8bef0676d0385f1e6af65d87c0b11c225f65de14

Bago Division

Toyota Mark II 1 စီး Bago တွင် ရောင်းရန်ရှိသည်။

မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောToyota Mark II

ခြုံငုံသုံးသပ်ချက်

Toyota Mark ll ကို ၁၉၆၈ မှ ၂၀၀၄ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး တံခါး၎ပေါက် sedan အမျိုးအစား အဖြစ်ဈေးကွက်ဝင်လာပါသည်။ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ ထိထုတ်တဲ့ မျိုးဆက်၉ဆက်မြောက် ကိုလည်းတွေ့နိုင်ပါတယ်။ ၎င်းမျိုးဆက်မှာ အဆင့်မြင့်နည်းပညာများနှင့် ဇိမ်ခံ အတန်းအစားအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ Toyota Mark ll ကို လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကတည်းက ထုတ်လုပ်မှူရပ်ဆိုင်းခဲ့သော်လည်း ၎င်းသည် ပြည်တွင်းတွင် လူကြိုက်များသောတံဆိပ်အဖြစ် ကျော်ကြားလျက်ရှိသည်။

အဓိကအင်္ဂါရပ်များသုံးသပ်ချက်

သက်တောင့်သက်သာရှိမှု
အတွင်း ဒီဇိုင်း
အပြင် ဒီဇိုင်း
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက်
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု

Toyota Mark II အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်

Toyota Mark II တွင် အကောင်းဆုံးသောဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော Anti-သော့ခတ်ဘရိတ်စနစ် (ABS)၊ ဘေးလေအိတ်၊ ယာဉ်ထိန်းချုပ်ရေး (VSC) နှင့် လုံခြုံရေးအတွက် အထူးစိတ်ချ၇သော (SRS) လေအိတ် တို့တပ်ဆင်ထားပါသည်။

Toyota Mark II အင်ဂျင် အသေးစိတ်ဖော်ပြချက်များ

Toyota Mark ll ဇိမ်ခံကား sedan သည် ၂ လီတာ ဓာတ်ဆီအင်ဂျင် နှင့် ၂.၅ လီတာ ဓာတ်ဆီအင်ဂျင်ဟူ၍ရှိသည်။ Toyota Mark ll မှာ အော်တိုဂီယာ ၂ ဘီးယက် စနစ် ရရှိနိုင်ပါသည်။

Toyota Mark II ရရှိနိုင်သာ အရောင်များ

မြန်မာကားဈေးကွက်အတွက် ရရှိနိုင်သော Toyota Mark ll အရောင်များမှာ ငွေအဖြူ ၊ ပုလဲရွှေရောင်၊ ပုလဲ ဖြူရောင်၊ ငွေရောင်၊ ၊ မီးခိုးရောင် ၊ အပြာရောင် နှင့် နက်ပြာရောင် ဖြစ်ကြ၏။ ၎င်းတို့အနက် ငွေအဖြူ ၊ ပုလဲရွှေရောင်မှာ လူကြိုက်အများဆုံး အရောင်ဖြစ်သည်။

Toyota Mark II အရွယ်အစား

  • အရှည် : ၄,၇၃၅ mm
  • အကျယ် : ၁,၇၆၀ mm
  • အမြင့် : ၁,၄၆၀ mm
  • ဘီးခြေ : ၂,၇၈၀ mm
  • အလေးချိန် : ၁,၅၃၀ kg

Toyota Mark II အားနည်းချက်

ယခုအခါ ဆီစား သက်သာသော hatchback အမျိုးအစား ၁၃၀၀ စီစီကားလေးများ နှင့် ယှဉ်လျင် Toyota Mark ll ကား များသည် ဆီစား အနည်းငယ် မြင့်မားနိုင်ပြီး အပိုစ္စည်းများလည်းဈေးများပါသည်။

Toyota Mark II ဈေးနှုန်း

Toyota Mark ll ကို ဝယ်သူများ၏ ဘတ်ဂျက်နှင့်ကိုက်ညီမှုရှိစေရန် မော်ဒယ်အမျိုးမျိုးနှင့် စတိုင်လ်အမျိုးမျိုး ထုတ်လုပ်ထားပါသည်။ ၁၉၉၅ မှ ၂၀၁၄ မော်ဒယ်တွေဈေးနှုန်းမှာ ခန့်မှန်းခြေအားဖြင့် သိန်း၉၀ မှ သိန်း ၃၀၀ အထိရှိ သည်။

မြန်မာနိုင်ငံရှိ Toyota Mark II နှင့်ဆင်တူသောအခြားကားမော်ဒယ်များ

မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောToyota Mark IIနောက်ဆုံးထွက်မော်ဒယ်များ

Download Android App