
Toyota Kluger Shan
Toyota Kluger 0 စီး Shan State တွင် ရောင်းရန်ရှိသည်။
Related Toyota Models
- Toyota 4Runner
- Toyota Corolla
- Toyota Kluger
- Toyota Crown
- Toyota Super Custom
- Toyota Succeed
- Toyota Corolla Van
- Toyota bB
- Toyota Crown Majesta
- Toyota Land Cruiser Prado
- Toyota Noah
- Toyota Premio
- Toyota Allion
- Toyota ToyoAce
- Toyota TownAce
- Toyota LiteAce
- Toyota Celsior
- Toyota Land Cruiser Cygnus
- Toyota Commuter
- Toyota Dyna
- Toyota Hilux Vigo
- Toyota Hilux Vigo Champ
- Toyota Porte
- Toyota Crown Athlete
မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောToyota Kluger
ခြုံငုံသုံးသပ်ချက်
Toyota Kluger သည်မောင်းနှင်ရလွယ်ကူပြီး အင်အားကြီး V6 အင်ဂျင်ပါသော SUV(Sport Utility Vehicle) ဖြစ်ပါတယ်။ အတွင်းပိုင်းကောင်းမွန်ပြီး Adjustments လုပ်နှိင်သော ထိုင်ခုံများမှာ သက်တောင့်သက်သာရှိသည်။ ထို့ပြင် အနောက်ခန်းထိုင ်ခရီးသည်များအတွက်လည်း လေအိတ်ပါရှိသည်။
အဓိကအင်္ဂါရပ်များသုံးသပ်ချက်
သက်တောင့်သက်သာရှိမှု | |
အတွင်း ဒီဇိုင်း | |
အပြင် ဒီဇိုင်း | |
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက် | |
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု |
Toyota Kluger သုံးသပ်ချက်
Toyota Kluger သည်၂၀၀၂ခုနစ်တွင် ထိုင်ခုံ(၇)နေရာပါပြီး ပြိုင်ကားဆန်သောစတိုင်ဆန်သော SUV ကားလိုင်းအသွင်သစ်အဖြစ် စတင်ဈေးကွက်ဝင်ခဲ့သည်။ ထို့နောက် Kluger L နှင့် Kluger Hybrid ထိုင်ခုံနေရာ (၇) နေရာပါသော versionကို မိတ်ဆက်ပေးခဲ့ရာ လူသိများကျော်ကြားသော အမှတ်တံဆိပ်ဖြစ်လာသည်။
Toyota Kluger အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်
Toyota Kluger တွင်ကုလားကာလေအိတ်နဲ့ အပြင်ခရီးသည်များ(၇)ယောက်အတွက် လေအိတ်ကာကွယ်မှုရှိသည်။ နေ့ခင်းဘက်ပြေးအလင်းအိမ်နှင့် အရုဏ်တက်နှင့်မိုးမလင်းမီအချိန်တွင် ဘေးကင်းစေရန် အလင်းရောင် မြှင့်တင်ပေးသော “Automatic Headlamps” ပါရှိသည်။ ထို့ပြင် လမ်းသွားထွက်ခွာသတိပေးစက် ပါရှိသည်။
Toyota Kluger အင်ဂျင် အသေးစိတ်ဖော်ပြချက်များ
Toyota Kluger SUV သည် V6 ၃.၅ လီတာဓာတ်ဆီအင်ဂျင်ရှိသည်။ Klugerမှာ အော်တိုဂီယာ ၂ ဘီးယက်စနစ် သို့မဟုတ် ၄ ဘီးယက်စနစ် ရရှိနိုင်ပါသည်။
Toyota Kluger ရရှိနိုင်သာ အရောင်များ
မြန်မာကားဈေးကွက်အတွက် ရရှိနိုင်သော Toyota Kluger အရောင်များမှာ အပြာရောင်အရင့်၊ အပြာရောင်အနု၊ ပုလဲရောင်၊ အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်နှင့် အနီရောင်ဖြစ်ကြ၏။ ၎င်းတို့အနက် အဖြူရောင် နှင့် အနက် ရောင်မှာ လူကြိုက်များသောအရောင်ဖြစ်သည်။
Toyota Kluger အရွယ်အစား
- အရှည် : ၄,၆၉၀ mm (၁၈၄.၆ in)
- အကျယ် : ၁,၈၂၅ mm (၇၁.၉ in)
- အမြင့် : ၁,၆၈၅ mm (၆၆.၃ in)
- ဘီးခြေ : ၂,၇၁၅ mm (၁၀၆.၉ in)
- အလေးချိန် : ၁,၆၄၀ kg (၃,၆၁၆ lb)
Toyota Kluger အားနည်းချက်
Toyota Kluger ၏အဓိက အားနည်းချက်မှာ အခြားအဆင့်မြင့် နောက်ဆုံးပေါ်ကားများကဲ့သို့ အော်တိုအရေးပေါ်ဘရိတ် (AEB) စနစ် ပါဝင် ခြင်း မရှိပေ။
Toyota Kluger ဈေးနှုန်း
Toyota Kluger ကိုဝယ်သူများ၏ ဘတ်ဂျက်နှင့်ကိုက်ညီမှုရှိစေရန် မော်ဒယ်အမျိုးမျိုး နှင့် စတိုင်လ်အမျိုးမျိုး ထုတ်လုပ်ထားပါသည်။ ၂၀၀၁ မှ ၂၀၁၆ မော်ဒယ်တွေဈေးနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ၁၇၅သိန်းမှ ၄၈၀သိန်းအထိ ရှိသည်။