Toyota Land Cruiser Magway
Toyota Land Cruiser 0 စီး Magway Division တွင် ရောင်းရန်ရှိသည်။
Related Toyota Models
- Toyota 4Runner
- Toyota Corolla
- Toyota Land Cruiser
- Toyota Crown
- Toyota Super Custom
- Toyota Succeed
- Toyota Corolla Van
- Toyota bB
- Toyota Crown Majesta
- Toyota Land Cruiser Prado
- Toyota Noah
- Toyota Premio
- Toyota Allion
- Toyota ToyoAce
- Toyota TownAce
- Toyota LiteAce
- Toyota Celsior
- Toyota Land Cruiser Cygnus
- Toyota Commuter
- Toyota Dyna
- Toyota Hilux Vigo
- Toyota Hilux Vigo Champ
- Toyota Porte
- Toyota Crown Athlete
မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောToyota Land Cruiser
ခြုံငုံသုံးသပ်ချက်
Toyota Land Cruiser ကို ၁၉၈၁ခုနှစ်အတွင်း Toyota မှ ပထမဦးဆုံး Jeep ကားပုံစံအဖြစ်ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ မျိုးဆက်၉ဆက်မြောက်ဖြစ်ပြီး ၂၀၀၈ခုနှစ်မှစတင် ထုတ်လုပ်ခဲ့ပါသည်။ ယင်းသည် တံခါး ၅ ခု၊ SUV အမျိုးအစား လေးဘီးယက် ဖြစ်သည်။ ပြည်တွင်း ပြည်ပ ဈေးကွက်တွင် Toyota Land Cruiser သည် အင်ဂျင်ကောင်းမွန်ပြီး ဇိမ်ခံ ကားတန်းဝင် ဖြစ်သည့်အပြင် လမ်းကြမ်းမောင်းနှင်ရန်လည်း အထူးသင့်ေ့လျာ်ပါသည်။ ဂီယာ (၄) ချက် နှင့် ဂီယာ (၆) ချက် Auto ဂီယာ သာရှိပြီး ဂီယာ (၅) ချက်တွင် Auto ရော Manual ပါ ရှိပါသည်။
အဓိကအင်္ဂါရပ်များသုံးသပ်ချက်
သက်တောင့်သက်သာရှိမှု | |
အတွင်း ဒီဇိုင်း | |
အပြင် ဒီဇိုင်း | |
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက် | |
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု |
Toyota Land Cruiser အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်
Toyota Land Cruiser တွင် အကောင်းဆုံးသောဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော ကုန်းဆင်း လုံခြုံရေး စနစ်၊ ကုန်းတက် လုံခြုံရေး စနစ်၊ Anti-သော့ခတ်ဘရိတ်စနစ် (ABS)၊ ပတ်လည်လေအိတ် အပါအဝင် စုစုပေါင်း လေအိတ် (၁၀)ခု၊ ယာဉ်ထိန်းချုပ်ရေး (VSC) အပြင် မောင်းသူ နှင့် လိုအပ်လျင် အလိုအလျောက် တင်းကျပ်ပေးသော ခါးပတ်များ ပါရှိသည်။ Toyota Land Cruiser သည် လုံခြုံရေး စနစ်အရ အပြစ် အနာအဆာ မရှိဟုသတ်မှတ်ခြင်းခံ ရသော်လည်း မဆင်မခြင် အရှိန်လွန်မောင်းနှင်ခြင်းကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှူ ရှိတတ်ပါသည်။
Toyota Land Cruiser အင်ဂျင် အသေးစိတ်ဖော်ပြချက်များ
Toyota Land Cruiser ဇိမ်ခံကား SUV သည် ၆ ဆလင်ဒါ ၄.၀ လီတာ အင်ဂျင် မှ ၄.၅ လီတာ အင်ဂျင် အင်ဂျင်အထိ အမျိုးမျိုး ရှိသည်။ နောက်ဆုံးပေါ် Model တွင် ၅.၇ V8 တာဗို အင်ဂျင်ကိုတွေ့ရမှာ ဖြစ်ပါတယ်။Toyota Land Cruiser မှာ ၄ ဘီးယက် စနစ်သာ ရရှိနိုင်ပါသည်။
Toyota Land Cruiser ရရှိနိုင်သာ အရောင်များ
မြန်မာကားဈေးကွက်တွင် ငွေရောင်၊ ပုလဲရောင်၊ ပုလဲရွှေရာင်၊ အနက်ရောင်၊ အဖြူ ရောင်၊ မီးခိုးရောင်၊ အစိမ်းရောင် နှင့် အခြားသောအရောင် များစွာ ရရှိနိုင်ပါသည်။ ၎င်း တို့အနက် ပုလဲ၊ငွေရောင် နှင့် အနက်ရောင်မှာ လူကြိုက်များသောအရောင်များ ဖြစ်သည်။
Toyota Land Cruiser အရွယ်အစား
- အရှည် : ၄,၉၅၀ mm (၁၉၄.၉ in)
- အကျယ်: ၁,၉၇၀ mm (၇၇.၆ in)
- အမြင့် : ၁,၈၈၀ mm (၇၄.၀ in)
- ဘီးခြေ: ၂,၈၅၀ mm (၁၁၂.၂ in)
- အလေးချိန် : ၂,၇၃၀ kg (၁၀၇.၅ lb)
Toyota Land Cruiser အားနည်းချက်
Toyota Land Cruiser ၏ အဓိက အားနည်းချက်မှာ အင်ဂျင်ကြီးသည့်အတွက် လောင်စာသုံးစွဲမှု မြင့်မားခြင်းဖြစ်သည်။
Toyota Land Cruiser ဈေးနှုန်း
Toyota Land Cruiser အဆင့်မြင့် ဇိမ်ခံ ကား များသည် ဈေးကြီးတန်းဝင် SUV ကား အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းများသည် ထုတ်လုပ်သည့် ခုနှစ်အလိုက် ကွာခြားမှုရှိသည်။ ၁၉၉၉ မှ ၂၀၀၉ မော်ဒယ်များ၏ ဈေးနှုန်း မှာ ခန့်မှန်းခြေအားဖြင့် ၃၅၀ သိန်း မှ ၂၈၀၀ သိန်း အထိ ရှိသည်။
မြန်မာနိုင်ငံရှိ Toyota Land Cruiser နှင့်ဆင်တူသောအခြားကားမော်ဒယ်များ
Toyota Land Cruiser ၏ အဓိက ပြိုင်ဘက်မှာ Land Rover Range Rover ဖြစ်သည်။ အခြား ဆင်တူကားမော်ဒယ်များမှာ -