Audi Q3 ရဲ့လျှပ်စစ် ဘုတ်ပြားအရှည် နဲ့ ထူးခြားတဲ့ Concept

0

Full article

Audi Q3 အနေနဲ့ ထူးခြားတဲ့ concept features တွေနဲ့ ပေကျင်း ကားပြပွဲတွင် မိတ်ဆက်လာခဲ့ပြီး လျှပ်စစ် ဘုတ်ပြားရှည်တစ်ခုကိုလည်း ကားရဲ့ အနောက် Bumper အံဝှက်ထဲတွင် ထည့်သွင်းပါရှိလာပါတယ်။

ထိုလျှပ်စစ် ဘုတ်ပြားဟာ ကာဗွန်ဖိုက်ဘာ နဲ့ အလူမီနီယံကို အသုံးပြုတည်ဆောက်ထားတာဖြစ်ပြီး ကားအနောက်Bumper ကဆွဲထုတ်လိုက်တာနဲ့ အလိုအလျောက်အားပြန်သွင်းမည်ဖြစ်ပြီး အားပြန်ပြည့်တာနဲ့ တစ်နာရီကို ၃ဝ ကီလိုမီတာ နှုန်း အမြင့်ဆုံးမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ထိုဘုတ်ပြားကိုပဲ အသုံးပြုပြီး ကားရဲ့ infotainment system မှ မောင်းနှင်သူအတွက် ကားလမ်းကြပ်တာနဲ့ ပက်သက်ပြီး သတင်းအချက်အလက်တွေထုတ်ပေးနိုင်တာကြောင့် လိုရာခရီးကို အမြန်ဆုံးလမ်းနဲ့ ရောက်အောင်သွားဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကားရပ်နားတဲ့အခါမှာလည်း အနီးဆုံးကားပါကင်နေရာကိုရှာဖွေနိုင်ဖို့လည်း ကူညီပေးပါသေးတယ်။

အစီရင်ခံစာတွေအရ ထိုဘုတ်ပြားရှည်အနေနဲ့ လက်ကိုင်တန်းပါတဲ့ scooter အနေနဲ့ အသုံးချလို့ရသလို လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်ပြီး လမ်းကြောင်းတွေကိုလည်းကြည့်လို့ရပါသေးတယ်။ ဒါ့အပြင် ဘုတ်ပြားရဲ့ လက်ကိုင်တန်းတွေကို ခေါက်ပြီး အရှိန်ကိုလည်း ထိန်းချုပ်နိုင်ပါသေးတယ်။

ဒီဘုတ်ပြားဟာ cargo mode အနေနဲ့ထားပြီး လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်လိုက်တာနဲ့ ပိုင်ရှင်ရဲ့ နောက်ကို သူ့အလိုလို ထပ်ကြပ်မကွာလိုက်နိုင်တာကြောင့် အခြားကားတွေနဲ့မတူတဲ့ ထူးခြားတဲ့ concept တစ်ခုအနေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Credit – Sam Rawlings
Detail Static photo Detail Static photo Static photo

Author