မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသောHyundai Starex

ခြုံငုံသုံးသပ်ချက်

Hyundai Starex သည် လူကြိုက်များမော်ဒယ်တစ်ခုဖြစ်သော MPV (mini van) အမျိုးအစား ဖြစ်ပြီး မြို့ရော၊နယ်ဘက်မှာပါ အကြိုက်တွေ့ကြပါတယ်။ Starex ကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ ပြီး ပထမ မျိုးဆက်မှာ ၁၉၉၇ ခုနှစ် မှ ၂၀၀၇ အထိ၊ ဒုတိယ မျိုးဆက်မှာ ၂၀၀၇ ခုနှစ် မှ ယခုအချိန် အထိ ဖြစ်ပါသည်။ ဈေးနှုန်း ချိုသာပြီး ၊အကြမ်းခံ ခြင်း၊Spare parts ပေါများခြင်း ကြောင့် လူကြိုက်များ ပါသည်။ ဒီမော်ဒယ်က နယ်ဘက်မှာ ခရီးတို သွားရေးလာရေးမှာ အရင်က ဒိုင်နာတွေနေရာမှာ အစားထိုးလာတဲ့ Starexတွေရဲ့ နေရာရမှုကတော့ သိသာလွန်းပါတယ်။ နယ်မှာဆိုအမြန်ယာဉ်ငယ်လိုင်းလေး တစ်ခုမှာ လိုင်းဝင် အနေနဲ့ နေရာရပြီ ဆိုရင်တော့ ဈေးလည်းချို၊ လုပ်ငန်းလည်း လုပ်နိုင်မယ်၊ အငှားရရင်လည်း လိုက်နိုင်မယ့် အသုံးဝင်သော အမျိုးအစား ဖြစ်သည်။

အဓိကအင်္ဂါရပ်များသုံးသပ်ချက်

သက်တောင့်သက်သာရှိမှု
အတွင်း ဒီဇိုင်း
အပြင် ဒီဇိုင်း
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက်
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု

Hyundai Starex အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်

Hyundai Starex တွင် အကောင်းဆုံးသောဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော Anti-lock ဘရိတ်စနစ် (ABS)၊ Disc ဘရိတ်စနစ်၊မောင်းသူ အပြင် ခရီးသည်အတွက် အသက်ကယ် လေအိတ်၊ ယာဉ်ထိန်းချုပ်ရေး (VSC) များ၊ လုံခြုံရေး ခါးပတ်များ ပါရှိသည်။

Hyundai Starex အင်ဂျင် အသေးစိတ်ဖော်ပြချက်များ

Hyundai Starex သည် ၂.၄ လီတာ Theta II I4 ဓာတ်ဆီ နှင့် ၂.၅ လီတာ TCI I4၊ ၂.၅ လီတာ CRDI VGT I4 ဒီဇယ် အင်ဂျင်တို့ရှိသည်။ Lexus RX300 နှင့် Toyota Camry ကားများကဲ့သို့ ၃.၄ လီတာ V6 1MZ-FE အင်ဂျင် ပါဝင်သည်။ Hyundai Starex မှာ အော်တိုဂီယာ ၂ ဘီးယက် စနစ် သို့မဟုတ် ၄ ဘီးယက် စနစ် ရရှိနိုင်ပါသည်။ ဂီယာ (၄)ချက် နှင့် (၅) ချက်တွင် Auto ဂီယာ သာရှိပြီး ဂီယာ (၅) ချက် နှင့် (၆) ချက်တွင် Manual ဂီယာ ရှိပါသည်။ ပြည်တွင်း ဈေးကွက်မှာ ရှိနေတဲ့ မော်ဒယ်တွေကိုပဲ အလွယ်ဆုံး ကြည့်မယ်ဆိုရင် ၂၄၀၀ CC သုံး အင်ဂျင်တပ် မော်ဒယ်တွေပဲ အများဆုံး ရှိနေပြီး Manual gear တွေများပါတယ်။

Hyundai Starex ရရှိနိုင်သာ အရောင်များ

မြန်မာ ကားဈေးကွက် အတွက် ရရှိ နိုင်သော Hyundai Starex အရောင ်များမှာ အနက်ရောင်၊ အဖြူရောင်၊ အနီရောင်၊ ငွေရောင်၊ အဝါရောင်၊ ရွှေရောင် နှင့် အပြာရောင် ဖြစ်ကြ ၏။ ၎င်းတို့အနက် အဖြူရောင် နှင့် ငွေရောင် မှာ လူကြိုက် များ ပါသည်။

Hyundai Starex ၏ ပျမ်းမျှ အရွယ်အစား

  • အရှည် : ၅,၁၂၅ mm (၂၀၁.၈ in)
  • အကျယ် : ၁,၉၂၀ mm (၇၅.၆ in)
  • အမြင့် : ၁,၉၃၅ mm (၇၆.၂ in)
  • ဘီးခြေ : ၃,၂၀၀ mm (၁၂၆.၀ in)

Hyundai Starex ဈေးနှုန်း

Hyundai Starex ကား အမျိုးအစား ၏ ဈေးနှုန်းများသည် ထုတ်လုပ်သည့် ခုနှစ်အလိုက် ကွာခြားမှုရှိသည်။ ၂၀၀၄ မှ ၂၀၁၁ မော်ဒယ်များ၏ ဈေးနှုန်း မှာ ခန့်မှန်းခြေအားဖြင့် ၇၀ သိန်း မှ ၂၃၀ သိန်း အထိ ရှိသည်။

မြန်မာနိုင်ငံရှိ Hyundai Starex နှင့်ဆင်တူသောအခြားကားမော်ဒယ်များ

မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသော Hyundai Starex နောက်ဆုံးထွက်မော်ဒယ်များ

  • Hyundai Starex 2011 Model
  • Hyundai Starex 2010 Model
  • Hyundai Starex 2009 Model
  • Hyundai Starex 2008 Model
  • Hyundai Starex 2007 Model
  • Hyundai Starex 2006 Model
  • Hyundai Starex 2005 Model
  • Hyundai Starex 2004 Model