ကမ္ဘာ့အမြန်ဆုံး ကား (၁ဝ) စီး Part-1

0

Full article

ထုတ်လုပ်ပြီးသမျှ ကားတွေထဲမှာ ကမ္ဘာ့အမြန်ဆုံး ကားများအဖြစ် စံချိန်တင်ထားနိုင်ခဲ့တဲ့ ကား (၁ဝ) စီးကို CarsDB ပရိသတ်များအတွက် ရွေးချယ်တင်ပြပေးလိုက်ပါတယ်.။

HENNESSEY VENOM GT

Hennessey-Venom-GT-500x333

ထုတ်လုပ်ပြီးသမျှမှာ အမြန်ဆုံးကားအဖြစ် စံချိန်တင်ထားတဲ့ကားပဲဖြစ်ပါတယ်.။ Top Speed အနေနဲ့ 278 mph အထိ ရရှိနိုင်ပြီး 0-200 mph ကို 14.51 စက္ကန့်အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်တာကို တွေ့ရပါတယ်.။ Venom GT ဟာ တစ်မိုင်ရဲ့ လေးပုံတစ်ပုံခရီးကို ရောက်ရှိဖို့ 9.92 စက္ကန့်သာ ကြာမြင့်မှာဖြစ်ပြီး တစ်မိုင်ခရီးကို ရောက်တဲ့အချိန်မှာပဲ 253 mph ကို တစ်ပြိုင်တည်းရောက်ရှိမှာဖြစ်ပါတယ်.။ ကားရဲ့ အင်ဂျင်ဟာ 7.0 liter twin-turbo V8 အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 1244 ကောင်အား ထုတ်လုပ်ပေးနိုင်ပါတယ်.။ ဘရိတ်စနစ်မှာဆိုရင်လည်း ကားကို အမြန်ဆုံး ရပ်တန့်နိုင်အောင် ကူညီပေးသွားမှာဖြစ်ပြီး ပစ္စတင် 6 လုံးပါဝင်တဲ့ ကလစ်ပါတွေနဲ့ အကောင်းဆုံးဖြစ်အောင် တပ်ဆင်ထားတာ ဖြစ်ပါတယ်.။ ကားကို တည်ဆောက်ထားတဲ့ ပေါ့ပါးတဲ့ သတ္တုပစ္စည်းများနဲ့ လေကို ခွင်းစေတဲ့ ဒီဇိုင်းပုံစံကြောင့် ပေါ့ပါးတဲ့အလေးချိန်ရှိပြီး 2743 ပေါင်သာ လေးပါတယ်.။

BUGATTI VEYRON 16.4 SUPER SPORT

Bugatti-Veyron-16-4-Super-Sport-World-Record-Holder-500x332

မြင်းကောင်ရေ 1200 အား ထုတ်လုပ်ပေးနိုင်ပြီး Top Speed 268 mph ရှိတဲ့ Super Sport ဟာ အလျှင်မြန်ဆုံး သွားနိုင်တဲ့ ကားတွေထဲက တစ်စီးဖြစ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး.။ ကားရဲ့ မြင့်မားတဲ့ဈေးနှုန်းဖြစ်တဲ့ $2.4 သန်း တန်ဖိုးဟာ ဝယ်ယူဖို့ အတားအဆီးတစ်ခုဖြစ်သလို အစီးရေ (၄ဝ) သာ ကန့်သတ်ထုတ်လုပ်ထားတာလဲ ဖြစ်ပါတယ်.။ ဒီကားဟာ အရမ်းမြန်လွန်းတဲ့အတွက် $42,000 တန်ကြေးရှိတဲ့ Michelin တာယာတွေ တပ်ဆင်ပြီး Top Speed မောင်းနှင်မယ်ဆိုရင် 15 မိနစ်သာ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်.။ Top Speed မောင်းနှင်ချိန်မှာ ကားရဲ့ ဓါတ်ဆီကန်အပြည့်ဖြည့်ထားရင်တောင် 10 မိနစ်သာ ခံမှာဖြစ်ပါတယ်.။

