Full article

ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးတွေဟာ SUV အမျိုးအစားကားတွေကို အပြိုင်အဆိုင်ထုတ်လုပ်လာကြပါတယ်.။ Roll Royce လိုကုမ္ပဏီကြီးတွေတောင် SUV ကားတွေကို ထုတ်လုပ်လာတာ တွေ့ရပါတယ်.။ ဒီအတွက် ကမ္ဘာပေါ်မှာ လက်ရှိထုတ်လုပ်ပြီးတဲ့ SUV ကားတွေထဲက အမြန်ဆုံးကား (12) စီးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်.။

(1) PORSCHE CAYENNE TURBO S


Porsche ရဲ့ Cayenne Turbo S ဟာ ကမ္ဘာ့အမြန်ဆုံး SUV ကားတစ်စီးဖြစ်ရုံတင်မက ဈေးအကြီးဆုံး SUV ကားတွေထဲက တစ်စီးလဲဖြစ်ပါတယ်.။ $158,295 တန်ဖိုးရှိတဲ့ ဒီကားဟာ Porsche Twin Turbo ဆလင်ဒါ ၈ လုံးထိုးအင်ဂျင်ကို အသုံးပြုထားပြီး 550 hp အင်ဂျင်ပါဝါရရှိမှာဖြစ်ပါတယ်.။ Top Speed ကတော့ 175 mph (282 kmh) ဖြစ်ပါတယ်.။ လေးဘီးယက် အမျိုးအစားဖြစ်ပြီး အော်တိုဂီယာ ၈ ချက်ပါဝင်ပါတယ်.။ မြို့တွင်း ဆီတစ်ဂါလံကို ၁၃ မိုင်နှုန်းမောင်းနှင်နိုင်ပြီး High way မှာဆိုရင်တော့ တစ်ဂါလံကို မိုင် ၂ဝ နှုန်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်.။

(2) MERCEDES-BENZ G63 AMG


MERCEDES-BENZ G63 AMG ဟာ ကုမ္ပဏီရဲ့ အမေရိကားမှာရောင်းချတဲ့ SUV တွေထဲက ဈေးအကြီးဆုံးကားတစ်စီးဖြစ်ပါတယ်.။ 5.5 Liter V8 အင်ဂျင်အသုံးပြုထားပြီး မြင်းကောင်ရေ 536 ကောင်အား ရရှိမှာဖြစ်ပါတယ်.။ 0 – 60 mph ကို 5.3 စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး Top Speed ကတော့ 175 mph ဖြစ်ပါတယ်.။ လေးထောင့်စပ်စပ်ပုံစံရှိပေမယ့် Marcedes ကထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းတွေထဲမှာ လူကြိုက်တော်တော်များတဲ့ ဒီဇိုင်းဖြစ်ပါတယ်.။ အော်တိုဂီယာ (၇) ချက်ပါဝင်ပြီး လေးဘီးယက်ကား အမျိုးအစားဖြစ်တဲ့အပြင် Marcedes ရဲ့ 4Matic စနစ်ပါဝင်တဲ့အတွက် Off-road SUV တစ်စီးအဖြစ် ကောင်းကောင်းမောင်းနှင်နိုင်ပါတယ်.။ ဈေးနှုန်းကတော့ $ 138,000 ဖြစ်ပါတယ်.။

(3) MERCEDES-BENZ ML63 AMG

2012-Mercedes-Benz-ML63-AMG-500x333

$ 100,000 အောက်သာရှိတဲ့အတွက် Mercedes ML63 AMG ဟာ G63 ထက်ဈေးသက်သာပြီး ကောင်းမွန်တဲ့ SUV အမျိုးအစားဖြစ်ပါတယ်.။ 5.5 liter twin turbo ဆလင်ဒါ ၈လုံးထိုး အင်ဂျင်ပါဝင်ပြီး မြင်းကောင်ရေ 516hp ဖြစ်ပါတယ်.။ 0 – 60 mph ကို 4.7 စက္ကန့်အတွင်းရောက်ရှိနိုင်ပါတယ်.။ Top Speed 175mph ဖြစ်ပြီး အော်တိုဂီယာ ၇ ချက်နဲ့ လေးဘီးယက်အမျိုးအစားဖြစ်ပါတယ်.။

(4) PORSCHE MACAN TURBO


PORSCHE MACAN TURBO ဟာ Macan luxury crossover ရဲ့ Sport ဗားရှင်းဖြစ်ပြီး ဆလင်ဒါလေးလုံးထိုး Twin Turbo အင်ဂျင်ကို အသုံးပြုထားပါတယ်.။ အင်ဂျင်ပါဝါအနေနဲ့ မြင်းကောင်ရေ 400 အားရရှိမှာဖြစ်ပါတယ်.။ အော်တိုဂီယာ (၇)ချက်ထိုး၊ လေးဘီးယက်အမျိုးအစားဖြစ်တဲ့ Macan Turbo ဟာ Cayenne ရဲ့ ပိုသေးငယ်တဲ့ ဗားရှင်းတစ်မျိုးဖြစ်ပြီး အတွင်းပိုင်းဒီဇိုင်းကလဲ သက်တောင့်သက်တာဖြစ်မှုနဲ့ အဆင်ပြေမှုကို ပေးစွမ်းနိုင်ပါတယ်.။ Top Speed ကတော့ 164 mph ဖြစ်ပြီး တန်ဖိုးကတော့ $72,500 ကျသင့်မှာဖြစ်ပါတယ်.။

