ခရီးနီးနီး ခရီးဝေးဝေး Off-Road ချစ်သူများရဲ့ အသဲနှလုံးကို ကိုင်လှုပ်သွားမယ့် Brand New Ford Explorer XLT

0

Full article

Ford Myanmar မှ တင်သွင်းရောင်းချသည့် Brand New Explorer XLT သည် ဒီဇိုင်းအားဖြင့် ခံ့ညားလှပမှုရှိခြင်း၊ luxury SUV အမျိုးအစားဖြစ်၍ အရည်အသွေးမြင့်ပစ္စည်းများစုံလင်စွာပါရှိခြင်း၊ လုံခြုံရေးနှင့် driving support system များသည် အထူးအဆင့်မြင့်ပြီး ယာဉ်မောင်းအတွက် များစွာအထောက်အကူဖြစ်ခြင်း၊ ၇ ယောက်စီး SUV ခုံ ၃ တန်းပုံစံဖြစ်၍ မိသားစုများ၊ ကုမ္ပဏီနှင့် လုပ်ငန်းသုံးများအနေဖြင့် ခရီးနီး/ဝေးအား သက်သောင့်သက်သာအသုံးပြုနိုင်ခြင်းနှင့် Off-Road အသုံးပြုမှုဆိုင်ရာ အဆင့်မြင့်နည်းပညာများပါရှိခြင်း စသည့်အချက်များကြောင့် ကမ္ဘာအနှံ့ရှိ Ford ချစ်သူများနှင့် SUV ပရိသတ်များ၏အစဉ်အဆက် အားပေးမှုကိုရရှိထားသည့် model ဖြစ်ပါသည်။

2011 ခုနှစ်တွင် စတင်မွေးဖွားခဲ့သည့် Ford Explorer သည် အထူးကြံ့ခိုင်သည့် body-on-frame ဒီဇိုင်းဖြင့် တည်ဆောက် ထားသည့်ကားဖြစ်ပြီး မိသားစုများအတွက်အသုံးပြုရန်နှင့် လမ်းကြမ်းများအား အဆင်ပြေစွာကျော်ဖြတ်နိုင်ရန် ရည်ရွယ်ထုတ် လုပ်ထားသည့်ကားဖြစ်ပါသည်။

ထိုကဲ့သို့ထူးခြားမှုများဖြင့်ပြည့်စုံခဲ့ပြီး ကောင်းသတင်းများစွာရရှိထားသည့် Explorer ၏ Brand New Explorer XLT Model သည် ဆန်းသစ်သည့်ဖန်တီးမှုများ၊ ဆီစားသက်သာပြီး စွမ်းဆောင်ရည်မြင့် မားသည့်အင်ဂျင်စနစ်၊ SYNC voice active ကဲ့သို့ နောက်ဆုံးပေါ်နည်းပညာများနှင့် Ford ၏ နာမည်ကျော် off-road ဆိုင်ရာထောက်ပံ့မှုစနစ်ဖြစ်သည့် terrain management system ပါဝင်ခြင်း စသည့်ထူးခြားမှုများဖြင့် ပြည့်စုံသည့်ကားဖြစ်ပါသည်။ ထိုသို့သော တန်းမြင့် SUV စာရင်းဝင် Brand New Explorer XLT Model အား စတင်လေ့လာကြပါစို့။

အပြင်နှင့် အတွင်းခန်း

Brand New Ford Explorer XLT Model ၏ အပြင်ဘက်ဒီဇိုင်းအား ခေတ်ဆန်လှပပြီး ခံ့ထည်မှုရှိသည့် ဒီဇိုင်းဖြင့်ဖန်တီးထားပါသည်။ အထူးသဖြင့် ၄င်း၏အရှေ့ grille design ကို ဝံ့ကြွားပြီး ဆွဲဆောင်မှုရှိသည့်ပုံစံဖြင့်(Ford အမှတ်တံဆိပ်နှင့်အတူ) တွေ့မြင်ရမည်ဖြစ်သည်။ အရှေ့မီးကြီးနှင့် နှင်းခွဲမီးများ၏ အချိုးအကွေ့အား အထူးလှပသည့်ဒီဇိုင်းဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး အရှေ့မီးကြီးများသည် bi-functional halogen headlamps များဖြစ်ပါသည်။ ထိုမှတဖန် သွယ်လျပြီး ရုပ်ထွက်ကောင်းသည့်ဘေးဘက်ကိုယ်ထည်တွင် keyless entry စနစ်ပါရှိသည့်တံခါးများ၊ 18-inch painted aluminum ဘီးများဖြင့် လှပစွာတွေ့မြင်ရမည်ဖြစ်သည်။

