BENTLEY BENTAYGA 2017 Short Review

0

Full article

BENTLEY BENTAYGA 2017 short review

Quality, Performance နဲ့ Luxury အားလုံးပြည့်စုံတဲ့ကားတစီးကို ပြောပါ ဆိုရင် တကယ်ကိုမလွယ်ပါဘူး ဒီ review အတိုလေးထဲက ကား ကတော့အဲဒီအချက်တွေကို ထိမိစေတယ်လို့ ယုံကြည်ပါတယ်။ ဈေးနှုန်းနဲ့အသေးစိတ်အချက်အလက်တွေကိုတော့... ဖုန်းနံပတ် 09 777 8888 99 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အခုရိုက်ကူးရေးဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးပါသော YNTZ Car Sales Centre ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်း... #REDLINEmedia #CarReview #BentleyBentayga

Posted by Redline Media on Thursday, 27 August 2020

Quality ဆိုတာဘာလဲ ?
Performance ဆိုတာဘာလဲ ?
Luxury ဆိုတာဘာလဲ ?


ထိုင်ခုံတွေကိုကြည့်ကြည့်သားရေသားစစ်စစ်က နုအိနေတာပဲ အားလုံးက Ventilated Seats တွေဆိုတော့။

ပြီးတော့ Driving position ကအထာမကျစရာကိုမရှိဘူး ချိန်ညှိဖို့ခလုတ်တွေကိုပဲကြည့်၊
နောက်ထိုင်ခုံတွေကလည်း တူတူပဲ ကျနော်ထိုင်ခဲ့ဖူးတဲ့ နောက်ထိုင်ခုံတွေထဲမှာ သက်သောင့်သက်သာအရှိဆုံးပဲ၊ နောက်ကစီးမယ့်သူတွေအတွက် infotainment တစ်ခုစီပါတယ်။
နောက် cabin air-con နဲ့ massage function adjustment လုပ်ဖို့က နောက်မှာ touch screen ကလေးတစ်ခုပါတယ်။ ဆွဲထုတ်လို့လည်းရတယ်။
သားရေသားစစ်စစ် နွေးပြီးအိနေတဲ့ထိုင်ခုံတွေပေါ်မှာ air-con ရဲ့စိမ့်နေအောင်အေးတာနဲ့ပေါင်းလိုက်တော့ ရေခဲငုံထားတဲ့ ပါးစပ်ထဲကို ထည့်လိုက်တဲ့ လက်ညိုးလိုခံစားရတယ်။
အေးပြီးကို နွေးနေတော့တာပဲ။

Head room တွေ leg room တွေက ပြောနေစရာတောင်မလိုဘူး အကျယ်မှ အကျယ်ကြီး၊
မောင်းတဲ့သူအတွက်က အလန်းစား digital နဲ့ analog ပေါင်းထားတဲ့ driver display ပါမယ်။
ကိန်းကြီးခန်းကြီးနိုင်တဲ့ အင်္ဂလိပ်တွေရဲ့ ထုတ်ကုန်ဖြစ်တဲ့အတိုင်း classic style အပြင်အဆင်တွေပါမယ်။ ကားပေါ်မှာရှိတဲ့လူတိုင်းအတွက် ဘယ်နေရာပဲထိထိ soft touch ခံစားချက်ကို ရရှိစေမယ်။ နောက်ဆုံး ဘေးတံခါးမှာတောင်မှ soft touch ပဲ၊
တစ်ခုသတိထားမိတာက မှန်တင်မှန်ချ motor က ဘာသံမှကိုမကြားရဘူး၊ ငြိမ်နေတာပဲ၊ ဒါဟာလည်း quality ပါပဲ။


Infotainment ကကြီးတယ်၊ သုံးလို့လည်းလွယ်တယ်၊ response လည်းကောင်းတယ်၊
360 camera အပြင် တစ်စီးလုံးရဲ့ ပတ်ဝန်းကျင်ကို ဒီလိုမျိုး လိုသလို လှည့်ကြည့်လို့ရသေးတယ်။ Camera တွေက night version အနေနဲ့ အမှောင်ထဲမှာပါ ကြည့်လို့ရတာမျိုးပါ။
USB ပေါက်တွေ armrest တွေ ဖုန်းထားဖို့နေရာတွေက များလည်းများတယ်၊ ထားလို့အကောင်းဆုံးနေရာတွေမှာလည်းရှိနေတယ်။

Driving mode မျိုးစုံကိုလိုသလို အပြောင်းအလဲလုပ်လို့ရတဲ့အပြင်
Air suspension နဲ့ဖြစ်တာကြောင့် ကားအမြင့်ကိုလည်း လိုသလိုပဲချိန်လို့ရပါသေးတယ်
ဘီးတွေက  ရှိပြီး alloy design ကလည်း လုံးဝကို classic ၊ ground clearance ကတော့ လိုသလိုချိန်ညှိနိုင်တော့ အတိအကျမပြောတော့ဘူး၊ ဒါပေမဲ့ ရန်ကုန်ရေပြင်ကျယ်ကြီးအတွက်တော့ လုံးဝကို အေးဆေးပါပဲ။
နောက်ခန်းက Hand-free tailgate နဲ့ .. နောက်ပြီးအကျယ်ကြီးပဲ ပုံမှန်အနေအထားမှာတောင် 430 L အထိဝင်ဆံ့မှုရှိတယ်။
Bentley Bentayga မှာက ထူးထူးခြားခြား headlamps တွေကို ဆေးတဲ့ function ပါတယ်။
မီးတွေအားလုံးက အဆင့်မြင့် LED တွေနဲ့ဖြစ်ပြီး design ကလုံးဝ classic
တခြားကိုမကြည့်နဲ့ grille တွေကိုပဲကြည့် ဘယ်လောက်တောင် ခန့်ညားနေတယ်ဆိုတာ
ဒီ Bentley Bentayga 2018 က 6.0L W12 twin turbo engine နဲ့ ဒီ review မှာ 0-100 မောင်းပြလို့မရပေမဲ့ Bentayga တွေကတော့ သုံညကနေပြီး တစ်နာရီ ကီလို ၁၀၀ နှုန်းကိုရောက်ဖို့က 4-sec ပဲကြာတာပါ။
ဒါပေမဲ့ US consumer တွေရဲ့အသံအရတော့ ဆီစားနှုန်း ပျမ်းမျှ 12 kpl ရတဲ့အတွက် ဒါဟာ အံ့သြစရာပါပဲ

ဒါဆိုရင် quality ၊ performance နဲ့ luxury ဆိုတာဘာလဲဆိုတဲ့မေးခွန်းအတွက် တစ်ခုခုတော့ ခံစားမိမယ်လို့ မျှောလင့်ပါတယ်။
အရေးကြီးတာတစ်ခုကျန်နေပါတယ် ဈေးနှုန်းပါ။
ဒီ Bentley Bentayga ရဲ့ဈေးနှုန်းကိုတော့ ဒီ short review လေးထဲမှာ ထည့်မပြောတော့ပါဘူး ဒီကားရိုက်ကူးဖို့အတွက် ပံ့ပိုးကူညီပေးတဲ့ YNTZ car sales centre ကို ဖုန်းနံပတ် (၀၉ ၇၇၇ ၈၈၈၈ ၉၉) ကနေပဲဖြစ်ဖြစ် Facebook Page ကနေပဲဖြစ်ဖြစ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Author