Transformers ရုပ်ရှင်ချစ်သူများအသည်းစွဲ Bumblebee သို့မဟုတ် Chevrolet Camaro 2017 မော်ဒယ်

0

Full article

![width=300](/redline/content/images/2017/07/bumblebee_5-300x192.jpg)

Camaro ဆိုတာ . . .

အမေရိကန်အခြေစိုက် နာမည်ကျော် ကားကုမ္ပဏီ Chevrolet ကထုတ်လုပ်ထားတဲ့ မော်ဒယ်ပါ။ နာမည်ကြီး American Muscle ကားများထဲမှ လူကြိုက်များတဲ့ ကားအမျိုးအစားလည်းဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းမာကျောမှုနဲ့ မောင်းနှင်ရတည်ငြိမ်မှုကို ဦးစားပေးဖန်တီးထားတာပါ။ ဒေသတွင်းပြိုင်ဖက်ဖြစ်တဲ့ Ford ရဲ့ Mustang မော်ဒယ်တွေနဲ့ ဈေးကွက် ပြိုင်ဆိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။

width=300

_ Photo Credit_

လက်ရှိအချိန်မှာတော့ ဈေးကွက်ဝေစုအခိုင်အမာရယူထားနိုင်တဲ့အပြင် Transformer လို နာမည်ကြီး ဇာတ်လမ်းတွဲထဲမှာပါ Bumblebee ဇာတ်ဆောင်အဖြစ်ထည့်သုံးလိုက်တာကြောင့် သတိထားမိသူများလာသလို ကြိုက်သူလည်း များလာခဲ့ပါတယ်။

width=300

_ Photo Credit_

Camaro ကို ၁၉၆၆ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ရာက ၂ဝဝ၂ ခုနှစ်မှာတော့ ထုတ်လုပ်မှု ရပ်နားခဲ့ပါတယ်။ အပြီးတိုင်ရပ်နားလိုက်တာတော့ မဟုတ်ပါဘူး။ ၂ဝဝ၉ ခုနှစ်မှာတော့ အရင်နဲ့မတူတဲ့ အဆင့်မြှင့်တင်မှုတွေနဲ့အတူ နှစ်ယောက်စီးအမိုးဖွင့်ကားဈေးကွက်ထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပါတယ်။ ရောင်းချရမှု ပမာဏကိုကြည့်ရင်လည်း တစ်ကျော့ပြန်ထုတ်လုပ်လာတဲ့ ၂ဝ၁ဝ မော်ဒယ်ကနေ နောက်ဆုံးမော်ဒယ်ထိ တစ်နှစ်ကို ပျမ်းမျှ အစီးရေ ၈ သောင်းလောက်ထိအောင် ရောင်းချထားနိုင်တာ တွေ့ရပါတယ်။

အားသာချက် . . .

အခုနောက်ဆုံးထွက်ရှိလာတဲ့ ၂ဝ၁၇ မော်ဒယ်က အရင်မော်ဒယ်တွေထက် လက်ကိုင်ပိုင်း ပိုပြီး တည်ငြိမ်လာပါတယ်။ သိသာသွားစေတဲ့အချက်ကတော့ ပတ်လမ်းပေါ်မှာ မြန်နှုန်းမြင့်မောင်းနှင်နေရင်း ကွေ့တဲ့အချိန်ဆို ထိန်းချုပ်ရ ပိုပြီးတည်ငြိမ်လာပါတယ်။ ပြီးတော့ ဂငယ်ကွေ့လို လားရာပြောင်းပြီး မောင်းတဲ့အချိန်မျိုးတွေမှာလည်း ကောင်းမွန်မြန်ဆန်တာတွေ တွေ့လာရပါတယ်။

