(1) MASERATI GRANTURISMO S
Maserati GranTurismo ကားတွေကို 2007 ခုနှစ်မှာ တံခါးနှစ်ပေါက်နဲ့ အမိုးအသေပါဝင်တဲ့ ကားအဖြစ် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်.။ 2010 မှာတော့ ပိုပြီးဆွဲဆောင်မှုရှိပြီး ဈေးပိုကြီးတဲ့ ဒီဇိုင်းအဖြစ် အမိုးခေါက်လို့ရတဲ့ Version ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်.။ 2014 ခုနှစ်မှာ ထုတ်လုပ်မှုရပ်ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်.။ Maserati GranTurismo S ကိုတော့ 2008 မှာ စတင်မိတ်ဆက်ခဲ့တာပါ.။ 4.7 Liter V8 အင်ဂျင်ကိုအသုံးပြုထားပြီး အင်ဂျင်ပါဝါ မြင်းကောင်ရေ 434 ကောင်အား ရှိပါတယ်.။ 62 mph ကို 4.3 စက္ကန့်အတွင်း အရောက်မောင်းနှင်နိုင်ပြီး Top Speed ကတော့ 183 mph ဖြစ်ပါတယ်.။ 1800 kg ရှိတဲ့ကားတစ်စီးအတွက်တော့ ကောင်းတယ်ဆိုတာထက်ကို ပိုနေပါသေးတယ်.။ ဈေးနှုန်းကတော့ $150,000 ဖြစ်ပါတယ်.။
(2) PORSCHE 918 SPYDER
Hybrid ကားအမျိုးအစားဖြစ်တဲ့ PORSCHE 918 SPYDER မှာ 135 kg 4.6-liter V-8 အင်ဂျင်နဲ့ လျှပ်စစ်မော်တာ 2 လုံး ပါဝင်ပါတယ်.။ မြင်းကောင်ရေ 887 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ (608 hp ကို အင်ဂျင်ကထုတ်ပေးတာဖြစ်ပြီး 279 hp ကို လျှပ်စစ်မော်တာများမှ ရရှိတာဖြစ်ပါတယ်.။) 62 mph ကို 2.5 စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး လျှပ်စစ်သီးသန့်နဲ့မောင်းနှင်ရင် 12 မိုင်ထိ မောင်းနိုင်ပါတယ်.။ တီထွင်မှုအနေနဲ့ 4 ဘီးစလုံးကို Steering နဲ့ ထိန်းချုပ်နိုင်ပါတယ်.။ ဈေးကတော့ $848,000 ကျသင့်မှာဖြစ်ပြီး Limited Edition ဖြစ်ပါတယ်.။
(3) CHEVROLET CORVETTE C6 ZR1 – THE BLUE DEVIL
Coupe (တံခါးနှစ်ပေါက်၊ အမိုးအသေ) ကားတစ်စီးဖြစ်တဲ့ ဒီကားဟာ 6.2-liter V-8 အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 638 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ 205 mph အထိ အရှိန်မြှင့်မောင်းနှင်နိုင်မှာ ဖြစ်ပြီး Tour Mode နဲ့ Sport Mode နှစ်မျိုး ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်.။ အလေးချိန်ပေါ့ပါးတဲ့ ကားအမျိုးအစားဖြစ်ပြီး Sport ကားဒီဇိုင်းဖြစ်ပေမယ့် စတိုင်ကျပြီး အဆင့်မြင့်တဲ့ ဒီဇိုင်းရှိပါတယ်.။ ဝယ်ယူမယ်ဆိုရင်တော့ $112,000 နဲ့ $130,000 ကြား ကျသင့်မှာဖြစ်ပါတယ်.။
Detroit Auto Show 2015 မှ အမိုက်စားကား (24) စီး