ထို့နောက် ကားအနောက်ဖုံးသို့ကြည့်ရှုလိုက်ပါက Ford ၏အစဉ်အလာဒီဇိုင်းဖြစ်သည့် taillight design အား full LED စနစ်ဖြင့်ရှုစားခံစားနိုင်မည်ဖြစ်သည်။ ထိုကားအနောက်ဖုံးသည် hands-free trunk type ဖြစ်၍ အသုံးပြုသူများ အထူးနှစ်ခြိုက်မည့်နည်းပညာဖြစ်ပြီး ပစ္စည်းများဖြင့် မနိုင်မနင်းဖြစ်နေကာ လက်ဖြင့်တံခါးဖွင့်ရန်အခြေအနေမပေးသည့်အချိန်အခါမျိုးတွင် နောက်ဖုံးအာက်ပိုင်းကို ခြေဖြင့်အသာအယာယမ်းရုံဖြင့် နောက်ဖုံးပွင့် လာမည်ဖြစ်သဖြင့် သုံးစွဲရသူများအတွက် အလွန်အဆင်ပြေစေပါသည်။

Brand New Ford Explorer XLT Model ၏ အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာဖြင့် ခင်းကျင်ထားပြီး အတွင်းခန်းတစ်ခုလုံး၏ အသေးစိတ်အရာများကိုပင် ဂရုတစိုက်ဖြင့် သေသပ်စွာပြုလုပ်ထားပါသည်။ ခုံတန်း ၃ တန်း၊ထိုင်ခုံ ၇ ခုံပါရှိပြီး အရှေ့ဘက်ထိုင်ခုံများသည် power seats များဖြစ်ကြပါသည်။ Dashboard design အား ဆန်းသစ်စွာဖန်တီးထားပြီး ထိန်းချုပ်ခလုတ်များသည် လွယ်ကူစွာမြင်တွေ့ထိန်းချုပ်နိုင်သည့် user friendly buttons များဖြစ်သည်။ Steering တွင် ထိန်းချုပ်ခလုတ်များစွာပါရှိပြီး မီတာဒိုင်ခွက်အုံတွင် on-board computer နှင့် အခြားယာဉ်မောင်းအထောက်အကူပြု function များလည်းထည့်သွင်းထားသည်။ Automatic air-con၊ SYNC voice active control၊ connectivity technology၊ Bluetooth၊ USB input နှင့် CD player စသည့် ခေတ်မီနည်းပညာနှင့် ဇိမ်ခံပစ္စည်းများလည်း ပြည့်စုံစွာပါရှိပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

အရည်အသွေးမြင့်ကားအောက်ပိုင်းထိန်းစနစ်များသည် Explorer XTL ကို ကိုင်တွယ်မောင်းနှင်သူအား ယုံကြည်မှု အပြည့်အဝပေးအပ်နိုင်မည်ဖြစ်ပါသည်။ Brand New Ford Explorer XLT တွင် အင်ဂျင်အနေဖြင့် 2.3L Eco Boost I4 အင်ဂျင်နှင့် မြန်နှုန်း ၆မျိုး ပြောင်းလဲနိုင်သည့် အော်တိုဂီယာစနစ်ကိုတွဲဖက်တပ်ဆင်ထားသည်။ ၄င်းသည် AWD system တပ်ဆင်ထားသည့် model ဖြစ်ကာ အင်ဂျင်စနစ်အနေဖြင့် ဆီစားနှုန်း အထူးသက်သာမှုရှိပါသည်။ Ford ၏ ထုံးစံအရစွမ်း ဆောင်ရည်ကိုလည်းဂရုပြုဖန်တီး ထားသည့်အတွက် ကား၏ကိုယ်ထည်အား ကောင်းစွာပဲ့ကိုင်မောင်းနှင်နိုင်မည်အပြင် တောင်တက်/တောင်ဆင်းကဲ့သို့အသုံးပြုမှု များကိုလည်း နိုင်နိုင်နင်းနင်းမောင်းနှင်နိုင်မည်ဖြစ်သည်။

