
Toyota Caldina Rakhine
Toyota Caldina 0 စီး Rakhine State တွင် ရောင်းရန်ရှိသည်။
Related Toyota Models
- Toyota 4Runner
- Toyota Corolla
- Toyota Ipsum
- Toyota Caldina
- Toyota Crown
- Toyota Super Custom
- Toyota Succeed
- Toyota Corolla Van
- Toyota bB
- Toyota Crown Majesta
- Toyota Noah
- Toyota Premio
- Toyota Allion
- Toyota ToyoAce
- Toyota TownAce
- Toyota LiteAce
- Toyota Celsior
- Toyota Land Cruiser Cygnus
- Toyota Commuter
- Toyota Dyna
- Toyota Hilux Vigo
- Toyota Hilux Vigo Champ
- Toyota Porte
- Toyota Crown Athlete
မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသော Toyota Caldina
ခြုံငုံသုံးသပ်ချက်
၁၉၉၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Caldina ဟာ Toyota Carina နဲ့ Toyota Corona wagon တွေနေရာကိုအစားထိုးဖို့ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆို မျိုးဆက် ၃ ဆက်တိုင်လာခဲ့ပါပြီ။ပထမမျိုးဆက်မှာတော့ station wagon တွေနဲ့ station van တွေကိုပဲထုတ်ခဲ့ပြီး ပြည်တွင်းမှာတော့ အငှားယာဉ်သုံး (ပဲခြမ်း)အဖြစ်လူသိများပါသည်။ဒုတိယမျိုးဆက်မှာတော့ ၁၉၉၇ model ကနေ ၂၀၀၂ model အထိ station wagon တွေသာထုတ်ပြီး (ကြက်တူရွေးလို့လူသိများပါတယ်) တတိယမျိုးဆက်ကတော့ ရုပ်ထွက်ကိုပါလုံးဝပြောင်းလဲလိုက်ကာ စက်ရုပ်အဖြစ်လူသိများတဲ့ ၂၀၀၂ ကနေ ၂၀၀၇ model အထိထုတ်လုပ်ခဲ့ပါသည်။ ပထမနဲ့ ဒုတိယမျိုးဆက်တွေမှာ Diesel ရော Petrol ပါ ၂ မျိုးလုံးလာပေမဲ့ တတိယမျိုးဆက်မှာတော့ Petrol တစ်မျိုးသာလာပါသည်။ ပြည်တွင်းကားဈေးကွက်မှာတော့ Toyota Caldina ဟာ တာရှည်ခံမှု ၊ အဆင်ပြေမှုတွေကြောင့် လူကြိုက်များလှပါသည်။
အဓိကအင်္ဂါရပ်များသုံးသပ်ချက်
သက်တောင့်သက်သာရှိမှု | |
အတွင်း ဒီဇိုင်း | |
အပြင် ဒီဇိုင်း | |
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက် | |
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု |
Toyota Caldina အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်
Toyota Caldina တွင် အကောင်းဆုံးသောဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော ကုန်းဆင်း လုံခြုံရေး စနစ်၊ ကုန်းတက် လုံခြုံရေး စနစ်၊ Anti-သော့ခတ်ဘရိတ်စနစ် (ABS)၊ ပတ်လည်လေအိတ် အပြင် ကုလားကာ လေအိတ်၊ ယာဉ်ထိန်းချုပ်ရေး (VSC) အပြင် မောင်းသူ နှင့် လိုအပ်လျင် အလိုအလျောက် တင်းကျပ်ပေးသော ခါးပတ်များ ပါရှိသည်။
Toyota Caldina အင်ဂျင် အသေးစိတ်ဖော်ပြချက်များ
Toyota Caldina တွင် အင်ဂျင် ၁.၅ လီတာ၊ ၁.၈ လီတာ၊ ၂.၀ လီတာ နှင့် ၂.၂ လီတာ ဟု အစားစား ရှိပါတယ်။ အော်တို ဂီယာနဲ့ ကားတွေ ဖြစ်ပြီး ၁.၈ လီတာ တွင် 2WD တစ်မျိုးတည်းသာ ထုတ်လုပ်ပြီး ၂ .၀ လီတာ ကိုတော့ 2WD, 4WD နှစ်မျိုး ဖြင့် ထုတ်လုပ်ပါသည်။ဓါတ်ဆီမှာဆို ၁.၅ လီတာ၊ ၁.၈ လီတာ၊ ၂.၀ လီတာ အင်ဂျင်တွေလာပြီး ၂.၀ လီတာ မှာ Turbo တွေလည်းရှိတယ်။ဒီဇယ်မှာတော့ ၂.၀ လီတာ နှင့် ၂.၂ လီတာ Turbo အင်ဂျင်တွေရှိပါတယ်။
Toyota Caldina ရရှိနိုင်သာ အရောင်များ
မြန်မာကားဈေးကွက်တွင် ငွေရောင်၊ ပုလဲဖြူရောင်၊ ပုလဲရွှေရာင်၊ အနက်ရောင်၊ အဖြူ ရောင်၊ မီးခိုးရောင်၊ အပြာရောင်၊အစိမ်းရောင် နှင့် အခြားသောအရောင် များစွာ ရရှိနိုင်ပါသည်။ ၎င်း တို့အနက် အဖြူ ရောင်၊ ပုလဲ၊ငွေရောင် နှင့် အနက်ရောင်မှာ လူကြိုက်များသောအရောင်များ ဖြစ်သည်။ ပဲခြမ်းနဲ့ကြက်တူရွေးမှာတော့ အဓိကအရောင်က အဖြူပါ။ စက်ရုပ်မှာတော့ လူငယ်ကြိုက် Crazy color တွေလာသလို အရောင်အသွေးစုံ လမ်းတွေပေါ်မှာတွေ့ရပါ တယ်။
Toyota Caldina အရွယ်အစား
- အရှည် : ၄,၅၁၀ mm (၁၇၇.၆ in)
- အကျယ်: ၁,၇၄၀ mm (၆၈.၅ in)
- အမြင့် : ၁,၄၄၅ mm (၅၆.၉ in)
- ဘီးခြေ: ၂,၇၀၀ mm (၁၀၆.၃ in)
Toyota Caldina အားသာချက်
Station wagon တွေဖြစ်လို့လုပ်ငန်းသုံးအပြင် အိမ်စီးအဖြစ်ပါရတယ်။အကြမ်းခံတယ်၊အတွင်းခန်းကျယ်တယ်။
Toyota Caldina အားနည်းချက်
Toyota Caldina ၏ ကြက်တူရွေးနဲ့စက်ရုပ်တွေမှာ အင်ဂျင်ပါဝါ ၁.၈ လီတာ ကစတာမို့လို့ ဆီစားနည်းနည်းများချင်တယ်၊ပြင်ဆင်စရိတ်နည်းနည်းကြီးတယ်။
Toyota Caldina ဈေးနှုန်း
Toyota Caldina ဈေးနျှုန်းသင့်တင့်ပြီး အရည်သွေးကောင်းမွန်သော Station Wagon ကားအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းများသည် ထုတ်လုပ်သည့်ခုနှစ်အလိုက် ကွာခြားမှု ရှိသည်။ ၂၀၀၃ မှ ၂၀၁၁ မော်ဒယ်များ၏ ဈေးနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ၁၀၃သိန်း မှ ၂၄၀သိန်း အထိရှိသည်။