Toyota Wish Magway
Toyota Wish 0 စီး Magway Division တွင် ရောင်းရန်ရှိသည်။
Related Toyota Models
- Toyota 4Runner
- Toyota Corolla
- Toyota Wish
- Toyota Crown
- Toyota Super Custom
- Toyota Succeed
- Toyota Corolla Van
- Toyota bB
- Toyota Crown Majesta
- Toyota Land Cruiser Prado
- Toyota Noah
- Toyota Premio
- Toyota Allion
- Toyota ToyoAce
- Toyota TownAce
- Toyota LiteAce
- Toyota Celsior
- Toyota Land Cruiser Cygnus
- Toyota Commuter
- Toyota Dyna
- Toyota Hilux Vigo
- Toyota Hilux Vigo Champ
- Toyota Porte
- Toyota Crown Athlete
မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောToyota Wish
ခြုံငုံသုံးသပ်ချက်
Toyota Wish သည် မိသားစုသုံးအဖြစ်အဆင်ပြေတဲ့MPVအမျိုးအစား ဖြစ်ပီး Wish ကို မြို့ရော၊နယ်ဘက်မှာပါ အကြိုက်တွေ့ကြပါတယ်။ ၂၀၀၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပါသည်။ Wish မှာ မျိုးဆက်နှစ်မျိုးရှိပြီး ပထမက ၂၀၀၃ ကနေ ၂၀၀၉ ၊ ဒုတိယက ၂၀၀၉ ကနေ လက်ရှိအထိဖြစ်ပါတယ်။ ၆ယောက်စီး၊၇ယောက်စီး ၂ မျိုးထုတ်ပြီး 2WD နဲ့ 4 WD နှစ်မျိုးလာပါတယ်။4 WD မှာ 1800 cc တစ်မျိုးတည်းရှိပြီး S,G,X ဆိုတဲ့ ဂရိတ်ခွဲတွေလာပါတယ်။ 2WD မှာတော့ 1800cc,2000cc နှစ်မျိုးလုံးလာပြီး Z ဂရိတ်မှာတော့ 2000cc တစ်မျိုးပဲရှိပါတယ်။ ရုပ်ထွက်လန်းပြီး ပွဲတက်အဖြစ်ပါသုံးနိုင်သော Toyota Wish မှာ လူကြိုက်များသော Model ဖြစ်သည်။
အဓိကအင်္ဂါရပ်များသုံးသပ်ချက်
သက်တောင့်သက်သာရှိမှု | |
အတွင်း ဒီဇိုင်း | |
အပြင် ဒီဇိုင်း | |
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက် | |
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု |
Toyota Wish အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်
Toyota Wish တွင် အကောင်းဆုံးသောဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော Anti-သော့ခတ်ဘရိတ်စနစ် (ABS)၊ လေအိတ် (၆)ခု၊ ယာဉ်ထိန်းချုပ်ရေး (VSC) များ ပါရှိသည်။
Toyota Wish အင်ဂျင် အသေးစိတ်ဖော်ပြချက်များ
Toyota Wishတွင် ၁.၈လီတာ နှင့် ၂လီတာ များထုတ်လုပ်ပြီး ၂၀၀၃ model ကနေ ၂၀၀၉ တွေအထိတွေ့ရပါသည်။ Toyota Wish တွင် ၄ဆလင်ဒါ ၁.၈လီတာ DOHC အင်ဂျင်သည် ဓာတ်ဆီစားသက်သာသော အင်ဂျင်အဖြစ် ကျော်ကြားသည်။ Toyota Wish မှာ ၂ ဘီးယက် ရော၊ ၄ ဘီးယက် စနစ်ပါ ရရှိနိုင်ပါသည်။
Toyota Wish ရရှိနိုင်သာ အရောင်များ
မြန်မာ ကားဈေးကွက်အတွက် ရရှိနိုင်သောToyota Wishအရောင်များမှာ ပုလဲဖြူ၊ရောင်၊ အနက်ရောင်၊ ငွေရောင်၊ အပြာရောင်၊ မီးခိုးရောင်၊ အဖြူရောင် နှင့် အနီရောင် ဖြစ်ကြ၏။ ၎င်း တို့အနက် ပုလဲမှာ လူကြိုက်လည်းများသလို အခြားအရောင်တွေထက် ဈေးလည်း ပိုပေးရပါသည်။
Toyota Wish အရွယ်အစား
- အရှည် : ၄,၅၉၀ mm (၁၀၈.၃ in)
- အကျယ်: ၁,၆၉၅ mm (၆၆.၇ in)
- အမြင့် : ၁,၅၉၀ mm (၆၂.၆ in)
- ဘီးခြေ: ၂,၇၅၀ mm (၁၀၈.၇ in)
- အလေးချိန်: ၁,၃၅၅– ၁,၃၈၀ kg (၂,၉၈၇.၃– ၃,၀၄၂.၄ lb)
Toyota Wish အားနည်းချက်
Toyota Wish ကား များသည် နယ်ဝေးခရီးသွားပါက အောက်ပိုင်း သိပ်မလွတ်ချင် ပါ။ ထိုင်ခုံများသည် သက်တောင့်သက်သာ ရှိမှူ အနည်းငယ် အားနည်းပါသည်။
Toyota Wish ဈေးနှုန်း
Toyota Wish ကား အမျိုးအစား ၏ ဈေးနှုန်းများသည် ထုတ်လုပ်သည့် ခုနှစ်အလိုက် ကွာခြားမှုရှိသည်။ ၂၀၀၃ မှ ၂၀၀၉ မော်ဒယ်များ၏ ဈေးနှုန်း မှာ ခန့်မှန်းခြေအားဖြင့် ၄၀ သိန်း မှ ၄၀၀ သိန်း အထိ ရှိသည်။