
Honda Insight
Honda Insight 192 စီး Myanmar တွင် ရောင်းရန်ရှိသည်။
Related Honda Models
Honda Insight 2010
Honda Insight 2012
မြန်မာနိုင်ငံတွင်ရောင်းရန်ရှိသော Honda Insight
ခြုံငုံသုံးသပ်ချက်
ဒီဇိုင်း လှပတဲ့ အပြင် သဘာ၀ ပတ်ဝန်းကျင် ကိုပါ ထိန်းသိမ်းနိုင်ဖို့ အတွက် Hybrid (စွမ်းအင် နှစ်မျိုးစပ်ကား) အမျိုးအစား ြ ဖစ်သည်။ Honda Insight သည် Civic ပြီးရင ်ပြည်တွင်းမှာ လူကြိုက်များ တဲ့ကားပါ။ ဒါပေမဲ့ Civic က ဆီဒင်(Sedan)၊ Insight က Hatchback ဖြစ်လို့နှိုင်းယှဉ်လို့တော့ မရနိုင်ပါ။ Honda ရဲ့ စက်ရုပ်လို့ကျော်ကြားတဲ့ Insight က ဓာတ်ဆီနဲ့ လျှပ်စစ်မော်တာကို တွဲဖက်သုံးစွဲထားလို့ Emission ထွက်ရှိမှု နည်းသလို ဆီစားလဲ သက်သာပါသည်။ ယင်းသည် တံခါး ၅ ခု၊ အရှေ့အင်ဂျင် hatchback အမျိုးအစား ဖြစ်သည်။ G,LS,L ဆိုပြီး Grade ခွဲ ၃ မျိုးထုတ်ပါသည်။ ၁၉၉၉ ခုနှစ်ထဲက ထုတ်လုပ်ခဲ့ပြီး အခုဆိုရင် မျိုးဆက်နှစ်မျိုး ထွက်ရှိပြီးပါပြီ။ ပြည်တွင်းမှာတော့ ဒုတိယမျိုးဆက်( ၂၀၀၉ ကနေ ၂၀၁၄) အထိ Model တွေသာတွေ့ရပါသည်။ Insight ဟာ ၂၀၁၃ ခုနှစ်က Green Car Of The Year ဆုကိုရရှိထားတဲ့ ကားလည်းဖြစ်ပါသည်။
အဓိကအင်္ဂါရပ်များသုံးသပ်ချက်
သက်တောင့်သက်သာရှိမှု | |
အတွင်း ဒီဇိုင်း | |
အပြင် ဒီဇိုင်း | |
အန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက် | |
ငွေကြေးနှင့်ဈေးနှုန်းမျှတမှု |
Honda Insight အန္တရာယ်ကင်းရှင်းရေးသုံးသပ်ချက်
Honda Insight တွင် အကောင်းဆုံးသောဘေးကင်းလုံခြုံရေး စနစ်များဖြစ်သော ကုန်းဆင်း လုံခြုံရေး စနစ်၊ ကုန်းတက် လုံခြုံရေး စနစ်၊ Anti-သော့ခတ်ဘရိတ်စနစ် (ABS)၊ ပတ်လည်လေအိတ် အပြင် ကုလားကာ လေအိတ်၊ ယာဉ်ထိန်းချုပ်ရေး (VSC) အပြင် မောင်းသူ နှင့် လိုအပ်လျင် အလိုအလျောက် တင်းကျပ်ပေးသော ခါးပတ်များ ပါရှိသည်။ လုံခြုံစိတ်ချရမှုမှာ Europe ၏ NCPA ဆု ကြယ်ငါးခု ထိ အဆင့် ရှိပါသည်။
Honda Insight အင်ဂျင် အသေးစိတ်ဖော်ပြချက်များ
Honda Insight သည် 1.3L အင်ဂျင် တစ်မျိုးသာထုတ်ပြီး ၂၀၁၁ Model အထက်တွေကတော့ ဆိုင်းထိန်းစနစ်၊စတိုင်နဲ့အတွင်းတွေကို အဆင့်မြှင့်တင်ထားပါသည်။ Hybrid ဘတ်ထရီစနစ် အသုံးပြုထား ပြီး လိမ်ကျစ်အားမှာ ၈၇ bhp နှင့် ၁၂၁ Nm တို့ဖြစ်သည်။
Honda Insight ရရှိနိုင်သာ အရောင်များ
မြန်မာကားဈေးကွက်တွင် ငွေရောင်၊ ပုလဲဖြူရောင်၊ ပုလဲရွှေရာင်၊ အနက်ရောင်၊ အဖြူ ရောင်၊ မီးခိုးရောင်၊ အပြာရောင်၊အစိမ်းရောင် နှင့် အခြားသောအရောင် များစွာ ရရှိနိုင်ပါသည်။ ၎င်း တို့အနက် ပုလဲ၊ငွေရောင် နှင့် အနက်ရောင်မှာ လူကြိုက်များသောအရောင်များ ဖြစ်သည်။ အရောင်ပိုင်းမှာတော့ လူငယ်ကြိုက်ပုံစံဖြစ်လို့ ရှားပါးရောင်တွေပါတွေ့ရပါသည်။
Honda Insight အရွယ်အစား
- အရှည် : ၃,၉၄၅ mm (၁၅၅.၃ in)
- အကျယ်: ၁,၆၉၅ mm ( ၆၆.၇ in)
- အမြင့် : ၁,၃၅၅ mm ( ၅၃.၃ in)
- ဘီးခြေ: ၂,၄၀၀ mm ( ၉၄ in)
Honda Insight အားသာချက်
Honda Insight ၏ ဒီဇိုင်း လန်းပြီး Safety ကိုဦးစားပေးထားသလို ပြည်တွင်းရောက် Hatchback တွေထဲမှာတော့ ဇိမ်အရှိဆုံး နှင့် ဆီစား သက်သာသောကြောင့် လူကြိုက်များသော ကားအမျိူအစားဖြစ်သည်။
Honda Insight အားနည်းချက်
Honda Insight ၏ အဓိက အားနည်းချက်မှာ ဘတ်ထရီစနစ်ကလည်း ချို့ယွင်းသွားလျင် ပြင်ဆင်စရိတ်ကြီးမားနိုင် ပါသည်။
Honda Insight ဈေးနှုန်း
Honda Insight ဈေးနျှုန်းသင့်တင့်ပြီး အရည်သွေးကောင်းမွန်သော Hatchback ကားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းများသည် ထုတ်လုပ်သည့်ခုနှစ်အလိုက် ကွာခြားမှုရှိသည်။ ၂၀၀၈ မှ ၂၀၁၃ မော်ဒယ်များ၏ ဈေးနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ၁၁၀ သိန်း မှ ၂၃၀ သိန်း အထိ ရှိသည်။