၂ဝ၁၆ ခုနှစ် Geneva Motor Show ရဲ့ A to Z အစဉ်လိုက် စီထားတဲ့ ကားအသစ်များ (အပိုင်း ၁)

0

Full article

ဆောင်းဦးရာသီရဲ့ အကြီးကျယ်ဆုံး ကားပြပွဲကြီးဖြစ်တဲ့ ၂ဝ၁၆ Geneva Motor Show ကြီးဟာ မတ်လ ၁ရက်နေ့မှ စတင်လိုက်ပြီး လာမယ့် ၁၃ ရက်နေ့ တနင်္ဂနွေနေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

ဒီပွဲမှာဆိုရင် နာမည်ကြီး ကားမဂ္ဂဇင်းတွေဟာ နောက်ထွက်ရှိလာမယ့် ကားသစ်တွေကို စာရင်းပြုစုဖို့အတွက် အစုအရုံးရောက်ရှိလာပြီး နာမည်ကြီး ကားကုမ္မဏီတွေမှလည်း အထင်ကရဖြစ်မယ့် ကားမော်ဒယ်အသစ်တွေကိုလည်း အပြိုင်အဆိုင်မိတ်ဆင်ကြပါတယ်။ ဒါ့အပြင် ကား နှင့် အခြား ကားနှင့် ဆက်စပ်လျက်ရှိသော အပိုပစ္စည်းများကိုလည်း တစ်နေရာတည်မှာ အစုံအလင် ဝယ်ယူရရှိလို့ အထူးလူစည်ကား နာမည်ကျော်ကြားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

ဒါကြောင့် ယခုပွဲမှာထုတ်ဖော်ပြသလိုက်တဲ့ ကားအသစ်တွေကို A-Z စဉ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ABARTH

124 Spider

ပြိုင်ကားအမျိုးအစား Turbo အင်ဂျင်နဲ့ Fiat 124 roadster ရဲ့ ဗားရှင်းအသစ်ပါ။ ဈေးနှုန်းက တော့ ပေါင် ၂၉၅၆၅ ပါ။

ALFA ROMEO

Giulia

အင်ဂျင်ကို ပိုမို အသေးစိတ်ကျကျ တည်ဆောက်ပေးထားပြီး BMW 3 seiries တွေကို ပုခုံးချင်းယှဉ်နိုင်တယ်လို့ ကြေငြာလိုက်ပါတယ်။ ကားတန်ဖိုးကတော့ ပေါင် ၂၆ဝဝဝ မှစမယ်လို့ ခန့်မှန်းရပါတယ်။

Giulietta

Alfa Romeo ရဲ့ မျက်နှာပန်းလှစေမယ့် ဘယ်အချိန်ကြည့်ကြည့် ခေတ်ရှေ့ပြေးနိုင်မည့် Hatchback အမျိုးအစားပဲဖြစ်ပါတယ်။ ကားရဲ့တန်ဖိုးကတော့ ဒေါ်လာ ၂၈ဝဝဝ ပါ။

ARASH

AF10

ပေါင် ၁.၁ သန်းတန် တန်ဖိုးကြီး ပြိုင်ကားဖြစ်ပြီး Brake Horsepower 2080 ဖြစ်ပါတယ်။

ASTON MARTIN

DB11

ပုံမှန် DB9 မော်ဒယ် အတွဲတွေနဲ့မတူပဲ Brake မြင်ကောင်ရေအား ၆ဝဝ တပ်ဆင်ထားတဲ့ ကမ္ဘာ့အထင်ကရ ပွဲဦးထွက်ကားပါ။ တန်ဖိုးအနေနဲ့ ဒေါ်လာ ၂၁၄၈၂ဝ လို့ သတ်မှတ်ထားပါတယ်။

AUDI

Q2

ဂျာမနီနိုင်ငံ Ingolstadt မြို့ရဲ့ ဖူးသစ်စ SUV အမျိုးအစားတွေထဲက တစ်ခုပါပဲ။ တန်ဖိုးအနေနဲ့ ပေါင် ၂၂ဝဝဝ ဝန်းကျင်မှာရှိပါတယ်။

