မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောToyota Land Cruiser Prado

ခြုံငုံသုံးသပ်ချက်

ပြည်တွင်းရောက် တန်ကြေးကြီးကားမော်ဒယ်တွေထဲမှာ Land Cruiser Prado ကတော့လူကြိုက်များပြီး ကျော်ကြားသလောက်လည်း ကောင်းမွန်တာကိုတွေ့ရပါသည်။ ဇိမ်ခံမော်ဒယ်အဖြစ်ရော၊ အကြမ်းသုံးအဖြစ်ပါ အသုံးပြုနိုင်သည့် အပြင် ပွဲတက်လို့လည်းအဆင်ပြေပါသည်။ စွမ်းဆောင်ရည်ကောင်းလို့ အင်ဂျင်ပါဝါကလည်း ကြီးပါသည်။ ၁၉၈၄ ခုနှစ်မှာစတင် ထုတ်လုပ်ခဲ့ပြီး ဂျစ်ကား ပုံစံ ထုတ်လုပ်ခဲ့ ပါသည်။နောက်ပိုင်းမှာတော့ အဆင့်ဆင့်ပုံစံခွဲတွေ ထုတ်လုပ်လာခဲ့ရာမှာ ယနေ့အချိန်မှာတော့ Land Cruiser က ကြယ် ၅ ပွင့်အဆင့်ဖြစ်လာခဲ့ပါတယ်။ပြည်တွင်းမှာအတွေ့ရများတာက J100 series နဲ့ J200 series တွေဖြစ်ပြီး J100 က ၁၉၉၈ model ကနေ ၂၀၀၇ model ထိဖြစ်ကာ J200 က ၂၀၀၇ ကနေ လက်ရှိအထိ ဖြစ်ပါသည်။

အဓိကအင်္ဂါရပ်များသုံးသပ်ချက်

သက်တောင့်သက်သာရှိမှု
အတွင်း ဒီဇိုင်း
အပြင် ဒီဇိုင်း
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက်
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု

Toyota Land Cruiser Prado အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်

Toyota Land Cruiser Prado တွင် အကောင်းဆုံးသော ဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော ကုန်းဆင်းလုံခြုံရေးစနစ်၊ ကုန်းတက်လုံခြုံရေးစနစ်၊ Anti-သော့ခတ်ဘရိတ်စနစ် (ABS)၊ ပတ်လည်လေအိတ် အပါအဝင် စုစုပေါင်း လေအိတ် (၇)ခု၊ ယာဉ်ထိန်းချုပ်ရေး (VSC) အပြင် မောင်းသူ နှင့် လိုအပ်လျင် အလိုအလျောက် တင်းကျပ်ပေးသော ခါးပတ်များ ပါရှိသည်။ လုံခြုံစိတ်ချရမှုမှာ ထိပ်တန်းအဆင့် ရှိပါသည်။

Toyota Land Cruiser Prado အင်ဂျင် အသေးစိတ်ဖော်ပြချက်များ

Toyota Land Cruiser Prado ဇိမ်ခံကား SUV သည် J 100 မှာ အင်ဂျင် ၄.၂ လီတာ၊ ၄.၅ လီတာ၊ ၄.၇ လီတာ အစားစား ရှိပါတယ်။ ဂီယာ (၅) ချက်မှာ Manual လာပါတယ်။ J200 မှာတော့ အင်ဂျင် ၄.ဝလီတာ၊ ၄.၆ လီတာ၊ ၄.၇ လီတာ၊ ၅.၇ လီတာ တို့လာပါတယ်။ ၄.၅ လီတာမှာ တာဗို အင်ဂျင် ပါလာတာကို တွေ့ရပါတယ်။ ဂီယာ (၆) ချက် အော်တို ရှိပြီး ဂီယာ (၅) ချက်မှာ CVT စနစ် ဖြစ်လာပါတယ်။ Toyota Land Cruiser Prado မှာ ၄ ဘီးယက် စနစ်သာ ရရှိနိုင် ပါသည်။

Toyota Land Cruiser Prado ရရှိနိုင်သာ အရောင်များ

မြန်မာကားဈေးကွက်တွင် ငွေရောင်၊ ပုလဲဖြူရောင်၊ ပုလဲရွှေရာင်၊ အနက်ရောင်၊ အဖြူ ရောင်၊ မီးခိုးရောင်၊ အပြာရောင်၊အစိမ်းရောင် နှင့် အခြားသောအရောင် များစွာ ရရှိနိုင်ပါသည်။ ၎င်း တို့အနက် ပုလဲ၊ငွေရောင် နှင့် အနက်ရောင်မှာ လူကြိုက်များသောအရောင်များ ဖြစ်သည်။ ခဲ၊ငွေ၊အနီ၊အစိမ်း စတဲ့အရောင်တွေကတော့ အတွေ့ရနည်းပါတယ်။

Toyota Land Cruiser Prado ၏ ပျမ်းမျှ အရွယ်အစား

  • အရှည် : ၄,၇၈၀ mm
  • အကျယ်: ၁,၈၈၅ mm
  • အမြင့် : ၁,၈၄၅ mm
  • ဘီးခြေ: ၂,၇၉၀ mm

Toyota Land Cruiser Prado အားနည်းချက်

Toyota Land Cruiser Prado ၏ အဓိက အားနည်းချက်မှာ အင်ဂျင်ကြီးသည့်အတွက် လောင်စာသုံးစွဲမှု မြင့်မားခြင်း၊ ပြင်ဆင်စရိတ်ကြီးခြင်း နှင့် ကိုယ်ထည်ကြောင့် မြို့တွင်းလမ်းတွေမှာ အဆင်မပြေနိုင်ပါ။

Toyota Land Cruiser Prado ဈေးနှုန်း

Toyota Land Cruiser Prado အဆင့်မြင့် ဇိမ်ခံ ကား များသည် ဈေးကြီးတန်းဝင် SUV ကား အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းများသည် ထုတ်လုပ်သည့် ခုနှစ် အလိုက် ကွာခြားမှု ရှိသည်။ ၁၉၉၆ မှ ၂၀၀၆ မော်ဒယ်များ၏ ဈေးနှုန်း မှာ ခန့်မှန်းခြေအားဖြင့် ၁၅၀ သိန်း မှ ၁၇၀၀ သိန်း အထိ ရှိသည်။

မြန်မာနိုင်ငံရှိ Toyota Land Cruiser Prado နှင့်ဆင်တူသောအခြားကားမော်ဒယ်များ

မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသော Toyota Land Cruiser Prado နောက်ဆုံးထွက်မော်ဒယ်များ

  • Toyota Land Cruiser Prado 2006 Model
  • Toyota Land Cruiser Prado 2003 Model
  • Toyota Land Cruiser Prado 2002 Model
  • Toyota Land Cruiser Prado 2000 Model
  • Toyota Land Cruiser Prado 1999 Model
  • Toyota Land Cruiser Prado 1998 Model
  • Toyota Land Cruiser Prado 1997 Model
  • Toyota Land Cruiser Prado 1996 Model