အသစ်ထုတ်လုပ်မည့် လျှပ်စစ်ကားသည် Sedan အမျိုးအစားဖြစ်ပြီး Aston Martin Rapide S ပေါ်တွင် အခြေခံ၍ ထုတ်လုပ်ထားသောကားတစ်စီးဖြစ်သည်.။ ဈေးကွက်တင်ရောင်းချမည့် အချိန်ကာလကို အတိအကျဖော်ပြခြင်းမရှိသောလည်း (၂) နှစ်အတွင်း ဈေးကွက်တင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သူကဆိုသည်.။ မြင်းကောင်ရေ 1000 အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သော Super Sedan အမျိုးအစားဖြစ်သည်.။
MyanmarCarsDB မှ Sedan ကားများကိုကြည့်ရန်
လျှပ်စစ်ကား၏ ဈေးနှုန်းကို အတိအကျမဖော်ပြသော်လည်း Rapide S ၏ ဈေးကွက်တင်ရောင်းချသော ဈေးနှုန်းမှာ $200,000 ဖြစ်သောကြောင့် လျှပ်စစ်ကား၏ ဈေးနှုန်းမှာ $300,000 ခန့်ရှိမည်ဟု ခန့်မှန်းထားသည်.။
လတ်တလောဈေးကွက်အတွင်း ထုတ်လုပ်ပြီးဖြစ်သော Tesla လျှပ်စစ်ကား Model S ၏ ဈေးနှုန်းမှာ $120,000 ဖြစ်သည်.။ Aston Martin မှ ထုတ်လုပ်သောကားများကို လတ်တလောတွင် V8 နှင့် V12 အင်ဂျင်များ တပ်ဆင်အသုံးပြုထားပြီး ယခုလျှပ်စစ်ကား၏ အခြေခံကားဖြစ်သော Rapide S သည် မြင်းကောင်ရေ 550 ကောင်အားအထိ ထုတ်လုပ်ပေးနိုင်သည်.။ Rapide S သည် 0 – 60 mph ကို 4.7 စက္ကန့်အတွင်း ရောက်ရှိနိုင်သည်ကို တွေ့ရသည်.။
ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးများမှ လောင်စာဆီချွေတာနိုင်၍ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသော လျှပ်စစ်ကားများကို ထုတ်လုပ်လာခဲ့ရာ Audi ၏ R8, Marcedes ၏ SLS တို့ကိုလဲ လျှပ်စစ်ကားများအဖြစ် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်.။
Ref: Business Insider
Aung Mon Chan
www.myanmarcarsdb.com
No. 1 Car Site in Myanmar