S4 Avant

Audi ရဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ A4 ကို အခြေခံထားတဲ့ မျိုးဆက်သစ်ကလေးပါပဲ။ တန်ဖိုးအနေနဲ့ ဒေါ်လာ ၂၉၅ဝဝ လို့ သတ်မှတ်ထားပါတယ်။

BENTLEY

Mulsanne

ဒေါ်လာ ၄ဝဝဝဝဝ တန် နောက်ဆုံးထွက် ဇိမ်ခံ စလွန်း အမျိုးအစားဖြစ်ပါတယ်။

BMW

M760Li xDrive

BMW ရဲ့ 7-series တွေထက် ပိုမြန်တဲ့ ကားမော်ဒယ်အသစ်ပဲဖြစ်ပါတယ်။ တန်ဖိုး ပေါင် ၁၄၅၂ဝဝ လို့ခန့်မှန်းထားပါတယ်။

BUGATTI

Chiron

သိပ်ကို ကြီးကျယ်ခမ်းနားတဲ့ သတင်းတစ်ပုဒ်အဖြစ်ပြန့်နှံ့နေဆဲပါ။ ဒေါ်လာ ၂.၆ သန်းတန် ကမ္ဘာ့အမြန်ဆုံးကားအဖြစ် မိတ်ဆက်ထားပါတယ်။

CITROEN

SpaceTourer Hyphen

Citroen ရဲ့ Van မျိုးဆက်သစ်အဖြစ် ထူးခြားစွာ ညွှန်ဆိုထားတဲ့ ကားမော်ဒယ် အသစ်ပဲဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ ပေါင် ၂၄ဝဝဝ ကနေ ၃၂ဝဝဝ ထိရှိမယ်လို့ ခန့်မှန်းရပါတယ်။

DS

E-Tense

တစ်နာရီကို မိုင် ၂၅ဝ ပြေးမယ့် လျှပ်စစ် ပြိုင်ကား လှလှလေးဖြစ်ပါတယ်။

FERRARI

GTC4 Lusso

အရင်ထွက်ရှိဖူးခဲ့တဲ့ Ferrari FF ကို ပြန်လည်ဆန်းသစ်ထားတာပါ။ ဈေးနှုန်း အနေနဲ့ ပေါင် ၁သိန်းခွဲမှ စတင်မယ်လို့ ခန့်မှန်းရပါတယ်။

FIAT

124 Spider

Mazda MX-5 ကိုအခြေံခံပြီး ပြန်လည်ဆန်းသစ်ထားတဲ့ Fiat roadster ဖြစ်ပြီး စလင်ဒါလေးလုံးထိုး 1.4 လီ turbocharged တာ အင်ဂျင်ကို အသုံးပြုထားပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၁ဝဝဝ မှ ၃၂ဝဝဝ ထိရှိမယ်လို့ ကြေငြာထားပါတယ်။

FORD

Fiesta ST200

Ford ရဲ့ အရေအတွက် အကန့်အသက်နဲ့ ထုတ်လုပ်ထားတဲ့ ၁.၆ လီတာ Turbocharged brake horsepower 197 အင်ဂျင်အမျိုးအစားဖြစ်ပြီး တန်ဖိုးအနေနဲ့ ပေါင် ၂ဝဝဝဝ ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

Kuga facelift

Ford ရဲ့ နောက်ဆုံပေါ် ဖျော်ဖြေရေး နည်းပညာဖြစ်တဲ့ SYNC3 infotainment system ကိုအသုံးပြုထားတဲ့ crossover အမျိုးအစားဖြစ်ပြီး လက်ကိုင်ဖုန်းမှ တံခါး လော့ခ်ချခြင်း စက်နှိုးခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ တန်ဖိုးအနေနဲ့ကတော့ ဒေါ်လာ ၂၃ဝဝဝ ဝန်းကျင်မှာရှိမယ်လို့ ခန့်မှန်းရပါတယ်။

