Full article

2014 ခုနှစ်ဟာ Automobile Industry အတွက် စိတ်လှုပ်ရှားစရာနှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်.။ 2015 မှာရော ကျနော်တို့ဘာကို မျှော်လင့်ထားသင့်ပါသလဲ. Porsche 911 ကို ယှဉ်ပြိုင်မယ့် McLaren ရဲ့ Sports Series လား၊ စတာလင်ပေါင် 140000 တန်တဲ့ Bentley SUV ကြီးလား ဒါမှမဟုတ် Mini John Cooper Works လေးပဲလား၊ ဒါမှမဟုတ် အကုန်လုံးပဲလား..

Ok, ကျနော်တို့ ဘာတွေမျှော်လင့်ထားနိုင်မလဲ ကြည့်ရအောင်..


(1) McLaren Sports Series

mclaren-sports-series-2015-car-boom.com-011-500x281

Porsche 911 မော်ဒယ်ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတဲ့ McLaren ရဲ့ Sport Series ဟာ 3.8-litre, twin-turbo V8 engine ကို အသုံးပြုထားပြီး မြင်းကောင်ရေ 450-500 ကြားထုတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရရှိမှာဖြစ်ပါတယ်.။ 2015 April မှာ ဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး စတာလင်ပေါင် ၁၃၅ဝဝဝ (ဒေါ်လာ ၂ဝဝဝဝဝ) ခန့် ကျသင့်မှာဖြစ်ပါတယ်.။

(2) Ferrari 458 Turbo


Ferrari ဟာ 458 version ကို 2015 မှာ ပြန်ထုတ်မယ်လို့ ကတိပေးခဲ့ပြီး Turbo အင်ဂျင်ပါဝင်မယ်လို့ သိရပါတယ်.။ 458 မှာ 4.5-liter V8 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ 562 ကောင်အား ထုတ်ပေးနိုင်တဲ့ စွမ်းအင်ရှိပါတယ်.။ 3.3 စက္ကန့်အတွင်း 0 မိုင်မှ 60 မိုင်အထိ တင်နိုင်စွမ်းရှိမှာဖြစ်ပြီး 201 mph အထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်.။

To be continued

Author