(4) BENTLEY MULSANNE
Twin-turbo 6.75-liter V8 အင်ဂျင်ကို အသုံးပြုထားတဲ့ ကားတစ်စီးဖြစ်ပါတယ်.။ နောက်ယက်အမျိုးအစားနဲ့ ဒီလိုအင်ဂျင်မျိုးအသုံးပြုထားတဲ့ တစ်စီးတည်းသော Bentley မော်ဒယ်ဖြစ်ပါတယ်.။ လေးလံတဲ့ကား အမျိုးအစားဖြစ်ပေမယ့် မောင်းနှင်တဲ့အခါ ပေါ့ပါးသွက်လက်တယ်လို့ ခံစားရစေပြီး 60 mph ကို 4.9 စက္ကန့်တွင်း ရောက်ရှိနိုင်ပါတယ်.။ ဒါဟာ 2600 kg ရှိတဲ့ကားတစ်စီးအတွက် ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်.။ Bentley ဟာ အဆင့်အတန်းမြင့်ခြင်းရဲ့ သင်္ကေတတစ်ခုလို ဖြစ်နေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အကောင်းဆုံး ဇိမ်ခံကားအမျိုးအစားတွေထဲက တစ်ခုလဲဖြစ်ပါတယ်.။ ဝယ်ယူချင်တယ်ဆိုရင်တော့ $306,000 ကျသင့်မှာဖြစ်ပါတယ်.။
(5) ASTON-MARTIN RAPIDE
5.9 V12 အင်ဂျင်အသုံးပြုထားတဲ့ ဒီကားဟာ တံခါးလေးပေါက် ကားအမျိုးအစားဖြစ်ပြီး မြင်းကောင်ရေ 470 အင်ဂျင်ပါဝါနဲ့ 60 mph ကို 5 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ ဂီယာ 6 ချက်၊ Auto နဲ့ Manual နှစ်မျိုးသုံး touchtronic automatic transmission ကို အသုံးပြုထားပါတယ်.။ အတွင်းပိုင်းဟာလည်း အပြင်ပိုင်းလိုပဲ စတိုင်ကျစွာ တည်ဆောက်ထားပါတယ်.။ ထိုင်ခုံတွေဟာ ကိုယ်ဝင်ထိုင်လိုက်တာနဲ့ ကိုယ်နှစ်သက်တဲ့ အပူချိန် (သို့) အအေး ကို အလိုအလျောက်ညှိပေးမှာဖြစ်ပြီး အဆင့်မြင့်တဲ့ အသံစနစ်လဲ ပါဝင်ပါတယ်.။ ဈေးနှုန်းကတော့ $201,000 ဖြစ်ပါတယ်.။
MyanmarCarsDB မှ Sport ကားများကို ကြည့်ရန်
(6) FERRARI 458
ဒီမော်ဒယ်ဟာ 430 ကို အစားထိုးဖို့ တည်ဆောက်ခဲ့တာလို့ ပြောပေမယ့် တကယ်တော့ ပိုကောင်းအောင် တည်ဆောက်ထားတာဖြစ်ပါတယ်.။ 4.5-liter V8 အင်ဂျင်ကိုအသုံးပြုထားပြီး 62 mph ကို 3.3 စက္ကန့်အတွင်း ရောက်ရှိစေနိုင်တဲ့ ဒီကားဟာ အလေးချိန်လဲ ပေါ့ပါးတာကြောင့် မောင်းနှင်တဲ့အခါ လေထဲမှာ ပျံနေသလို ခံစားရစေနိုင်ပါတယ်.။ ဈေးနှုန်းကတော့ $ 237,000 ဖြစ်ပါတယ်.။
(7) LAMBORGHINI AVENTADOR
Lamborghini ကတော့ အားလုံးသိကြမှာပါ.။ ဒီကားဟာ ပေါ့ပါးတဲ့ 1500 kg ရှိတဲ့ ကားတစ်စီးဖြစ်ပြီး 6.5-liter V12 အင်ဂျင်ကို အသုံးပြုထားပါတယ်.။ 60 mph ကို 2.9 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပြီး Top Speed ကတော့ 217 km/h ဖြစ်ပါတယ်.။ ဈေးနှုန်းကလဲ ပြင်းပါတယ်.။ $400,000 – $440,000 ကျသင့်မှာဖြစ်ပါတယ်.။ LP 700-4 မော်ဒယ်ဟာ အစီးရေ 4000 ပဲ ထုတ်လုပ်မှာဖြစ်ပါတယ်.။
