Full article

Audi ရဲ့ မျက်နှာပန်းလှပြီး အထင်ကရဖြစ်တဲ့ Audi A8 2014 ကို ဂျပန်နိုင်ငံရဲ့မော်တော်ယာဉ်တင်သွင်းမှုလောကတွင် ဈေးကွက်ချဲ့ထွင်နိုင်ရန် A8 3.0/4.0 model တို့ကိုအခြေခံပြီး 5.5 model ကို ဂျပန်တစ်နိုင်ငံတည်းအတွက် ပွဲဦးထွက် မိတ်ဆက်ပေးလိုက်ပါတယ်။ Audi ရဲ့ ဝယ်ယူအားပေးသူပရိတ်သတ်တွေ တောင်းဆိုမှုအရ Audi A8 5.5 မော်ဒယ်ဟာ နောက်ဆုံးပေါ်နည်းပညာများနှင့် ကမ္ဘာ့အဆင့်မီကားတစ်စီးအဖြစ် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ မော်ဒယ် အမည် 5.5 ဖြစ်ပေါ်လာပုံကတော့ 5 (five) Go နှင့် 0.5(Half) Han နှစ်ခုပေါင်း ဂျပန်ဘာသာစကားအဖြစ် ဂိုဟန် အဓိပါယ်ကတော့ ထမင်းဖြစ်ပါတယ်။

ဂျပန်တွေရဲ့ ထမင်းစားခြင်း အလေ့အထကို အခြေခံပြီး Audi A8 5.5 ဟာ အနောက်ခုံတွင် ထမင်းပေါင်းအိုး ပါဝင်သည့် ကမ္ဘာ့ပထမဆုံးကားအမျိုးအစားဖြစ်လာပါတယ်။ ဒီ ထမင်းပေါင်းအိုး ဟာ Audi A8 ရဲ့ 435PS/600Nm ရဲ့ထူးခြားတဲ့ လုပ်ဆောင်ချက်ကို အခြေခံပြီး သီးသန့် ဒီဇိုင်းထုတ်လုပ်ထားတာပါ။ Hagama လို့ဂျပန်လိုခေါ်တဲ့ ဂျပန်ရိုးရာ ထမင်းချက်အိုးထဲကို core မှတစ်ဆင့် အပူစီးခြင်းဖြင့် ထမင်းချက်နိုင် တဲ့နည်းပညာကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

နည်းပညာသစ်နှင့် အစားအသောက်ကောင်းကြိုက်သူများအတွက် ခေတ်မီဆန်းပြားတဲ့ စတိုင်နဲ့အတူ menu ကို ထိတွေ့ရွေးချယ်လို့ရတဲ့ မျက်နှာပြင်၊ ကားပိုင်ရှင်အနေနဲ့ ထမင်းချက်နည်းအမျိုးမျိုးကိုလည်း ရွေးချယ်နိုင်တဲ့ နည်းပညာလည်းပါဝင်ပါသေးတယ်။ Audi ရဲ့ ပြန်လည်ဆန်းသစ်လိုက်တဲ့ နည်းပညာသစ်ကြောင့် ကားပိုင်ရှင်တွေအနေနဲ့ မိမိတို့ ကြိုက်နှစ်သက်တဲ့ အရသာအတိုင်း ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။

Audi ရဲ့ ဆန်းသစ်တီထွင်လိုက်တဲ့ ကိုယ်ထည်ဒီဇိုင်း နဲ့ အတွင်းခန်းဒီဇိုင်းတွေကို ဂျပန်နိုင်ငံရဲ့ ရာသီဥတုနဲ့ အံဝင်ခွင်ကျဖြစ်အောင် တီထွင် ဖန်တီးထားပြီး 2990mm ရှည်လျားတဲ့ wheelbase အတွင်းဖွဲ့စည်းပုံဟာ tatami နဲ့ဒီဇိုင်းထွင်ထားတာကြောင့် ဂျပန်နိုင်ငံရဲ့ မြင့်မားတဲ့ အပူချိန်မှာသာမက စိုစွတ်တဲ့ လမ်းတွေပေါ်မှာပါ အထူးသင့်လျော်ပါတယ်။

audi.jp မှကူးယူ ဘာသာပြန်သည်။

Author