
Suzuki Swift
Suzuki Swift 137 စီး Myanmar တွင် ရောင်းရန်ရှိသည်။
Location Filters
Related Suzuki Models
Suzuki Swift 2019
Suzuki Swift 2012
Suzuki Swift 2018
Suzuki Swift 2011
Suzuki Swift 2009
Suzuki Swift 2018
Suzuki Swift 2013
Suzuki Swift 2019
မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသော Suzuki Swift
ခြုံငုံသုံးသပ်ချက်
Suzuki Swift ကို ၁၉၈၅ခုနှစ်အတွင်း ပထမဦးဆုံး ဈေးကွက်အတွင်းထွက်ပေါ်လာပြီး hatchback အမျိူးအစားအဖြစ ်ဈေးကွက်ဝင်လာပါသည်။ ယင်းသည် တံခါး၅ခု၊ အရှေ့အင်ဂျင် hatchback အမျိုးအစား ဖြစ်သည်။ ၄ ယောက်စီး၊ ၅ ယောက်စီး ၂ မျိုးထုတ်ပြီး 2WD နဲ့ 4 WD နှစ်မျိုးလာပါတယ်။ ပြည်တွင်း ဈေးကွက်တွင် လူကြိုက်အများဆုံး Hatchback တန်းဝင် Suzuki Swift က လူငယ်၊လူကြီးကြိုက် Brand အဖြစ်သတ်မှတ်ခံထားရသော ကားအမျိုးအစား ဖြစ်သည်။ Suzuki Swift သည် ပါကင်ထိုးမူတွေမှာ လွယ်ကူမှု steering ကို ကိုင်တွယ်မှုလွယ်ကူခြင်း နှင့် စွမ်းရည်မြင့်မားခြင်းကြောင့် ဈေးကွက်မှာမိတ်ဆက်ကတည်းက မြန်မာနိုင်ငံတွင်အရောင်းရဆုံး ဖြစ်လာသည်။
အဓိကအင်္ဂါရပ်များသုံးသပ်ချက်
သက်တောင့်သက်သာရှိမှု | |
အတွင်း ဒီဇိုင်း | |
အပြင် ဒီဇိုင်း | |
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက် | |
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု |
Suzuki Swift အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်
Safety features အနေနဲ့ကတော့ dual airbags (ABS) ကို တိုက်အား တိုင်းတာမှုစနစ် ( force limiters) နဲ့ တွဲဖက်ပြီး နေရာဒေသ အချိန်မရွေး စွမ်းဆောင် ပေးနိုင်အောင် တပ်ဆင်ထားပါတယ်။ ထို့ပြင် အကောင်းဆုံးသော ဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော ကုန်းဆင်း လုံခြုံရေး စနစ်၊ ကုန်းတက် လုံခြုံရေး စနစ်၊ Anti-သော့ခတ်ဘရိတ်စနစ်(ABS)၊ ပတ်လည်လေအိတ်အပြင် ကုလားကာ လေအိတ်၊ ယာဉ်ထိန်းချုပ်ရေး (VSC) အပြင် မောင်းသူ နှင့် လိုအပ်လျင် အလိုအလျောက် တင်းကျပ်ပေးသော ခါးပတ်များ ပါရှိသည်။ လုံခြုံစိတ်ချရမှုမှာ NCAP ၏ ကြယ်ငါးပွင့် ရရှိပါသည်။
Suzuki Swift အင်ဂျင် အသေးစိတ်ဖော်ပြချက်များ
Engine စွမ်းဆောင်ရည်ကိုကြည့်ရင် 1.2-litre DualJet ဓာတ်ဆီအင်ဂျင်အမျိုးစားကို နည်းပညာအသစ်တွေနဲ့ပေါင်းစပ်အသုံးပြုထားတာကြောင့်ရုန်းကန်အားကောင်းမွန်ပြီးှဆီစားသက်သာစေပါတယ်။ ဂီရာ ဘောက်စ် ကတော့ Manual ရော Auto ပါနှစ်မျိုးစလုံးရရှိနိုင်ပါတယ်။ ဆီစားနှုန်းကတော့ Auto gear အတွက်ဆို ရင်တော့မြို့တွင်းဆိုရင် 1 itre ကို 0-62mph အထိ၊ မြို့ပြင်ကိုတော့ 1 litre ကို 16.2 kilometers အထိသုံးစွဲနှုန်းရှိပါတယ်။ Manual ကတော့ ရန်ကုန်မြို့တွင်းအတွက် 1litre ကို 12 kilometers နှုန်း၊ မြို့ပြင်ကို 1 litre 18.1 kilometers နှုန်းနဲ့ ဇိမ်ကျကျမောင်းနှင်နိုင်ပါတယ်။ ကားရဲ့ steering ကပေါ့ပါးလွန်းအားကြီးလို့ ကားတစ်စီးလုံးလေးတယ်လို့မထင်စေပဲ သက်တောင့်သက်သာရှိစေပါတယ်။
Suzuki Swift ရရှိနိုင်သာ အရောင်များ
မြန်မာကားဈေးကွက်တွင် ငွေရောင်၊ ပုလဲဖြူရောင်၊ အနီရောင်၊ အနက်ရောင်၊ အဖြူ ရောင်၊ အစီမ်းရောင်၊ အပြာရောင် ရရှိနိုင်ပါသည်။ ၎င်း တို့အနက် ငွေရောင် နှင့် အနက်ရောင်မှာ လူကြိုက်များသောအရောင်များ ဖြစ်သည်။
Suzuki Swift ၏ ပျမ်းမျှ အရွယ်အစား
- အရှည် : ၃,၈၅၀ mm (၁၅၁.၆ in)
- အကျယ်: ၁,၆၉၅ mm (၆၆.၇ in)
- အမြင့် : ၁,၅၁၀ mm (၅၉.၄ in)
- ဘီးခြေ: ၂,၄၃၀ mm (၉၅.၇ in)
Suzuki Swift အားသာချက်
အတွင်းခန်းသေသပ်တယ်၊ Spare parts မရှားဘူး၊ ပြင်စင်စရိတ်သက်သာတယ်။ ဆီစားအရမ်းသက်သာပါတယ်။ မြို့တွင်းသွားလာလို့အင်မတန်ကောင်းတယ်။
Suzuki Swift အားနည်းချက်
ကားရဲ့Body ထင်သလောက်မမာကြောဘူး၊ အောက်ပိုင်းနိမ့်တာကြောင့်ခရီးထွက်လို့အဆင်မပြေဘူး။ ဒီဇိုင်းကတော့ပုံမှန် sedan type ဖြစ်တာကြောင့် သိပ်မထူးခြားဘူး။
Suzuki Swift ဈေးနှုန်း
Suzuki Swift ကို ဝယ်သူများ၏ ဘတ်ဂျက်နှင့်ကိုက်ညီမှုရှိစေရန် မော်ဒယ်အမျိုးမျိုးနှင့် စတိုင်လ် အမျိုးမျိုး ထုတ်လုပ်ထားပါသည်။ ဈေးနှုန်းများသည် ထုတ်လုပ်သည့် ခုနှစ်အလိုက် ကွာခြားမှုရှိသည်။ ၂၀၀၇ မှ ၂၀၁၄ မော်ဒယ်များ၏ ဈေးနှုန်း မှာ ခန့်မှန်းခြေအားဖြင့် ၉၂ သိန်း မှ ၂၁၂ သိန်း အထိ ရှိသည်။