Lamborghini ရဲ့ တည်ထောင်သူဖြစ်တဲ့ Ferruccio Lamborghini ရဲ့ မွေးနေ့အထိမ်းအမှတ် အသစ်ထုတ်လုပ်လိုက်တဲ့ 770HP Lamborghini Centenario ကို Geneva Motor ရှိုးပွဲတွင် ထုတ်ဖော်ပြသ

0

Full article

Ferruccio Lamborghini ရဲ့မွေးနေ့အမှတ်တရ အနေဖြင့် အရှည် ၁၆ပေကျော်ရှိပြီး အမြင့် ၃ပေ ၉လက်မရှိတဲ့ တန်ဖိုးကြီးမားလှသော 770HP Lamborghini Centenario ကို Geneva ရှိုးပွဲတွင် ပွဲဦးထွက် ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒေါ်လာ ၁.၉ သန်းတန်တဲ့ အသစ်စက်စက် Lamborghini Centenario ဟာ Lamborghini ရဲ့ ထုံစံမပျက်တဲ့ Dangerous look ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး နောက်ဖက်ပိုင်းက ပိုမိုဆွဲဆောင်မှုအပြည့်နဲ့ စွဲမက်ဖွယ်ကောင်းအောင် ထုတ်လုပ်ထားပါတယ်။ ကိုယ်ထည်တစ်ခုလုံးနီးပါးကို ကာဗွန်ဖိုက်ဘာ နဲ့ဒီဇိုင်းဖော်ထားပြီး ကားရဲ့ အပေါ်ပိုင်းကို ကာဗွန်ဖိုက်ဘာ အပြောင်သား နဲ့ အောက်ပိုင်းကိုတော့ ကာဗွန်ဖိုက်ဘာကို ငြိမ်သွားအောင် matte ပုံစံလုပ်ထားပါတယ်။ Lamborghini ရဲ့ V12 naturally-aspirated အင်ဂျင်ကို အသုံးပြုထားပြီး အမြန်နှုန်း အနေနဲ့ တစ်နာရီကို ၂၁၇ မိုင်နှုန်း အမြင့်ဆုံးပြေးပါတယ်။ စထွက်ခါစ ၂.၈ စက္ကန့်အတွင်း ဝ-၆၂ မိုင်၊ ၂၃.၅ စက္ကန့်အတွင်း ဝ-၁၈၆မိုင် နှုန်းမောင်းနှင်နိုင်တယ်လို့လည်း သိရပါတယ်။ မောင်းနှင်ရာတွင်လည်း Strada, Sport, နှင့် Corsa ဆိုပြီး mode သုံးမျိုးပြောင်း မောင်းနှင်နိုင်ပါသေးတယ်။

၁ဝ.၁ လက်မကျယ်တဲ့ touchscreen တွင် လမ်းပြမြေပုံပါဝင်ခြင်း၊ အင်တာနက်သုံးစွဲနိုင်ခြင်း၊ သီးချင်း နှင့် Apple CarPlay တို့ပါဝင်ပြီး အမြန်နှုန်းများ အချိန်မျး မှတ်တမ်းတင်နိုင်ခြင်း အပြင် အခြားလုပ်ဆောင်ချက်တွေလည်း ပါဝင်နိုင်ပါသေးတယ်လို့လည်း ဖော်ပြပေးထားပါသေးတယ်။

ကဲ..... ကျန်တာတွေကတော့ ပုံကိုပဲ ကြည့်ပြီး သွားရေယိုကြရအောင်..........

http://www. slashgear.com မှ မှီငြမ်းသည်။

Author