ကမ္ဘာ့အမြန်ဆုံး ကား (၁ဝ) စီး Part-2

0

Full article

ထုတ်လုပ်ပြီးသမျှ ကားတွေထဲမှာ ကမ္ဘာ့အမြန်ဆုံး ကားများအဖြစ် စံချိန်တင်ထားနိုင်ခဲ့တဲ့ ကား (၁ဝ) စီးကို CarsDB ပရိသတ်များအတွက် ရွေးချယ်တင်ပြပေးလိုက်ပါတယ်.။

ULTIMA GTR

Ultima GTR ဟာ အင်္ဂလန်နိုင်ငံ အခြေစိုက် Ultima Sports Ltd မှ ထုတ်လုပ်တဲ့ Supercar တစ်စီးဖြစ်ပါတယ်.။ ကားရဲ့ ဒီဇိုင်းဟာ အင်ဂျင်ကို အလည်မှာထားထားတဲ့ နောက်ယက်ဘီးအမျိုးအစား ဖြစ်ပါတယ်.။ မြင်းကောင်ရေ 720 အား ပါဝင်တဲ့ အင်ဂျင်ကို အသုံးပြုထားပြီး Top Speed 231 mph အထိ ရောက်ရှိအောင် မောင်းနှင်နိုင်ပါတယ်.။ 0-60 mph ကို 2.6 စက္ကန့်အတွင်း ရောက်ရှိမှာဖြစ်ပြီး 0-100 mph ကိုတော့ 5.3 စက္ကန့်အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်တာကိုလဲ တွေ့ရပါတယ်.။ ဘရိတ်စနစ်ဟာလဲ ကောင်းမွန်ပြီး 100 mph မှ လုံးဝရပ်တန့်သည်အထိ 3.6 စက္ကန့်သာ ကြာမြင့်ပါတယ်.။ တစ်မိုင်ရဲ့ ၄ ပုံ ၁ ပုံခရီးကို 9.9 စက္ကန့်အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်တဲ့ ဒီကားဟာ Top Gear ရဲ့ စမ်းသပ်မောင်းနှင်တဲ့ လမ်းကြောင်းကို 1 မိနစ် 12.8 စက္ကန့်အတွင်း ဖြတ်သန်းနိုင်ခဲ့ပြီး ဒီစံချိန်ဟာ Top Gear ရဲ့ စမ်းသပ်မောင်းနှင်ခဲ့တဲ့ ကားတွေအားလုံးထက် အနည်းဆုံး 1 စက္ကန့် သာလွန်ခဲ့တာ ဖြစ်ပါတယ်.။

PAGANI HUAYRA

Pagani Huayra ဟာ မြင်းကောင်ရေ 720 အား အင်ဂျင်ကို အလည်မှာတပ်ဆင်ထားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်.။ 6 liter V12 အင်ဂျင်ကို တပ်ဆင်ထားပြီး Top Speed 230 mph အထိ ရောက်ရှိအောင် မောင်းနှင်နိုင်ပါတယ်.။ ဒီကားဟာ F16 ဂျက်လေယာဉ်ရဲ့ လေကိုခွင်းသွားစေတဲ့ ပုံစံမျိုး တည်ဆောက်ထားတာဖြစ်တဲ့အတွက် ကားကို လိမ့်သွားစေခြင်း၊ လေကြောင့် အရှိန်တန့်သွားခြင်းတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်.။ တစ်နာရီ မိုင် ၅ဝ နှုန်းထက် ကျော်လွန်လာတဲ့အခါ ကားရဲ့ လေခွင်းအား ကို တိုးတက်စေဖို့အတွက် လေကိုခွင်းပေးတဲ့ တောင်ပံတွေဟာ 10 ဒီဂရီ ပွင့်သွားမှာဖြစ်ပြီး ကားကို ကွေ့လိုက်တဲ့အခါမှာလဲ တောင်ပံတွေဟာ ဘေးဘက်ကို 20 ဒီဂရီစီ ပြန့်ကားပေးသွားမှာ ဖြစ်ပါတယ်.။ ဒါ့အပြင် ဘရိတ်နင်းတဲ့အခါမှာလဲ 40 ဒီဂရီအထိ ဖွင့်လှစ်ပြီး လေဘရိတ်များအဖြစ် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်.။ ဒီ Feature တွေဟာ Pagani Huayra ကို ထူးခြားအောင် ပြုလုပ်ပေးတဲ့ Feature များဖြစ်ပြီး ကားရဲ့ Dashboard ဟာလဲ အာကသယာဉ်ပုံစံ ထူးခြားစွာ တည်ဆောက်ထားတာကိုလဲ တွေ့ရပါတယ်.။

