Auto Express မှ ၂ဝ၁၆ ခုနှစ်အတွက် ရွေးချယ်ပေးလိုက်တဲ့ အကောင်းဆုံး ထိပ်တန်း ကားငယ်လေး ၁ဝ စီး

0

Full article

Ford Fiesta တို့ Vauxhall Corsa တို့လို ကားငယ်လေးတွေဟာ နှစ်စဉ် အရောင်းရဆုံးကားတွေရဲ့ ဇယားတွေထဲမှာ နေရာယူလျက်ရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီကားငယ်လေးတွေဟာ အကွေ့အကောက်များပြီး ကျဉ်းမြောင်းတဲ့ လမ်းငယ်လေး လမ်းသွယ်လေးတွေမှာ ကောင်းမွန်စွာ ဝင်ရောက်မောင်းနှင်နိုင်တာကြောင့်ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်တုန်းက UK မှာ မိသားစုစီး Five doors တွေ၊ စူပါမီနီကားလေးတွေဟာ အရောင်းသွက်ဆုံးဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ အတွင်းခန်းအကျယ်ဝန်းကို ပိုမိုဂရုစိုက်လာကြပါတယ်။

ကားငယ်လေးတွေရဲ့ အားသာချက်တွေဟာ မည်သည့်လမ်းမျိုးတွင်မဆို လွယ်ကူစွာမောင်းနှင်နိုင်ပြီး ဆီစားလည်းသက်သာကာ ဝိတ်နည်းပြီး သင့်တင့်ကောင်းမွန်တဲ့ အင်ဂျင်ကိုပိုင်ဆိုင်ထားခြင်းတို့ပဲဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ်အတွက် ကားဝယ်တော့မယ်ဆိုရင်တော့

ကားငယ်လေးတွေဟာ လူဦးရေနည်းတဲ့မိသားစုလေးအတွက်တော့ သင့်တော်ပြီး အခြား Five-door ဘော်ဒီစတိုင်တွေလို အတွင်းပိုင်းလည်းကျယ်ပြန့်ပါသေးတယ်။

ဒါ့အပြင် Euro NCAP ရဲ့ စမ်းသပ်ချက်တွေအရ အချို့ စူပါမီနီကားလေးတွေဟာ ဘော်ဒီကြီးတဲ့ အခြားမော်ဒယ်တွေထက်တောင် ပိုမို အန္တရာယ်ကင်းတယ်လို့အဖြေထွက်လာပါသေးတယ်။

ပါကင်ထိုးတဲ့အခါမှာလည်း အခြားကားတွေထက် လွယ်ကူစွာ ပါကင်ထိုးနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။

အခြား ဇိမ်ခံကားတွေနဲ့ယှဉ်ရင်လည်း ပိုမို ချိုသာတဲ့ဈေးနှုန်း နဲ့ ဆီစားမှုအားသက်သာတာကြောင့် စီးပွားရေအရလည်း တွက်ခြေကိုက်ပါသေးတယ်။ ဒါကြောင့် ကျွနု်ပ်တို့အနေနဲ့ ၂ဝ၁၆ခုနှစ်အတွက် ဝယ်ဖို့အသင့်ဆုံး မိသားစုအနည်းငယ်နဲ့ အိမ်စီးကားငယ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၂ဝ၁၆ ခုနှစ်အတွက် အကောင်းဆုံး ကားငယ်လေး ၁ဝ စီးကတော့

  1. VW Polo

2. MINI
3. Skoda Fabia
4. Ford Fiesta
5. Mazda 2
6. Suzuki Swift
7. Vauxhall Corsa
8. DS 3
9. Fiat Panda
10. Peugeot 208

စာဖတ်သူတို့ကော ဘယ်လိုထင်လဲဗျ။ ဘယ်ကားကို အကြိုက်ဆုံးလဲ။ စာဖတ်သူတို့ ကြိုက်နှစ်သက်ပြီး ဒီ top 10 စာရင်းထဲမှာထည့်သင့်တဲ့ စီးချင်တဲ့ ကားတွေရောမရှိဘူးလား။

Author