Toyota ၏ ဈေးနှုန်းသင့် ညီနောင်ကားနှစ်စီး Allion နှင့် Premio (၂ဝ၁၁ နှင့် ၂ဝ၁၂ မော်ဒယ်)

0

Full article

ဒီတပတ်မှာတော့ သိန်းလေးရာနှင့် ငါးရာအကြား သုံးနိုင်ပြီး ဂျပန် Toyota ကားအမျိုးအစားကို ဝယ်စီးရန် စိတ်ဝင်စားသူများအတွက် Toyota Sedan class အမျိုးအစား ကားနှစ်စီးဖြစ်သည့် _ Toyota Allionနှင့် _ Toyota Premio ကားနှစ်စီးကို မိတ်ဆက်ဖော်ပြပေးချင်ပါသည်။ ကားနှစ်စီးစလုံးကို Toyota က ၂ဝဝ၁ ခုနှစ် မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး တစ်ကမ္ဘာလုံးမှ Toyota ကားသဘောကျကြိုက်နှစ်သက်သူများအကြား အလွန် ရေပန်းစားလှသည့် ကားအမျိုးအစားများဖြစ်ပါသည်။ အဆိုပါကားနှစ်စီးမှာ Toyota အတွက်တော့ အမွှာညီ နောင်ကားနှစ်စီးလိုဖြစ်နေပြီး နှစ်ကားထဲက တစ်ကားကို ရွေးချယ်ရမည်ဆိုပါကလည်း ခက်ခဲမည်သာဖြစ် သည်။ ကားနှစ်စီးစလုံးတွင်ပါဝင်သော အစိတ်အပိုင်းများမှာ များစွာတူညီပြီး ကွဲပြားခြားနားချက်အနည်း ငယ်သာရှိပါသည်။ ယခုဆောင်းပါးတွင်တော့ အဆိုပါကားနှစ်စီး (၂ဝ၁၁/၂ဝ၁၂မော်ဒယ်)၏ ကွဲပြားခြားနား ချက်များကို အနုစိတ်နှိုင်းယှဉ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Allion အင်ဂျင်အတွင်းခန်း

Premio Engine အတွင်းခန်း

အင်ဂျင်နှင့် စွမ်းဆောင်ရည်
_ Premio Car_တွင် ၁၈ဝဝ စီစီအင်ဂျင်အမျိုးအစားတပ်ဆင်ထားသဖြင့် စွမ်းဆောင်ရည်မြင့်သော ကားတစီ်း ဖြစ်ပါသည်။ အင်ဂျင်ကနေ မြင်ကောင်ရေအား ၁ဝ၉ ထုတ်လုပ်ပေးနိုင်ပြီး အမြန်ဆုံးနှုန်းမှာ တစ်နာရီကို ၁၈၅ ကီလိုမီတာရှိပါသည်။ Toyota Allion တွင်လည်း ၁၈ဝဝ စီစီအင်ဂျင်အမျိုးအစားဖြစ်ကာ မြင်းကောင် ရေအား ၁ဝ၉ ရှိသော်လည်း တစ်နှစ်ရီကို မိုင် ၁၈ဝ ကီလိုမီတာသာ သွားနိုင်သဖြင့် မြန်နှုန်းဖြင့် နှိုင်းယှဉ် ဖော်ပြရလျှင် Premio က Allion ထက် နှာတစ်ဖျားနည်းနည်းသာနေသည်ဟု ဆို၍ရနိုင်ပါသည်။

Allion ၏အပြင်ပန်းသွင်ပြင်

Premio ၏အပြင်ပိုင်းသွင်ပြင်

ကိုယ်ထည်

ကားနှစ်စီးသည် ကိုယ်ထည်ပိုင်းမှာလည်း အနည်းအကျဉ်း ကွာခြားချက်ရှိပါသည်။ Allion ကား၏ အလျားမှာ ၁၇၉ .၇ လက်မ၊ အနံမှာ ၆၆.၇ လက်မနှင့် အမြင့်မှာ ၅၈.၁ လက်မဖြစ်သဖြင့် sedan အမျိုးအစား ကားများအနက် ကိုယ်ထည်မသေးလှသည့် ကားမျိုးဖြစ်ပါသည်။ သို့သော် Allio သည် အလျား ၁၈၁.၁ လက်မ၊ အနံ ၆၆.၇၃ လက်မနှင့် အမြင့် ၅၈.၂၇ လက်မတို့ရှိသော Premio ကားဖြင့် နှိုင်းယှဉ်လျှင်တော့ အနည်းငယ်ကြီးနေပါသည်။ သို့သော် ကားနှစ်စီးစလုံးမှာ အလေးချိန်အားဖြင့် (၁၁၇ဝ ကီလိုဂရမ်) အတူတူ ပင်ဖြစ်သည်။ ထို့ကြောင့် ပိုကြီးသည့်ကားကိုလိုချင်ရင်တော့ Allio ထက်စာလျှင် Premio ကိုသာ၍ ရွေးချယ် သင့်ပါသည်။