Vignales for all

ကမ္ဘာ့အကောင်းဆုံး လည်သာ ထိုင်ခုံတွေနဲ့အတူ Ford ရဲ့ နောက်ဆုံးနည်းပညာဖြစ်တဲ့ SYNC3 infotainment system၊ ဆူညံသံတွေကိုထိန်းချုပ်နို်င်တဲ့ Active Noise Control noise mitigation ပါဝင်တဲ့ Vignales တွေဟာ 2.0 လီတာ turbocharged စလင်ဒါလေးလုံးထိုး အင်ဂျင် အမျိုးအစားဖြစ်ပြီး တန်ဖိုးအနေနဲ့ ပေါင် ၂၉ဝ၄၅ မှစတင်ပြီး ၃၃၃၁ဝ ထိရှိမယ်လို့ခန့်မှန်းရပါတယ်။

HONDA

Civic hatchback prototype

Honda ရဲ့ နာမည်ကြီး မျိုးဆက် ဆယ်ဆက်မြောက် Civic hatchback ပုံစံငယ်ကတော့ ထွက်ရှိလာပါပြီ။ အရှေ့ကထွက်ရှိပြီးသား Civic တွေထက် ၃ဝမီလီမီတာ ပိုမိုကျယ်ဝန်းပြီး ၂ဝ မီလီမီတာ ပိုနိမ့်ကာ ၁၃ဝ မီလီမီတာ ပိုမိုရှည်လျားပါတယ်။

FCX Clarity hydrogen car

အရေအတွက်အနည်းငယ်ပဲ ထုတ်လုပ်မယ့် FCX Clarity ဟိုက်ဒရိုဂျင်ကားဟာ အင်ဂျင်ထဲတွင် ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင် ပေါင်းစပ်ပြီး လျှပ်စစ်စွမ်းအင်ထုတ်လွှင့်ပေးမှာဖြစ်တဲ့ လျှပ်စစ်စွမ်းအင်သုံး ကားပဲဖြစ်ပါတယ်။

INFINITI

Q60 sports coupe

3.0 လီတာ twin-turbocharged v-6 အင်ဂျင်အမျိုးအစားနဲ့ ပြိုင်ကားအမျိုးအစား ဇိမ်ခံကားအမျိုးအစား Q-60 ဟာ တန်ဖိုးအနေနဲ့ ဒေါ်လာ ၃၈ဝ၅၅ မှစတင်မယ်လို့လည်း သိရပါတယ်။

QX30 Premium Active

Q30 Hatchback မှ ပြန်လည်ဆန်းသစ်ထားတဲ့ Crossover အမျိုးအစားကားဖြစ်ပါတယ်။ မြင်းကောင်ရေအား ၂ဝ၈ နှင့် 2.0 လီတာ turbo စလင်ဒါလေးလုံးထိုး အင်ဂျင်နဲ့ ဖြစ်ပြီး ဈေးနှုန်းကိုတော့ တရားသေမသတ်မှတ်သေးပါဘူး။

JAGUAR

F-type SVR

Jaguar F-type sport ကားတွေကို တစ်ခေတ်ဆန်းဖို့ ထုတ်လုပ်လိုက်တဲ့ F-Type SVR ဟာ 567 brake horse power 5.0 litre supercharged V8 အင်ဂျင်ဖြစ်ပြီး တစ်နာရီကို မိုင် ၂ဝဝ ပြေးမှာဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ ပေါင် ၁၁ဝဝဝဝ နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။

KIA

Optima Sportswagon

အင်ဂျင်အမျိုးအစားအနေနဲ့ ၃ မျိုးရွေးချယ်နိုင်မယ့် Optima Sportswagon တွေဟာ မြင်းကောင်ရေအား ၁၃၉ နဲ့ 1.7 လီတာ တာဘို-ဒီဇယ် အင်ဂျင် အမျိုးအစားနဲ့လည်း လာသလို ၁၆ဝ မြင်ကောင်ရေအား သို့မဟုတ် ၂၄၂ မြင်ကောင်ရေအား နှင့် ၂.ဝ လီတာ ဓာတ်ဆီ အင်ဂျင်ဆိုပြီး သုံးမျိုးသုံးစားရှိမည့်အပြင် အရှိန် ၆ မျိုး manual ဂီယာ သို့မဟုတ် အရှိန် ၇ မျိုး အော်တို ဂီယာ ဟူ၍ရွေးချယ်စရာပါလာမ်ဖြစ်ပြီး ဈေးနှုန်း အနေနဲ့ ပေါင် ၂၂ဝဝဝ မှ ၃ဝဝဝဝ ထိရှိမှာဖြစ်ပါသည်။

