Aston Martin ရဲ့ Vanquish Zagato ခေါင်မိုး ပွင့်ကားလေး

0

Full article

Aston Martin မှ ယခုနှစ် အစောပိုင်းတွင် ထုတ်ဖော်ပြသလိုက်တဲ့ Vanqish Zagato ကားအမျိုးအစားတွေရဲ့ နောက်ဆက်တွဲအဖြစ် Aston Martin Vanquish Zagato Volante ကို ယခုတစ်ပတ်အတွင်း Pebble Beach မှာထုတ်ဖော်ပြသလိုက်ပါတယ်။

အဲ့ဒီ ပြပွဲတွင် Aston Martin ရဲ့ပြောပြချက်အရ Customer တွေဟာ ယခင်က ၉၉စီးသာ ထုတ်လုပ်ခဲ့တဲ့ Vanquish Zagato ကားများကို အကြိုက်တွေ့ပြီး စိတ်ဝင်စားနေတာကြောင့် အမိုးမပါတဲ့ Vanquish Zagato Volante ကို နောက်ဆက်တွဲအနေနဲ့ ဆက်လက်ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

Volante ဆိုရဲ့ ဆိုလိုရင်းဟာ အီတလီဘာသာတွင် ပျံသန်းနေခြင်း လို့ ဘာသာပြန်ဆိုလို့ရရပြီး ကားရဲ့ ပုံပန်းသွင်ပြင် ဒီဇိုင်းအချို့ ဥပမာ ထူးခြားတဲ့ နောက်မီးလုံးပုံစံတွေက Aston Martin Vulcan supercar ဆီက အတုယူတည်ဆောက်ထားတာဖြစ်ပါတယ်။ အင်ဂျင်ပိုင်းအနေနဲ့ V12 အင်ဂျင် မြင်းကောင်ရေ ၅၉၂ အားနှင့် ၃.၁ စက္ကန့်အတွင်း 0-60 mph ပြေးပါတယ်။ ဘော်ဒီတစ်ခုလုံးကိုတော့ ကာဗွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားတာပါ။

တန်ဖိုးအနေနဲ့ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့် နောက်နှစ်ထဲမှာ ဈေးကွက်ထဲသို့ အရောက်ပို့မယ်လို့တော့ ကြေငြာထားပါတယ်။

Author