Allion ၏အနောက်ဘက်ဒီဇိုင်းသွင်ပြင်

Premio ၏အနောက်ဘက်ဒီဇိုင်းအသွင်အပြင်

အပြင်ပန်း
အပြင်ပန်းပုံစံအားဖြင့်တော့ ကားနှစ်စီးစလုံးမှာ တူညီသရောင်ရှိပါသည်။ Allion ၏ ရှေ့မီးကြီးဆိုလျှင် စမ်းသစ်သောဒီဇိုင်းဖြင့် တပ်ဆင်ထုတ်လုပ်သည့်အတွက် မီးထိုးအားကောင်းသည့် ပုံစံမျိုးရှိနေသည်။ ထို့အ ပြင် sporty ပုံစံမျိုးဖြင့် ကြွကြွလေးဖြစ်နေသည့်အတွက် လူငယ်များအပေါ် ဆွဲဆောင်နိုင်သည့် ကားတစ်စီး ဖြစ်ပါသည်။ Premio ကတော့ ဂန္တဝင်ဝင်ဆန်သည့် ဒီဇိုင်းမျိုးရှိပြီး မိသားစုစီးလျှင် သင့်တော်သည့် sedan ကားပုံစံမျိုးဖြစ်သည်။ အထူးသဖြင့် ကားဘေးနှစ်ဖက်ခြမ်း၏ ဒီဇိုင်းကတော့ ကြွားကြွားရွားရွားရှိကာ ကြည့် ကောင်းလှပါသည်။ သို့ဖြစ်ရာ Sporty အမျိုးအစားကို စိ်တ်ဝင်စားလျှင်တော့ Allion ကိုသာ ရွေးချယ် သင့်ပါ သည်။ သို့မဟုတ်လျှင်တော့ ကားနှစ်စီးစလုံး၏ ဒီဇိုင်းမှာ များများစားစား ကွဲပြားခြားနားမှုရှိမည်မဟုတ်ပါ။

Allion ၏ အတွင်းပိုင်းဒီဇိုင်း

Premio ၏အတွင်းပိုင်းဒီဇိုင်း

အတွင်းပိုင်း
ကားနှစ်စီးလုံး၏ အတွင်းပိုင်းကို နှိုင်းယှဉ်လျှင်လည်း ကွဲပြားခြားနားမှု ထွေထွေထူးထူးမရှိလှပါ။ ကားနှစ်စီး တွင်ပါဝင်သော ဖျော်ဖြေရေးအစိတ်အပိုင်းများ၊ အဆင့်မြင့်နည်းပညာသုံးထိန်းချုပ်မှုများအားလုံးနီးပါးမှာ အတူတူလောက်ဖြစ်နေပြီး အတွင်းခန်းအကျယ်အဝန်းမှာလည်း ထပ်တူကျပါသည်။ ကားနှစ်စီးစလုံးမှာ သက်သောက်သက်သာရှိလှပြီး လူ ၅ ဦးအထိ စီးနင်နိုင်ပါသည်။
ယင်းကားနှစ်စီးကို ကမ္ဘာနှင့်အဝန်း Toyota ၏ ဇိမ်ခံကားညီနောင်နှစ်ဦးအဖြစ်လူသိများကြပြီး သုံးစွဲသူ ဦးရေမှာလည်း အလွန်များသည်ဖြစ်ရာ ၂ဝ၁၇ အထိ ဆက်လက်ထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် တော့ အဆိုပါကားနှစ်စီးစလုံး၏ တန်ဖိုးမှာ သိန်း ၄၅ဝ ပတ်ချာလည်လောက် (၂ဝ၁၁/၂ဝ၁၂မော်ဒယ်) ဈေးရှိသဖြင့် တန်ဖိုးနည်း ကားမဟုတ်သလို တန်ဖိုးသိပ်ကြီးလှသည့် ကားအမျိုးအစားမဟုတ်ပေ။ သို့သော် ယင်းထက်မော်ဒယ်နိမ့်သည့် ကားများဆိုလျှင်တော့ (မြန်မာနိုင်ငံကားဈေးကွက်တွင်များစွာမရှိပါ။) တန်ဖိုး မှာ မော်ဒယ်အလိုက် အဆင့်ဆင့်နည်းပါးသွားပါသည်။ ထို့ကြောင့် ကွဲပြားခြားနားမှုအနည်းငယ် သာရှိသည့် Toyota ၏ Aillion နှင့် Premio တို့မှာ တစ်ကိုယ်ရည် သုံးပဲဖြစ်ဖြစ်၊ မိသားစုအတွက်ပဲဖြစ်ဖြစ် တန်ဖိုး သိပ်ကြီးကြီးမပေးရဘဲ ဇိမ်ကျကျစီးနိုင်သော ကားနှစ်စီးပင် ဖြစ်ပါကြောင်း။

Author