(8) CHEVROLET CORVETTE C7
ဒီဇိုင်းလှပလွန်းတဲ့ ဒီကားဟာ 6.2-litre V8 LT1 အင်ဂျင်ကို အသုံးပြုထားပြီး သူ့အင်ဂျင်မှာ မောင်းနှင်နေစဉ် လောင်စာကို ထိန်းချုပ်နိုင်တဲ့စနစ်၊ လောင်စာရည် ပေးပို့မှုကို ထိန်းချုပ်ပေးနိုင်တဲ့စနစ်နဲ့ တိုက်ရိုက်လောင်စာ ပေးပို့တဲ့စနစ် အစရှိတဲ့ တီထွင်ဆန်းသစ်မှုတွေ ပါဝင်ပါတယ်.။ ဂီယာ 6 ချက် Auto စနစ် နဲ့ ဂီယာ 7 ချက် Manual စနစ်ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်.။ ယခင်မော်ဒယ်ဖြစ်တဲ့ C6 နဲ့နှိုင်းယှဉ်ရင် တစ်ခုတည်းသော အားနည်းချက်ကတော့ ပစ္စည်းထည့်သွင်းတဲ့ Space နည်းသွားခြင်းပါပဲ.။ ဒါပေမယ့် ဒါဟာလဲ နောက်ဆုံးမှ သင်စဉ်းစားမယ့် အချက်ဖြစ်ပါတယ်.။
(9) HONDA (ACURA) NSX 2015
Detroit Auto Show 2015 ကို သိမ်းပိုက်ခဲ့တဲ့ Honda ရဲ့ NSX ဟာ 2015 ခုနှစ်အတွင်းမှာမှ ထုတ်လုပ်မှာဖြစ်ပေမယ့် အားလုံးကိုဖမ်းစားနိုင်ခဲ့ပါတယ်.။ Honda ဟာ NSX ကို 2005 ခုနှစ်မှာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီး 2015 မှာမှ ပြန်လည်ထုတ်လုပ်မှာဖြစ်ပါတယ်.။ 2015 မော်ဒယ်အကြောင်းကို အများကြီးမသိရသေးပေမယ့် သိရသလောက်ကတော့ Hybrid အမျိုးအစား ဖြစ်ပြီး 3.5 liter V6 အင်ဂျင်ကို လျှပ်စစ်မော်တာ 3 လုံးနဲ့ ပူးတွဲတပ်ဆင်မှာ ဖြစ်ပါတယ်.။ အခြားအသေးစိတ်အချက်အလက်တွေ မသိရသေးပေမယ့် မျက်မြင်တွေ့နေရတဲ့ ဒီဇိုင်းနဲ့တင် လူတိုင်းလိုချင်မယ့် ကားအမျိုးအစားဖြစ်ပါတယ်.။
(10) JAGUAR XF PREMIUM LUXURY
ဇိမ်ခံကားတစ်စီး လိုချင်တယ်ဆိုရင်တော့ ဒီကားဟာ အထူးထုတ်လုပ်ထားတဲ့ ဇိမ်ခံကားအမျိုးအစား ဖြစ်ပါတယ်.။ အပြင်ပန်းရော အတွင်းမှာပါ ဇိမ်ခံပစ္စည်းများစွာ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်.။ အလိုအလျောက် အပူချိန်ညှိပေးနိုင်တဲ့ လည်သာ ထိုင်ခုံများ၊ Screen မျက်နှာပြင်ကို တို့ထိပြီး လွယ်ကူစွာ ပါကင်ထိုးနိုင်တဲ့စနစ်၊ ညအချိန်မောင်းနှင်ရာမှာ ကူညီပေးနိုင်တဲ့ မှန်ကို အလိုအလျောက် မှိန်ဖျော့ပေးတဲ့ စနစ်၊ ဂီယာ 8 ချက်ပါ Smart ဂီယာစနစ် အစရှိတဲ့ Feature ပေါင်းများစွာ ပါဝင်ပါတယ်.။ အမြန်ဆုံးအဖြစ် 149 mph အထိ မောင်းနှင်နိုင်ပြီး 60 mph ကို 6.7 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ ဈေးနှုန်းကတော့ ပါဝင်တဲ့ Feature တွေပေါ် မူတည်ပြီး $45,000 နဲ့ $95,000 ကြားရှိမှာဖြစ်ပါတယ်.။
Aung Mon Chan