KOENIGSEGG AGERA R

Koenigsegg-Agera-R-2013-Configurator-Front-View-500x310

2011 ခုနှစ် Geneva Motor Show မှာ ပြသခဲ့တဲ့ Koenigsegg Agera R ဟာ ကမ္ဘာ့အမြန်ဆုံး ကားတွေထဲက တစ်စီးဖြစ်ပါတယ်.။ စမ်းသပ်မောင်းနှင်ပြခဲ့တဲ့ ကာလအတွင်း ဒီကားဟာ ကမ္ဘာ့စံချိန် (၆) ခုအထိ ချိုးနိုင်ခဲ့တာကို တွေ့ရပါတယ်.။ ဒီကားဟာ 0–189 mph ကို 14.53 စက္ကန့်အတွင်း မောင်းနှင်နိုင်ခဲ့သလို 0-189-0 mph ကိုတော့ 21.19 စက္ကန့်အတွင်းမှာ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်.။ ဒီလိုမောင်းနှင်နိုင်ခဲ့မှုဟာ ကားရဲ့ ဘရိတ်စနစ်ကောင်းမွန်မှုကြောင့်ဖြစ်ပြီး ကားရဲ့ တည်ငြိမ်မှု နဲ့ မောင်းနှင်ပြသခဲ့တဲ့ Robert Serwanski ရဲ့ ကျွမ်းကျင်မှုကြောင့်လဲဖြစ်ပါတယ်.။ Robert Serwanski ဟာ 189 မိုင်နှုန်းမှ 0 ကိုရောက်သည်အထိ ဘရိတ်အုပ်ခဲ့ရာမှာ စတီယာရင်ကို လုံးဝ မကိုင်ဘဲ ဘရိတ်အုပ်ပြခဲ့တာ ဖြစ်ပါတယ်.။ ဒီကားဟာ လေကို အကောင်းဆုံး ခွဲထုတ်နိုင်အောင် ပုံစံထုတ်တည်ဆောက်ထားပြီး နောက်ဘက်က wing system ဟာလဲ အခြား စနစ်တွေအားလုံးထက် ပိုမိုပေါ့ပါးတာကို တွေ့ရပါတယ်.။ Koenigsegg Agera R ရဲ့ Top Speed ကတော့ 273 mph ဖြစ်ပါတယ်.။

9FF GT9-R

9-Ff-GT9-R-2-500x375

GT9-R ဟာ ဂျာမန် Tuning ကုမ္ပဏီ တစ်ခုဖြစ်တဲ့ 9FF မှ တည်ဆောက်ထားတဲ့ ကားတစ်စီးဖြစ်ပြီး Porsche 911 GT3 ပေါ်မှာ အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်.။ ကားမှာတပ်ဆင်ထားတဲ့အင်ဂျင်ဟာ 4.0 Liter Flat 6 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 1,120 ကောင်အားအထိ ထုတ်လုပ်ပေးနိုင်ပါတယ်.။ လမ်းပေါ်မှာ မောင်းနှင်နိုင်တဲ့ ကားများထဲမှာ Speed Record စံချိန်တင်နိုင်ဖို့ တည်ဆောက်ထားတာဖြစ်ပြီး 260 mph Top Speed အထိ ရောက်ရှိအောင် မောင်းနှင်နိုင်ပါတယ်.။ 0-60 mph ကို 2.9 စက္ကန့်အတွင်း ရောက်ရှိပြီး 0-190 ကိုတော့ 16 စက္ကန့်အောက်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်.။ ဒီကားဟာ Body ကို ပေါ့ပါးအောင်တည်ဆောက်ထားပြီး အတွင်းခန်းကိုလဲ အပြာရောင် လည်သာနဲ့ ဖုံးအုပ်ထားပါတယ်.။ ဒီကားဟာ အစီးရေ စုစုပေါင်း ၂ဝ စီးသာ တည်ဆောက်ထားတဲ့အတွက် အရမ်းရှားပါးတဲ့ ကားအမျိုးအစားပဲ ဖြစ်ပါတယ်.။

ZENVO ST1

Zenvo-St-1-34926-1680-X1050-500x312

High Performance Sport Car တစ်စီးဖြစ်တဲ့ ZENVO ST1 ဟာ turbocharged 6.8 Liter V8 အင်ဂျင် ကို အသုံးပြုထားပြီး 1,104 မြင်းကောင်ရေအား ရှိပါတယ်.။ 0-100 km/h ကို 3 စက္ကန့်အတွင်းရောက်ရှိနိုင်ပြီး 0-200 km/h ကိုတော့ 8.9 စက္ကန့်အတွင်းမှာ ရောက်ရှိမှာဖြစ်ပါတယ်.။ Body ကို ကာဗွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဂျာမနီနိုင်ငံမှာ တပ်ဆင်တာဖြစ်ပါတယ်.။ Top Speed အနေနဲ့တော့ 233 mph အထိ ရောက်ရှိနိုင်တာကို တွေ့ရပါတယ်.။

ဆက်ရန်...

Author