NOBLE M600

ဒီကားဟာ အင်္ဂလန်နိုင်ငံ အခြေစိုက် Noble Automotive မှ ထုတ်လုပ်တဲ့ ကားတစ်စီးဖြစ်ပါတယ်.။ ဒီကားရဲ့ ထူးခြားချက်ကတော့ ကားတစ်စီးလုံးကို လက်နဲ့ပဲ တည်ဆောက်ထားတဲ့ Handbuilt supercar ဖြစ်ပါတယ်.။ Volvo XC90 နဲ့ S80 ကားတွေမှာ အသုံးပြုထားတဲ့ Volvo B8444S V8 အင်ဂျင်ကို အသုံးပြုထားပြီး Setting (၃) မျိုးအထိ ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်.။ လမ်းပေါ်မှာမောင်းနှင်ဖို့ မြင်းကောင်ရေ 450 အား၊ ပြေးလမ်းပေါ်မှာ မောင်းနှင်ဖို့ မြင်းကောင်ရေ 550 အား နဲ့ ပြိုင်ပွဲမှာ မောင်းနှင်ဖို့ မြင်းကောင်ရေ 650 အား အစရှိသဖြင့် (၃) မျိုးပြောင်းလဲနိုင်တာ ဖြစ်ပါတယ်.။ ဒီကားဟာ 225 mph အထိ ရောက်ရှိအောင် မောင်းနှင်နိုင်ပြီး 0-60 mph ကို 3 စက္ကန့်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်.။ 100 mph ကိုတော့ 6.5 စက္ကန့်အတွင်း ရောက်ရှိတာကို တွေ့ရပါတယ်.။

MCLAREN P1

McLaren ဟာ supercar ထုတ်လုပ်သူတွေထဲမှာ အချိန်အတော်ကြာ သရဖူဆောင်းနေခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး သူ့ရဲ့ သရဖူကို P1 နဲ့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်.။ P1 မှာ twin turbo 3.8 liter အင်ဂျင်ကိုတပ်ဆင်ထားပြီး မြင်းကောင်ရေ 727 ကောင်အား ထုတ်ပေးနိုင်တဲ့အပြင် 177 ကောင်အား ရှိတဲ့ လျှပ်စစ်မော်တာကိုလဲ တပ်ဆင်ပေးထားတဲ့အတွက် အားလုံးပေါင်း 903 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ Top Speed 217 mph အထိ မောင်းနှင်နိုင်တဲ့ P1 ဟာ 0-60 mph ကို 2.7 စက္ကန့်အတွင်း ရောက်ရှိနိုင်တာကို တွေ့ရပါတယ်.။ အနောက်ဘက်မှာပါတဲ့ Spoiler ဟာ 12 လက်မ ရှည်လျားပြီး လျှပ်စစ်ဟိုက်ဒရောလစ် စတီယာရင်တပ်ဆင်ထားမှုကြောင့် ပြိုင်ဘက်တွေထက် ကွေ့တဲ့နေရာမှာ သာလွန်အောင် လုပ်ဆောင်ပေးထားပါတယ်.။ ဒီအချက်ဟာ ပိုပြီးမြန်စေတဲ့အချက် မဟုတ်ပေမယ့် အခြားကားတွေက အမြန်မောင်းနှင်နေချိန်မှာ P1 ဟာ အရှိန်အတော်များများနဲ့ ကွေ့နိုင်တဲ့အတွက် အားသာချက်ရှိနေတာပါ.။ နောက်ထပ်အားသာချက်အနေနဲ့ E-mode, normal, sport, track နဲ့ race အစရှိတဲ့ Mode များထဲမှ နှစ်သက်ရာ ရွေးချယ်နိုင်ပြီး Race ကိုရွေးချယ်ခဲ့မယ်ဆိုရင် ကားရဲ့ ထိုင်ခုံတွေကို နှစ်လက်မနှိမ့်ချပြီး လေခွဲတောင်ပံများကို နေရာရွှေ့ပေးနိုင်ပါတယ်.။

LAMBORGHINI AVENTADOR

Aventador ဟာ 6.5 liter V12 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ 691 ကောင်အား ရရှိမှာဖြစ်ပါတယ်.။ Aventador ဟာ ဘီးအားလုံးယက်တဲ့ စနစ်ကို အသုံးပြုထားတဲ့ ကားတစ်စီးဖြစ်ပြီး Top Speed 217 mph အထိ မောင်းနှင်နိုင်တဲ့အပြင် 0-60 mph ကို 3 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်.။ ဒီကားဟာ အရွယ်အစားနဲ့ ယှဉ်ရင် ပေါ့ပါးတဲ့ ကားတစ်စီးဖြစ်ပြီး Carbon Fiber အတောင်များ၊ လေကိုခွင်းသွားစေတဲ့ ကားပုံစံ၊ လျှပ်စစ်သံလိုက် shock စနစ် နဲ့ ကောင်းမွန်တဲ့ စတီယာရင်စနစ်တို့ ပါဝင်ပါတယ်.။ Sport နဲ့ Corsa Driving Mode ၂ မျိုးရွေးချယ်နိုင်ပြီး Sport ဟာ Standard Mode ဖြစ်ပါတယ်.။ Corsa Mode မှာတော့ လျှင်မြန်တဲ့ ဂီယာပြောင်းလဲခြင်းစနစ်နဲ့ မောင်းနှင်တဲ့ Quality ကို တိုးမြင့်စေနိုင်မှာ ဖြစ်ပါတယ်.။

Written by: အောင်မွန်ချမ်း

Ref: Carophile

www.carsdb.com

No.1 Car Site in Myamar

Author