
Toyota Crown Royal Saloon Shan
Toyota Crown Royal Saloon 0 စီး Shan State တွင် ရောင်းရန်ရှိသည်။
Related Toyota Models
- Toyota 4Runner
- Toyota Corolla
- Toyota Ipsum
- Toyota Crown
- Toyota Super Custom
- Toyota Succeed
- Toyota Corolla Van
- Toyota bB
- Toyota Crown Majesta
- Toyota Crown Royal Saloon
- Toyota Noah
- Toyota Premio
- Toyota Allion
- Toyota ToyoAce
- Toyota TownAce
- Toyota LiteAce
- Toyota Celsior
- Toyota Land Cruiser Cygnus
- Toyota Commuter
- Toyota Dyna
- Toyota Hilux Vigo
- Toyota Hilux Vigo Champ
- Toyota Porte
- Toyota Crown Athlete
မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောToyota Crown Royal Saloon
ခြုံငုံသုံးသပ်ချက်
Toyota Crown Royal Saloon သည် လူကြိုက်များမော်ဒယ် တစ်ခုဖြစ်သော Sedan တန်းဝင် Crown ဖြစ်ပြီး အဆင့်မြင့် ဇိမ်ခံကားတန်းဝင် မော်ဒယ်ဖြစ်ကာ ပွဲတက်ဖို့အတွက် သင့်လျော်ပါသည်။ ၁၉၉၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ ပြီး Crown မှာ မျိုးဆက်တစ်ဆယ့်လေးဆက် ရှိပါသည်။ ပြည်တွင်း ဈေးကွက်မှာ ရှိနေတဲ့ မော်ဒယ်တွေကိုပဲ အလွယ်ဆုံး ကြည့်မယ် ဆိုရင် ၂.၅ နဲ့ ၃.ဝလီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေပဲ အများဆုံးရှိပြီး မော်ဒယ်နှစ်အရ ၂၀၀၀ခုနှစ်ထုတ် မော်ဒယ်ကနေ ၂၀၀၄ခုနှစ်ထုတ် မော်ဒယ်တွေ အများဆုံးဈေးကွက်ဝင်နေပါတယ်။ ရုပ်ပြောင်း ၂၀၀၄ မော်ဒယ် Royal Saloon တွေက လူကြိုက်ပိုများသလို နောက်ပိုင်းမှာ မော်ဒယ်နှစ် ကန့်သတ်ချက်အရ ၂၀၀၆ နောက်ပိုင်းမော်ဒယ် တွေလည်းဈေးကွက်ထဲမှာ တွေ့နေရပါတယ်။
အဓိကအင်္ဂါရပ်များသုံးသပ်ချက်
သက်တောင့်သက်သာရှိမှု | |
အတွင်း ဒီဇိုင်း | |
အပြင် ဒီဇိုင်း | |
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက် | |
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု |
Toyota Crown Royal Saloon အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်
Toyota Crown Royal Saloon တွင် အကောင်းဆုံးသော ဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော Anti-သော့ခတ်ဘရိတ်စနစ် (ABS)၊ လေအိတ် (၇)ခု၊ ယာဉ်ထိန်းချုပ်ရေး (VSC) များ ပါရှိသည်။ ထို့ပြင် Intelligent Clearance Sonar ကဲ့သို့သော ယာဉ်တိုက်မှုကာကွယ်ပေးသော စနစ်များလည်း ပါရှိသည်။ ၂၀၁၄ တွင် Toyota Crown Royal Saloon သည် Japan New Car Assessment Program (JNCAP) ၏ လုံခြုံမှုအကောင်းဆုံးဆု ရရှိခဲ့သည်။
Toyota Crown Royal Saloon အင်ဂျင် အသေးစိတ်ဖော်ပြချက်များ
Toyota Crown Royal Saloon တွင် ၂.၀ လီတာ၊ ၂.၅ လီတာ နှင့် ၃.၀ လီတာ တွေ ထုတ်လုပ် ပြီး ၂၀၀၃ model ကနေ ၂၀၀၉ တွေ အထိ တွေ့ရ ပါသည်။ Toyota Crown Royal Saloon တွင် ၄.၆ လီတာ 1UR-FSE V8 အင်ဂျင်သည် ဓာတ်ဆီစား သက်သာသော အင်ဂျင်အဖြစ် ကျော်ကြားသည်။ Toyota Crown Royal Saloon မှာ ၂ ဘီးယက်ရော၊ ၄ ဘီးယက်စနစ် ပါ ရရှိနိုင်ပါသည်။
Toyota Crown Royal Saloon ရရှိနိုင်သာ အရောင်များ
မြန်မာ ကားဈေးကွက်အတွက် ရရှိနိုင်သော Toyota Crown Royal Saloon အရောင်များမှာ ပုလဲဖြူ၊ရောင်၊ အနက်ရောင်၊ ငွေရောင်၊ အပြာရောင်၊ မီးခိုးရောင် နှင့် အပြာရင့်ရောင် ဖြစ်ကြ၏။ ၎င်းတို့အနက် ငွေရောင်၊ ပုလဲဖြူရောင် နှင့် အနက်ရောင်မှာ လူကြိုက်လည်းများသလို အခြားအရောင်တွေထက် ဈေးလည်းပိုပေး ရပါသည်။
Toyota Crown Royal Saloon အရွယ်အစား
- အရှည် : ၄,၅၉၀ mm
- အကျယ်: ၁,၈၆၀ mm
- အမြင့် : ၁,၄၇၀ mm
- ဘီးခြေ: ၂,၈၆၀ mm
Toyota Crown Royal Saloon အားနည်းချက်
Toyota Crown Royal Saloon သည် ဇိမ်ခံကား ဖြစ်သောကြာင့် ဈေးနှုန်းမြင့်မားသည်။ ဆက်စပ်ပစ္စည်းများလည်း ဈေးမြင့်တယ်၊ ဆီစားများတယ်။ ကားကရှည်တော့ ရန်ကုန်လို နေရာမျိုးမှာ သွားလာရတာနဲ့ ပါကင်ထိုးဖို့ ခက်ခဲပါသည်။
Toyota Crown Royal Saloon ဈေးနှုန်း
Toyota Crown Royal Saloon ကားအမျိုးအစား၏ ဈေးနှုန်းများသည် ထုတ်လုပ်သည့် ခုနှစ်အလိုက် ကွာခြားမှုရှိသည်။ ၂၀၀၁ မှ ၂၀၀၉ မော်ဒယ်များ၏ဈေးနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ၂၀၀ သိန်း မှ ၁၂၀၀ သိန်း အထိရှိသည်။