(5) LAND ROVER RANGE ROVER SPORT / SVR


Land Rover Range Rover Sport ဟာ ကုမ္ပဏီရဲ့ အမြန်ဆုံး SUV အမျိုးအစားကားတစ်စီးဖြစ်ပြီး 5.0 liter ဆလင်ဒါ ၈ လုံးထိုးအင်ဂျင်ကို အသုံးပြုထားပါတယ်.။ မြင်းကောင်ရေ 510 အား အင်ဂျင်ပါဝါရှိပြီး SVR Model မှာဆိုရင် မြင်းကောင်ရေ 550 ကောင်အားအထိ တိုးမြှင့်ထားတာကို တွေ့ရပါတယ်.။ 0 – 60 mph ကို 5 စက္ကန့်အတွင်းရောက်ရှိနိုင်ပြီး Top Speed ကတော့ 162 mph ဖြစ်ပါတယ်.။ အတွင်းပိုင်းကို လယ်သာအစိတ်အပိုင်းများနဲ့ တန်ဆာဆင်ထားပြီး Off-road မောင်းနှင်မှုမှာ အကောင်းဆုံးထိန်းကျောင်းမောင်းနှင်နိုင်တဲ့ ကားတစ်စီးအဖြစ်သတ်မှတ်ထားခြင်း ခံရပါတယ်.။ လေးဘီးယက်ကားအမျိုးအစားဖြစ်ပြီး ဈေးနှုန်းကတော့ $80,900 ကျသင့်မှာဖြစ်ပါတယ်.။

(6) JEEP GRAND CHEROKEE SRT


Jeep Cherokee SRT ဟာ $65,590 ကျသင့်မှာဖြစ်ပြီး 6.4 liter HEMI အင်ဂျင်ကိုအသုံးပြုထားပါတယ်.။ ဆလင်ဒါ ၈ လုံးထိုးအင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 470 ကောင်အား ရရှိမှာဖြစ်ပါတယ်.။ Top Speed ကတော့ 160 mph ဖြစ်ပါတယ်.။ 0 – 60 mph ကို 4.8 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ အော်တိုဂီယာ ၈ ချက်ပါဝင်ပြီး လေးဘီးယက်အမျိုးအစားကားတစ်စီးဖြစ်ပါတယ်.။ ဘရိတ်စနစ်ကတော့ 70 mph နဲ့မောင်းနှင်နေတဲ့အချိန်မှာ 162 ပေအတွင်း လုံးဝရပ်တန့်သွားစေနိုင်ပါတယ်.။

(7) BMW X6 M


SUV ကားတွေမှာ ပိုမိုများပြားတဲ့ အင်ဂျင်ပါဝါတပ်ဆင်မှုကို လိုလားတဲ့ Cusomers တွေအတွက် BMW က ထုတ်လုပ်ပေးလိုက်တဲ့ X6 ဟာ စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်.။ Twin-turbo 4.4 liter ဆလင်ဒါ ၈ လုံးထိုးအင်ဂျင်ကိုအသုံးပြုထားတဲ့ X6 ဟာ မြင်းကောင်ရေ 567 ကောင်အားထိ ထုတ်ပေးနိုင်ပါတယ်.။ BMW xDrive all-wheel-drive system ပါရှိပြီး အော်တိုဂီယာ ၈ ချက်ပါဝင်ပါတယ်.။ မြန်နှုန်းမြင့်မောင်းနှင်နေချိန်မှာ ကွေ့ခြင်းနဲ့ လှည့်ပတ်ခြင်းတွေမှာ အန္တရာယ်ကင်းစေတဲ့ စနစ်ပါဝင်ပြီး Top Speed ကတော့ 155 mph ဖြစ်ပါတယ်.။ 0 – 60 mph ကို 4.5 စက္ကန့်အတွင်းရောက်ရှိနိုင်ပြီး ဈေးနှုန်းကတော့ $94,000 ဖြစ်ပါတယ်.။

(8) BMW X5 XDRIVE50I


BMW X5 XDRIVE50I ဟာလဲ ကုမ္ပဏီနဲ့ အမြန်ဆုံးစာရင်းဝင် SUV တစ်စီးဖြစ်ပါတယ်.။ မြင်းကောင်ရေ 445 hp ရှိတဲ့ twin-turbo ဆလင်ဒါ ၈ လုံးထိုးအင်ဂျင်ကို အသုံးပြုထားပြီး 0 – 60 mph ကို 4.3 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ Cabin ဟာ စက်သံဆူညံမှုမရှိဘဲ တိတ်ဆိတ်ရုံသာမက ဘရိတ်စနစ်ကလဲ မောင်းနှင်သူကို High Speed မောင်းနှင်နေချိန်မှာ ယုံကြည်မှုအပြည့် ရှိစေပါတယ်.။ Top Speed ကတော့ 155 mph အထိ ရရှိမှာဖြစ်ပြီး $70,100 ကျသင့်မှာဖြစ်ပါတယ်.။

