Chevrolet Colorado High Country Storm ရဲ့ အာရှခရီးစဉ်

0

Full article

ထိုင်းနိုင်ငံ Bangkok မြို့မှာကျင်းပတဲ့ Bangkok International Motor Show မှာ Chevrolet Colorado ရဲ့ နောက်ထွက် ပုံစံသစ်တစ်မျိုးကို ပွဲထုတ်သွားခဲ့ပါတယ်။Chevrolet Colorado high country storm ရဲ့ သာမန် Colorado နဲ့မတူညီ တဲ့ အချက်က တော့ ကြည့်ရတာပိုမို ဆွဲဆောင်မှုရှိတာပါပဲ။ ဘာကြောင့်ဆွဲဆောင်မှုပိုရှိနေလဲ ဆိုတာ က သူ့ရဲ့ တမူထူးခြားတဲ့ storm kitတွေ ကြောင့်ပါ။ အဲဒီ storm kit မှာ ဘာတွေပါလဲ ဆို ရင်တော့ အဓိက အနက်ရောင်တွေ နေရာအချို့မှာချယ်သ ထားတာပါပဲ။ ဥပမာ ပြောရရင် သူရဲ့ ထူးခြားတဲ့ sport bar, အနက် အပြည့် မှုတ်ထားတဲ့ ၁၈ လက်မ alloy များ၊ တံခါးလက်ကိုင်တွေကအစ အနက်ရောင် ဖြစ်နေတာပါဘဲ။ ကားအနောက် ဘန်ဘာမှာလဲ sensor ပါပါတယ်။ ဒါတွေက တော့ High country storm version ရဲ့ သာမန် Colorado နဲ့မတူ ထူးခြားနေမဲ့ အချက်တွေပါ။

သူ့ engine ကတော့ လေးလုံးထိုး , 2500cc Duramax Diesel အင်ဂျင် ဖြစ်ပါတယ်။ အင်ဂျင်မှာ Variable turbo (သို့မဟုတ် ) VGT (variable geometry turbocharger)ပါဝင်တဲ့ အတွက် မြင်းကောင်ရေ 180 (၁၃၂ kilowatt power) ကို 3600 RPM မှာပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီ engine ဟာ ဥရောပ carbon ထုတ်လွှတ်စစ်ဆေးတဲ့ test လေးခု ကို pass ဖြစ်ထားပါတယ်။ သူ့ကို ဂီယာ ခြောက်ချက် auto နဲ့ရနိုင်ပြီး 2 wheel drive ရော 4 wheel drive နှစ်မျိုးလုံး ရွေးလို့ရမှာ ဖြစ်ပါတယ်။

လူအကြိုက်များဆုံး သူ့အရောင်ကတော့ပုံထဲက စွဲမက်ဖွယ် တောက်ပတဲ့ blue me away လို့ခေါ်တဲ့ blue metallic ပါပဲ။ တခြားလန်းတဲ့ အရောင်တွေလဲ ရှိပါသေးတယ်။ Pull me over red ဆိုတဲ့ Red , Black meet kettle လို့နာမည်ပေးထားတဲ့ black, Summit white ဆိုတဲ့ အဖြူ၊ Satan steel grey metallic ဆိုတဲ့ Metallic grey, Auburn brown metallic ဆိုတဲ့ brown metallic အစရှိတဲ့ ထူးခြားစွာ အမည်ပေးထားပြီး စပ်ထားတဲ့ အထူးအရောင်တွေ နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo Credit

Author