Niro concept

ကိုရီးယားမှ SUV သို့မဟုတ် HUV ပုံစံသစ်အဖြစ် မိတ်ဆက်လာပြီး ပြိုင်ကားပုံပြောင်းအဖြစ် ပြောင်းလဲမြင်တွေ့ရမှာဖြစ်ပါတယ်။

KOENIGSEGG

Regera

ဆွိဒင်နိုင်ငံမှ ထုတ်လုပ်လိုက်တဲ့ Regera ဟာ ကမ္ဘာ့အမြန်ဆုံး Chiron ကိုတောင် ယှဉ်ပြိုင်လာမည့် ကားဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး first fully robotic ကားဖြစ်ပြီး မြင်ကောင်ရေအား ၁၁ဝဝ နှင့် ဓာတ်ဆီအင်ဂျင် အမျိုးအစားဖြစ်ပြီး လျှပ်စစ်ကားအနေနဲ့လည်း အားသွင်းပြီး မောင်:နှင်နိုင်ပါသေးတယ်။

LAND ROVER

Range Rover Evoque Cabrio

ပေါင် လေးသောင်းခုနှစ်ထောင့်ငါးရာတန်တဲ့ Range Rover Evoque Cabrio ဟာ ဒီဇယ် အင်ဂျင် TD4 178 Brake Horse Power အမျိုးအစားနှင့် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

LAMBORGHINI

Centenario

Lamborghini ရဲ့ ကနဦးထူထောင်သူ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အသစ်ထုတ်လုပ်လိုက်တဲ့ တန်ဖိုးကြီး ပြိုင်ကားဟာ မြင်ကောင်ရေအား 760 နှင့် Dangerous look ကို အပြည့်အဝ ခံစားစေရမှာဖြစ်ပါတယ်။

LEXUS

LC 500 coupe (above)

မြင်ကောင်ရေအား ၄၆၇ အားနှင့် 5.0 liter V8 အင်ဂျင်ကို အသုံးပြုထားပြီး ကိုယ်ထည်ကိုတော့ ကာဗွန် ဖိုင်ဘာ နှင့် ခိုင်ခံလှပပြီးအရေအသွေးကောင်းတဲ့ စတီးကို အသုံးပြုထာပါတယ်။ တန်ဖိုးအနေနဲ့ကတော့ ဒေါ်လာ တစ်သိန်း လို့ ခန့်မှန်းထားပါတယ်။

LC 500h coupe

မြင်းကောင်ရေးအား ၄၅၄ နှင့် Hybird အနေနဲ့လည်း ထပ်မံရွေးချယ်နိုင်ဖို့ LC500h ဆိုပြီး ထပ်မံထုတ်လုပ်ထားတာပါ။

LOTUS

Lotus ရဲ့ ထွက်ခဲ့သမျှ Elise တွေထဲမှာတော့ အမြန်ဆုံးအနေနဲ့ သမိုင်းတွင်သွားပါတယ်။ ဒါ့အပြင် ယခင် Elise တွေနဲ့ မတူပဲ ပိုမို ပေါ့ပါးသွားအောင် ဝိတ်တွေလျော့ထားတာလည်း တွေ့ရပါတယ်။ တစ်နာရီကို ၁၅၄ မိုင်ပြေးနုင်ပြီး မြင်ကောင်ရေအားကတော့ ၂၄၃ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ပေါင် ၄၅၆ဝဝ လို့သိရပါတယ်။

MASERATI

Levante

Maserati ရဲ့ ပထမဦးဆုံး ထုတ်လုပ်လိုက်တဲ့ SUV အမျိုးအစား ကိုပထမဆုံး ပွဲဦးထွက် နေနဲ့ Geneva motor show တွင်မိတ်ဆက်ပေးလိုက်ပါတယ်။ မြင်ကောင်ရေအား ၂၇၁ နဲ့ V6 Diesel အင်ဂျင် အမျိုးအစားဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ပေါင် ၅၅ဝဝဝ ဖြစ်ပါတယ်။

Author