width=300

_ Photo Credit_

အင်ဂျင်စနစ်မှာဆိုရင်လည်း V6 နဲ့တင်မဟုတ်ပဲ V8 အင်ဂျင်စနစ်နဲ့ပါရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးသူရဲ့ သုံးသပ်ချက်အရ အခုနှစ် Camaro ရဲ့ အင်ဂျင်စနစ်တွေက တန်းတူအင်ဂျင် အရွယ်အစားတွေထဲမှာ စွမ်းအင်ထုတ်လုပ်ပေးနိုင်မှု ပိုပြီးကောင်းလာတယ်လို့ သိရပါတယ်။ ဒီသုံးသပ်ချက်အရဆိုရင်တော့ တန်းတူ ပြိုင်ဖက်မော်ဒယ်တွေထဲမှာ အရှိန်မြှင့်တင်နိုင်မှု အကောင်းဆုံးမော်ဒယ် အဖြစ် ရပ်တည်နိုင်မယ့် အလားအလာရှိနေပါတယ်။ ၂ ယောက်စီး အမိုးဖွင့်ကားတွေထဲမှာ ဈေးနှုန်းသင့်သလို အဆင့်ထပ်မြှင့်မယ်ဆိုရင်လည်း သုံးရင်သုံးနိုင်သလောက် အများအပြားရနိုင်သေးတာ ဖြစ်ပါတယ်။

အားနည်းချက် . . .

မော်ဒယ်ကို Sport ပိုဆန်အောင် အမိုးကိုနိမ့်လိုက်တာကြောင့် ပြတင်းပေါက်တွေက သေးသွားပါတယ်။ Sport ဆန်သွားပေမယ့် အလှစီးမော်ဒယ်ကို် ကြည့်လို့မလှစေသလိုဖြစ်သွားစေပါတယ်။ စီးနင်းရတာလည်း အနည်းငယ် စိတ်ကျဉ်းကျပ်စေသလိုဖြစ်စေပါတယ်။

အပြင်ကိုယ်ထည်အရောင်ကို ၁ဝ ရောင်ထိအောင်ရွေးချယ်နိုင်မှာဖြစ်ပေမယ့် အတွင်းခန်းကိုတော့ အဖြူ၊ အနက် ၂ မျိုးပဲ ရနိုင်ပါတယ်။

width=300

_ Photo Credit_

အင်ဂျင်စနစ်နဲ့စွမ်းဆောင်ရည် . . .

အင်ဂျင်အရွယ်ရွေးချယ်နိုင်မှု အများအပြားနဲ့ မိတ်ဆက်ထားတာတွေ့ရပါတယ်။ ၂.ဝ (turbo) လီတာသုံး ပုံမှန်လေးလုံးထိုးအင်ဂျင်ကနေ V6, V8 အင်ဂျင်တွေအထိပါ ရနိုင်မှာဖြစ်ပါတယ်။ ၂.ဝ (turbo) အင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၃ဝဝဝ ရှိပါတယ်။ ရုန်းအား ၂၉၅ ပေါင်-ပေရှိပြီးတော့ မြင်းကောင်ရေ ၂၇၅ ကောင်အား စွမ်းအင်ထွက်ရှိမှာလည်း ဖြစ်ပါတယ်။

နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားပြီးတော့ Manual နဲ့ ဆိုရင် ၆ ချက်သုံးဂီယာစနစ်နဲ့ ရနိုင်သလို Auto နဲ့ ဆိုရင်တော့ ၈ ချက်ထိအောင် ဂီယာအချက်ရေများများ သုံးနိုင်မှာဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင်နိုင်မှုအပိုင်းမှာတော့ 2.0 ဖြစ်တာကြောင့် နည်းနည်း အားနည်းပါတယ်။ V6 အင်ဂျင်နဲ့မော်ဒယ်ဆိုရင်တော့ တစ်နာရီမိုင် ၆ဝ နှုန်းကို အရှိန်မြှင့်ဖို့ အချိန် ၅.၄စက္ကန့်ပဲပေးရမှာဖြစ်ပါတယ်။ ဒီနှုန်းက အရွယ်တူအင်ဂျင်တပ်ထားတဲ့ ပြိုင်ဖက် Ford Mustang ထက်ရော Dodge Challenger ထက်ပါ ပိုပြီး မြန်တယ်လို့ဆိုထားပါတယ်။

width=300

_ Photo Credit_

မော်ဒယ်ခွဲများ . . .

