၂ဝ၁၉ ခုနှစ်အတွက် ရွေးချယ်စရာ အကောင်းဆုံး ကားသစ်များ

0

Full article

နိုင်ငံတကာ ကားလောကမှာ ၂ဝ၁၉ ခုနှစ်အတွက် ရွေးချယ်စရာ အကောင်းဆုံးဖြစ်လာနိုင်တဲ့ ကားတွေကတော့ EVs (လျှပ်စစ်ကား) တွေ၊ Hybrids တွေ၊ SUVs တွေနဲ့ Sports တွေပါ။ ဒီအထဲကမှ ထပ်ပြီး ရွေးမယ်ဆိုရင်တော့ ၂ဝ၁၈ ခုနှစ်ဟာ SUVs တွေရဲ့ နှစ် ဖြစ်ခဲ့ပေမယ့် အခု ၂ဝ၁၉ ကတော့ လျှပ်စစ်ကားတွေရဲ့ နှစ် ဖြစ်လာမယ့်ပုံပါ။ EV နဲ့ hybrid ဘယ်ဟာပိုပြီး ရေပန်းစားမယ်ဆိုတာကတော့ ပြောလို့မရသေးပါဘူး။

Auto Express ကနေပြီး ရွေးချယ်ပေးထားတဲ့ ၂ဝ၁၉ မှာထွက်ရှိလာမယ့် အကောင်းဆုံး ကားတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ပုံစံ၊ အရည်အသွေး၊ ဈေးနှုန်းအပေါ်အခြေခံပြီး သင့်လျော်တဲ့ ကားအချို့ကိုပဲ ဖေါ်ပြပေးချင်ပါတယ်။ အားလုံးဟာ ၂ဝ၁၉ ခုနှစ်ထုတ် ကားတွေချည်းပါပဲ။

BMW X6

ဈေးနှုန်း – £63,000 ခန့်မှ စတင်
စတင်ဖြန့်ချိမည့်အချိန် – ၂ဝ၁၉ ခုနှစ် နှောင်းပိုင်း

BMW ရဲ့ all-new X6 ပါ။ Mercedes GLE Coupe နဲ့ Audi Q8 တို့နဲ့ အပြိုင်ထွက်ရှိလာတဲ့ BMW model လို့ဆိုနိုင်ပါတယ်။ အရင် model တွေထက် ပိုမိုကျယ်ပြန့်တဲ့ အတွင်းခန်းပါမယ်၊ ပိုပြီး ကောင်းမွန်တဲ့ မောင်းနှင်မှု စနစ်ပါမယ်၊  နောက်ပြီး ပိုမိုတောက်ပြောင်ပါတယ်။ ကားရဲ့အတွင်းပိုင်းမှာတော့ အစဉ်အလာ X5 ထက် သာလွန်တဲ့အရာတွေ အများအပြားပါဝင်လာပြီး dash ပေါ်က 10.25-inch touchscreen နဲ့ digital instrument cluster တွေကတော့ အမိုက်ဆုံးတွေလို့ ပြောလို့ရပါတယ်။ 6oobhp 4.4-litre twin-turbo V8 အင်ဂျင်နဲ့ပါ။

Ford Focus Active

ဈေးနှုန်း – £24,000 ခန့်မှ စတင်
စတင်ဖြန့်ချိမည့်အချိန် – ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ

ပုံစံကိုကြည့်လိုက်တာနဲ့ကို ၂ဝ၁၈ SUVs တွေရဲ့ ရေပန်းစားမှုဟာ hatchbacks တွေရဲ့ ဒီဇိုင်းအပေါ်မှာပါ သက်ရောက်မှုရှိတာ သိသာစေပါတယ်။ Ford ရဲ့ Active models တွေမှာ four-wheel drive မပါဝင်တဲ့အတွက် နေရာစုံတော့ သွားနိုင်မယ်မထင်ဘူး။ ခေတ်မီ မော်တော်ကား စနစ်တွေဖြစ်ကြတဲ့ autonomous emergency braking ၊ adaptive cruise control နဲ့ collision avoidance technology တွေကတော့ အစုံအလင် ပါဝင်ပါတယ်။

Honda CR-V Hybrid

ဈေးနှုန်း – £29,000 ခန့်မှ စတင်
စတင်ဖြန့်ချိမည့်အချိန် – ၂ဝ၁၉ ခုနှစ် နှောင်းပိုင်း

