ်ပါတယ်.။ FF7 ထဲမှာ ပါဝင်တဲ့ကားဟာ မြင်းကောင်ရေ 700 အင်ဂျင်တပ်ဆင်ထားပြီး အစီးရေ (၇) စီးအသုံးပြုခဲ့ပါတယ်.။ ရိုက်ကွင်းထဲမှာ (၆) စီးပျက်စီးခဲ့ရပြီး မပျက်စီးဘဲကျန်ခဲ့တဲ့တစ်စီးတည်းသော ကားကိုတော့ Gatlinburg, Tennessee မှာရှိတဲ့ Hollywood Star Cars Museum မှာ ပြသထားပါတယ်.။
Subaru Impreza WRX STi
Brian O'Conner မောင်းနှင်ခဲ့တဲ့ ဂျပန်ကားတစ်စီးဖြစ်ပါတယ်.။
2014 Maserati Ghibli
ဗွီလိန်အဖြစ်သရုပ်ဆောင်တဲ့ Jason Statham မောင်းနှင်ခဲ့တဲ့ကားတစ်စီး ဖြစ်ပါတယ်.။ ဒီကားဟာ 1966 classic ဗားရှင်းကို ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်.။