အမိုးအဖွင့်အပိတ်လုပ်နိုင်တဲ့ Convertible နဲ့ ရိုးရိုး Coupe ကိုယ်ထည် ၂ မျိုးမှာ LS, LT, SS နဲ့ ZL1 ဆိုပြီး မော်ဒယ်ခွဲ ၄ မျိုးစီထုတ်လုပ်ပါတယ်။ စုစုပေါင်း ၈ မျိုးအထိ ရွေးချယ်နိုင်မှာပါ။ LT မော်ဒယ်ခွဲက Base မော်ဒယ်ဖြစ်ပြီး ၁၈လက်မအရွယ် ဘီးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ စမ်းသပ်မောင်းနှင်ကြည့်တဲ့သူတွေကတော့ SS မော်ဒယ်ခွဲက မောင်းနှင်ရတာရော စွမ်းဆောင်ရည်ကိုပါ အကြိုက်တွေ့မိတယ်လို့ သုံးသပ်ထားကြပါတယ်။ SS မော်ဒယ်ခွဲကိုတော့ ၂ဝ လက်မအရွယ် ဘီးတွေနဲ့ ဖွဲ့ထားပါတယ်။ အမြန်နှုန်းမြင့်တင်မယ်ဆိုရင်လည်း ၁ နာရီ မိုင် ၆ဝ နှုန်းကို အချိန် ၄.၂ စက္ကန့်ပဲကြာမှာဖြစ်ပါတယ်။

သုံးသပ်ချက် . . .

အစကတည်းက ကောင်းပြီးသားမော်ဒယ်ကို စွမ်းဆောင်ရည်ထပ်မြှင့်ပြီး ဖန်တီးမိတ်ဆက်လာတာကြောင့် အမြန်နှုန်းရော ဒီဇိုင်းရောက အလန်းစားပါ။ အရွယ်အနေတော် ၂ ယောက်စီးအမျိုးအစားဖြစ်ပြီးတော့ ကိုယ်ထည်ကို Sport ဆန်ဆန် ချိုးဆစ်ထားတာကြောင့် လူငယ်တွေအကြိုက်တွေ့စေမယ့် မော်ဒယ်ပဲဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်ထုတ် Camaro ကားဟာ မြန်မာငွေနဲ့ဆိုရင်တော့ သူ့ရဲ့ မော်ဒယ်ခွဲအမျိုးအစား၊ အင်ဂျင်ပါဝါတို့အပေါ် မူတည်ပြီး သိန်း ၃ထောင်ဝန်းကျင်အထိ ကျသင့်နိုင်ပါတယ်။

Specifications (သတ်မှတ်ချက်များ)

Car Type: ကားအမျိုးအစား

တံခါး ၂ ပေါက် Convertible နှင့် Coupe

PRICES: ဈေးနှုန်း ( MSRP/ Manufacturer's Suggested Retail Prices )

Convertible LS, $31905

Convertible LT, $32600

Convertible SS, $42905

Convertible ZL1, $67140

Coupe LS, $ 25905

Coupe LS, $ 25905

Coupe LS, $ 36905

Coupe LS, $ 61140

ENGINE TYPE: အင်ဂျင်အမျိုးအစား (SS Model)

Front-engine, Gas V8, 6.2L

TRANSMISSION:ဂီယာစနစ်

Rear wheel drive(နောက်ဘီးယက်စနစ်) , 6-speed manual (Includes Active Rev Matching.)

DIMENSIONS:အတိုင်းအတာ

Wheelbase (အောက်ဘီးထောက်ကြား ပမာဏ): 110.70 in

Length (ကားအလျား): 188.30 in

Width (ကားအကျယ်အဝန်း): 74.70 in

Height (ကားအမြင့်): 53.10 in

Front Head Room (ယာဉ်မောင်းခန်း အကျယ်): 38.50 in

Curb weight (ကားအလေးချိန်): 3685 lbs

PERFORMANCE း စွမ်းဆောင်ရည်

Zero to 60 mph: 4.2 sec

FUEL ECONOMYဆီစားနှုန်း(တစ်ဂါလံနှုန်း)

ပျမ်းမျှမြို့တွင်း- ၁၆ မိုင်

ပျှမ်းမျှမြို့ပြင်- ၂၅ မိုင်

Chevrolet ရဲ့ Brand New ကားအသစ်များကို ကြည့်ရှုဝယ်ယူချင်တယ်ဆိုရင်တော့ CarsDB ရဲ့ Brand New Chevrolet Page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

CNS

Author