Virtual Cockpit ဆိုတဲ့အတိုင်း ကားရဲ့ ယာဉ်မောင်းခန်းတစ်ခုလုံးကို ပဲ့ထိန်းခန်းတစ်ခုကဲ့သို့ ပြောင်းလဲထားတာဖြစ်ပါတယ်.။ Nividia ရဲ့ 3D အထောက်အပံ့ပါဝင်တဲ့ Display ၂ ခုတည်ဆောက်ပါဝင်ပြီး အလည်ပိုင်းမှာလဲ Programable ခလုတ် 8 ခုပါဝင်တဲ့ Console တစ်ခုကိုတွေ့မြင်နိုင်ပါတယ်.။ လိပ်စာထည့်သွင်းရာမှာ ပိုမိုမြန်ဆန်စေခြင်း၊ Menu တွေကို လျှင်မြန်စွာ သုံးစွဲစေနိုင်ခြင်းတို့အတွက် Touchpad တစ်ခုလဲပါဝင်ပါတယ်.။ Google Voice Reconizing ပါဝင်တဲ့အတွက် အသံနဲ့အမိန့်ပေးပြီး ဖုန်းခေါ်ခြင်း၊ ဖုန်းပြောခြင်း၊ လိပ်စာမေးခြင်း၊ သီချင်းပြောင်းခြင်း စသည်တို့ကိုလဲ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..။ HD Tablet 2 ခုလဲ ပါဝင်မှာဖြစ်ပြီး အပြင်ကို ယူဆောင်ကာ iPad သဖွယ်လဲ အသုံးပြုနိုင်ပါသေးတယ်.။ Audi ရဲ့ နည်းပညာအသစ်ကို လက်တွေ့ကားပေါ်မှာ စမ်းသပ်အသုံးမပြုရသေးပေမယ့် ဓါတ်ပုံများမှတဆင့်ကြည့်ရှုခံစားနိုင်အောင် ပုံများတင်ပေးထားပါတယ်.။
Aung Mon Chan
www.myanmarcarsdb.com
Photo Credit: Autoblog