BAIC D50 2020 Review

0

Full article

ဒီတစ်ပတ်မိတ်ဆက်ပေးမယ့်ကားလေးကတော့ BAIC D 50 2020 ထုတ်လေးပါ
ဈေးနှုန်းကတော့ ၂၇၉ သိန်းကျသင့်မှာဖြစ်ပါတယ်။
D 50 က D 70 ထက်မျက်နှာပိုသေးသွားပြီးတော့ Grill ကတော့ ကြည့်ရတာခန့်ညားမှုရှိတယ်။
Halogen headlamps က intelligent မဖြစ်သေးဘူး။
Daylight က LED နဲ့ ဒီအောက်မှာပါ။ ၁၆ လက်မဂွေနဲ့ ground clearance က ၅ လက်မရှိတယ်။
နောက်မီးကတော့ LED Combination Lamp နဲ့ ကြည့်ရတာ လှတယ်လို့မြင်တယ်။
အောက်မှာ Exhaust ကတစ်ပေါက်ပဲပါတယ်Seat leather ကအတုပဲ seat motor မပါဘူး အပူအအေးစနစ်မပါဘူး ၇ လက်မရှိတဲ့ digital driver display ရဲ့ cover ကတော့ leather နဲ့ ပြီးတော့ meters က analog နဲ့ပဲကြည့်လို့ရမယ်။
Dash book နဲ့ တံခါးဘောင်က plastic သားကတော့ quality ကောင်းတယ်။
Leather Dark wood trim ပုံစံလေးကိုလည်းကြိုက်တယ်။ sunroof က panoramic မဖြစ်ဘူး
Electronic hand brake ၉ လက်မ infotainment screen က Apple CarPlay နဲ့ Android Auto တော့မပါဘူး OS ကတော့ Android OS နဲ့ပဲ ရှေ့မှာ USB နှစ်ပေါက်နဲ့ နောက်မှာ တစ်ပေါက်ပါတယ်
entertainment အတွက်က speaker က ၆ လုံးပါတယ်။
နည်းပညာပိုင်း feature ပိုများပြီးတော့ သုံးထားတဲ့ material quality က ကောင်းတယ် Boot အဖွင့်အပိတ်က manual နဲ့ပဲ အကျယ်ကတော့ ၄၀၅ liter ကျယ်တယ်
Airbag က ရှေ့မှာ နှစ်လုံးဘေးမှာနှစ်လုံးပါတယ်
တစ်ခြား feature တွေကတော့ Blind spot - 360 camera - Lane departure - Cruise control - 9.1 esp technology Bosch ဆိုတဲ့အတွက် emergency brake assist လိုမျိုးကလွဲရင် ကျန်တာအကုန်ပါတယ်။
Driving
D 50 က ရှေ့ယက် ပဲ 6-speed semi automatic transmission က Sport mode gear နဲ့ပါ မောင်းလို့ရတယ် 1.5 liter ဓါတ်ဆီအင်ဂျင်ရဲ့  Max Hp က 114Hp နဲ့ Max torque က 148Nm
suspension ကတော့ ရှေ့မှာ McPherson နောက်မှာ Coil Spring
ဆီစားနှုန်းကတော့ 16 km per liter ရှိတယ်။
ဒီတိုင်းမောင်းရင်တော့ အထနှေးတယ်။
manual နဲ့ မောင်းရင်တော့ အထနှေးတာက သိသိသာသာ မရှိတော့ဘူး
BAIC D50 2020 ကို 0 to 100 စမ်းကြည့်တဲ့အခါမှာလည်း 15 sec အတွင်းရောက်တာကြောင့် မြို့တွင်းပတ်လည်မောင်းနှင်ဖို့အတွက် မဆိုးပါဘူး။

နောက်ဆုံးခြုံငုံသုံးသပ်ရရင် စတီယာရင်ထိန်းချုပ်ရတာ တိကျတယ်၊ ပေါ့ပါးတယ်၊ Cruise Control ၊ Lane Departure ၊ Electric Parking Brake ဒီလိုမျိုး Feature လေးတွေပါလာတဲ့အတွက် မောင်းရတာကောင်းတယ်။ ပြီးတော့ အတွင်းခန်းထဲမှာသုံးထားတဲ့ Material Quality က ကားရဲ့ဈေးနှုန်းနဲ့ယှဉ်မယ်ဆိုရင် တန်တယ်လို့ သုံးသပ်မိတယ်။ အားနည်းချက်လေးတွေကတော့ Round Air-Con မဖြစ်တာတို့၊ Infotainment က Apple CarPlay ၊ Android Auto တို့မပါတာတို့၊ Seat Motor မပါတာတို့ ဒီလိုမျိုးအားနည်းချက်လေးတွေတော့ရှိတယ်။ ဒါပေမဲ့ မိသားစုကျယ်ကျယ်ဝန်းဝန်းနဲ့ စီးနိုင်မယ့် Family Sedan ကားလေးကို ဈေးနှုန်းသက်သက်သာသာနဲ့ Brand New ထဲက ရွေးချယ်ဝယ်ယူမယ်ဆိုရင် BAIC D50 2020 ကို Recommend ပေးချင်ပါတယ်။

Author