အထက်ပါ features များအပြင် မတူညီသည့်လမ်းအခြေအနေများအတွက် လိုက်လျောညီထွေပြုလုပ်ပေးသည့် off-road ဆိုင်ရာအဆင့်မြင့်နည်း ပညာတစ်မျိုးဖြစ်သော terrain management system ကိုလည်း ယခု Explorer XLT တွင် ထည့်သွင်းထားပါသည်။ ၄င်းစနစ် တွင် normal၊ snow၊ sand၊ mud နှင့် rock ဟူ၍ လမ်းအနေအထားအသုံးပြုမှု ၅ မျိုးခွဲခြားထားပြီး ထိုကဲ့သို့ထူးခြားသည့်လမ်းများနှင့် ကိုက်ညီသည့် အနေအထားမျိုးကို ပြောင်းလဲမောင်းနှင်နိုင်ပါသည်။ ထို့အပြင် steering သည် well-tuned electric steering system ဖြစ်ပြီး natural assist level လည်းပါဝင်သည့်အတွက် အထူးပေါ့ပါးသွက်လက်မှုရှိပြီး ယာဉ်တစ်ခုလုံးအား ကောင်းစွာပဲ့ကိုင်နိုင်မည်ဖြစ်သည်။

လုံခြုံမှု
Brand New Ford Explorer XLT သည် Ford ၏ SUV line up တွင် ထိပ်တန်းအဆင့်ရှိသည့် SUV ဖြစ်သည့်အတွက် ခေတ်မီ နည်းပညာမြင့်လုံခြုံရေးစနစ် များစွာပါဝင်ပါသည်။ အဓိကပါဝင်သည့် safety features များမှာ ကားလမ်းချော်ကာ ရမ်းခါသွားမှုမဖြစ်စေရန် အကာအကွယ်ပေးသည့် trailer sway control၊ အရှိန်ဖြင့် ဘရိတ်အုပ်သည့်အခါ လမ်းချော်သွားခြင်းမဖြစ်စေရန် ထိန်းပေးသည့် ABS၊ တောင်တက်သည်ဖြစ်စေ၊ ဆင်းသည်ဖြစ်စေ ကား၏ အရှိန်ကို ထိန်းပေးသည့် hill start assist and hill descent control၊ ကားရှေ့ခါး၊ ဘေးတံခါးနှင့် နောက်ခန်းဘေးတံခါးတွင် တပ်ဆင်ထားသော လေအိပ် ၆ လုံး၊ မည်သည့် လမ်းမျက်နှာပြင်တွင်မဆို (နှင်းခဲမြေပြင်၊ ကျောက်စရစ်မြေပြင်၊ ရေခဲပြင်၊ မိုးရေစိုစွပ်နေသော မြေပြင်နှင့် ခြောက်သွေ့သောမြေပြင်) မောင်းနှင်ရာတွင် မောင်းနှင်ရအဆင်ပြေစေရန် ကား၏ အရှိန်ကို လိုအပ်သလို ထိန်းပေးသည့် advance trac with roll stability control-RSC၊ ပါကင်ထိုးရာတွင် အထောက်အကူပေးသည့် ကားရှေ့နှင့် ဘေးဘက်တွင် တပ်ဆင်ထားသော front and rear parking sensors and rearview camera, ဘေးမှ ယာဉ်သို့မဟုတ် အခြားသော အရာဝထ္တု များ ကပ်လာသည့်အခါ သတိပေးသည့် blind sport information system with cross-traffic alert စသည်တို့ပါဝင်ကြပါမည်။ ထို့အပြင် ကလေးငယ်များအား သယ်ဆောင်သည့် လက်တွန်းလှည်းကိုချိတ်ရန် ISOFIX ချိတ်များလည်းပါရှိမည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် ကမ္ဘာကျော် Ford ၏ ထင်ရှားလှသည့် Luxury SUV ဖြစ်သည့် Brand New Ford Explorer XLT တွင် အဆင့်မြင့်နောက်ဆုံး ပေါ်နည်းပညာများပါဝင်ပြီး လူအများစိတ်ဝင်စားသည့် ကားတစ်စီးလည်း ဖြစ်ပါသည်။

အဆိုပါကားကို အခုအခါမှာဆိုရင် Ford Myanmar မှ Monsoon Special Sale Promotion အဖြစ်သတ်မှတ်ပြီး USD 96,500 ဖြင့် အထူးဈေးနှုန်း သတ်မှတ်ကာ ရောင်းချပေးနေပြီဖြစ်ပါတယ်။

Brand New Ford Explorer XLT အား အသေးစိတ်လေ့လာလိုပါက – https://www.carsdb.com/my/brand-new/ford/explorer_xlt

Brand New Ford Explorer XLT ကို CarsDB မှ တဆင့်ဝယ်ယူချင်လို့ အသေးစိတ်စုံစမ်းလိုပါက 09 770 526 353 ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Author