(9) MERCEDES-BENZ GL63 AMG


Mercedes-Benz GL63 AMG ဟာ Marcedes-Benz ရဲ့ ထုတ်လုပ်ပြီးသမျှမှာ အကြီးဆုံးကားဖြစ်ပြီး အလေးချိန်ဟာလည်း 5,500 ပေါင်ရှိပါတယ်.။ 5.5 liter, turbo-charged အင်ဂျင်ကိုအသုံးပြုထားပြီး အင်ဂျင်ပါဝါ မြင်းကောင်ရေ 550 အား ရရှိမှာဖြစ်ပါတယ်.။ Top Speed 155 mph အထိ ရရှိနိုင်ပြီး 0 – 60 mph ကို 4.8 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ အော်တိုဂီယာ (၇) ချက်ပါဝင်ပြီး ဂီယာလျှော့တဲ့အချိန်မှာ ထိန်းချုပ်ပေးတဲ့စနစ်၊ အဆင့်မြှင့်တင်ထားတဲ့ ထိန်းချုပ်စနစ်၊ စတီယာရင်နဲ့ ဘရိတ်စနစ်များပါဝင်ပါတယ်.။ လေးဘီးယက်ကား အမျိုးအစားဖြစ်ပါတယ်.။ ဘရိတ်စနစ်ဟာ 70 mph နဲ့ မောင်းနှင်နေရာမှ လုံးဝရပ်တန့်သွားနိုင်ဖို့ 160 feet သာ လိုအပ်ပါတယ်.။ ဈေးနှုန်းကတော့ $120,000 ကျသင့်မှာဖြစ်ပါတယ်.။

(10) AUDI SQ5


Audi ရဲ့ အောင်မြင်ခဲ့တဲ့ကားတစ်စီးဖြစ်တဲ့ Q5 ကို အခြေခံတည်ဆောက်ထားတဲ့ကားဖြစ်ပြီး အပြင်ပိုင်းရော အတွင်းပိုင်းမှာပါ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်.။ Super-charged ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ကိုအသုံးပြုထားပြီး မြင်းကောင်ရေ 354 ကောင်အား ရရှိမှာဖြစ်ပါတယ်.။ အော်တိုဂီယာ ၈ ချက်ထိုး၊ လေးဘီးယက်အမျိုးအစားဖြစ်ပြီး Top Speed အနေနဲ့ 152 mph အထိ မြှင့်တင်နိုင်ပါတယ်.။ 0 – 60 mph ကို 5.1 စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး ဈေးနှုန်းကတော့ $53,625 ဖြစ်ပါတယ်.။

(11) FORD EXPLORER SPORT


ခရီးသည် (၇) ယောက်လိုက်ပါနိုင်ပြီး ဈေးကွက်တွင်းမှာရှိနေတဲ့ကားတွေထက် အင်ဂျင်ပါဝါ ပိုမြင့်တဲ့ ကားအမျိုးအစားတွေကို လိုအပ်နေတဲ့ Cosumer တွေအတွက် ထုတ်လုပ်ပေးခဲ့တဲ့ Explorer Sport ဟာ 3.5 liter ဆလင်ဒါ ၆ လုံးထိုးအင်ဂျင်ကိုအသုံးပြုထားပြီး မြင်းကောင်ရေ 365 ကောင်အား ရရှိနိုင်ပါတယ်.။ အော်တိုဂီယာ ၆ ချက်ပါဝင်ပြီး လေးဘီးယက်အမျိုးအစားကားဖြစ်ပါတယ်.။ ဂီယာကို အော်တိုမှ Manual ကိုလဲ ပြောင်းလဲနိုင်ပါတယ်.။ 0 – 60 mph ကို 5.9 စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး အတွင်းပိုင်းကိုလဲ အသံလုံအောင် ဖန်တီးထုတ်လုပ်ထားပါတယ်.။ ဝယ်ယူမယ်ဆိုရင်တော့ $43,000 ကျသင့်မှာဖြစ်ပါတယ်.။

(12) DODGE DURANGO R/T HEMI


5.7 liter Hemi ဆလင်ဒါ ၈ လုံးထိုးအင်ဂျင်ပါဝင်တဲ့ ဒီကားဟာ Modern Driver တွေအတွက် ရည်ရွယ်ပါတယ်.။ မြင်းကောင်ရေအား 360 ရရှိမှာဖြစ်ပြီး Top Speed 119 mph အထိ မောင်းနှင်နိုင်ပါတယ်.။ နောက်ယက်အမျိုးအစားကားတစ်စီးဖြစ်ပြီး ခုံ (၃) တန်း ပါဝင်ပါတယ်.။ 0 – 60 mph ကို 6.4 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ ဈေးနှုန်းကတော့ $40,290 ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ.။

Author