Honda ရဲ့ CR-V ဟာ မြန်မာနိုင်ငံမှာလည်း ရေပန်းစားတဲ့ model တစ်ခုပါပဲ။ Nissan ရဲ့ Qashqai ၊ Kia ရဲ့ Sportage တို့နဲ့အပြိုင်အဆိုင်ဖြစ်လာမယ့် Honda ရဲ့ CR-V Hybrid လို့ဆိုနိုင်ပါတယ်။ မိသားစုသုံး crossover တွေရဲ့ ပြိုင်ဆိုင်မှုပါ။ Motor အနေနဲ့ကတော့ 2.0-litre ဓါတ်ဆီ motor နဲ့ electric mortor generator တို့နဲ့ ဖွဲ့စည်းထားပြီး စုစုပေါင်း ပါဝါကတော့ 181bhp နဲ့ 315Nm of torque ထွက်ရှိမှာ ဖြစ်တယ်လို့ ဆိုထားတာပါ။

Mercedes EQC

ဈေးနှုန်း – £70,000 ခန့်မှ စတင်
စတင်ဖြန့်ချိမည့်အချိန် – ၂ဝ၁၉ ခုနှစ် နှောင်းပိုင်း

လျှပ်စစ်စွမ်းအင်သုံး SUVs တွေရဲ့ပြိုင်ပွဲထဲကို ဝင်ရောက်လာမယ့် Mercedes ရဲ့ အကောင်းစား model အမျိုးအစားလို့ဆိုနိုင်ပါတယ်။ EQC ဟာ Jaguar ရဲ့ I-Pace ၊ Tesla ရဲ့ Model X တို့နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ဖို့ 80kWh battery pack နဲ့ ပွဲထွက်လာတာပါ။ ဝင်ရိုးတစ်ချောင်းစီမှာ လျှပ်စစ် motor တစ်လုံးစီပါဝင်ပြီး 402bhp နဲ့ 765Nm of torque ရရှိအောင် အထောက်အပံ့ပေးနိုင်ပါတယ်။ 0 ကနေပြီး 62mph ကို 5.1 စက္ကန့်ထဲနဲ့ ရောက်အောင် အရှိန်တင်နိုင်တယ်လို့လည်း ဆိုထားတာပါ။

Nissan Juke

ဈေးနှုန်း – £15,000 ခန့်မှ စတင်
စတင်ဖြန့်ချိမည့်အချိန် – ၂ဝ၁၉ ခုနှစ် နွေရာသီ

၂ဝ၁ဝ ခုနှစ် ဝန်းကျင်လောက်ကတည်းကစပြီး Nissan Juke ရဲ့ ပုံစံဟာ တကယ်ကို လန်းပြီးသားပါ။ ရောင်းအားကောင်းတဲ့ ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ ပုံမှာတော့ ထွက်ရှိလာမယ့် Juke အသစ်ကို မြင်တွေ့ခံစားနိုင်မှာဖြစ်ပေမယ့် အရေးကြီးတဲ့ အပြောင်းအလဲတွေကတော့ ကားကိုယ်ထည်ရဲ့ အောက်မှာသာရှိနေတာပါ။ အဲဒါကတော့ Nissan ရဲ့ Micra မှာ တပ်ဆင်ပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့ platform တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ Hybrid ပါ ပါဝင်တဲ့ powertrain အတွက် ရွေးခြယ်စရာအသစ်တွေကတော့ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။

Toyota RAV4

ဈေးနှုန်း – £28,500 ခန့်မှ စတင်
စတင်ဖြန့်ချိမည့်အချိန် – ၂ဝ၁၉ ခုနှစ် အစောပိုင်း

Toyota ရဲ့ SUVs အမျိုးအစား all-new RAV4 ကတော့ Toyota Prius ကနေ ဆင့်ပွားရယူထားပြီး အဆင့်မြှင့်တင်ထားတဲ့ powertrains တွေနဲ့ ထွက်ရှိလာတော့မှာပါ။ လာမယ့် မတ်လမှာ ကျင်းပမယ့် New York Motor Show မှာ ပါဝင်ပြသမယ့် RAV4 အသစ်ဟာ ပုံစံအားဖြင့်တော့ ပိုပြီး ကြံ့ကြံ့ခံလာနိုင်မယ့်ပုံစံမျိုးနဲ့ဖြစ်ပြီး အနောက် cabin ဟာ ပုံစံဟောင်းတွေထက် ပိုပြီးရှည်လျားတဲ့အတွက် ပိုမိုကျယ်ဝန်းတဲ့ နေရာလွတ်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ပါဝင်တဲ့ 2.0-litre ဓါတ်ဆီ hybrid အင်ဂျင်နဲ့အတူ အနောက်ဝင်ရိုးပေါ်မှာရှိတဲ့ လျှပ်စစ်မော်တာကနေပြီး 4WD ရရှိနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Ref: Auto Express

Photo Credit to Auto Express

Author