fb-pageview-tracker
Cover Photo
Cover Photo

PREMIUM ASSIST SERVICE

CarsDB inspection team သည် လူကြီးမင်း ရှိရာ နေရာသို့ ကိုယ်တိုင်လာပြီးလူကြီးမင်း၏ကားကို စစ်ဆေးပေးမှာဖြစ်ပါသည်။ ထိုအပြင်လူကြီးမင်း၏ကားကိုလည်း မြန်မြန်ရောင်းထွက်နိုင်အောင် CarsDB မှ ကူညီရောင်းချ ပေးသွားမှာဖြစ်ပါသည်။

CarsDB inspection team နှင့် ချိတ်ဆက်ပြီး ရှုပ်ထွေးလှတဲ့ ကားရောင်းချမှုအဆင့်အဆင့်ကို ရှောင်ရှားလိုက်ပါ။

Sell As Premium Assist

WHAT IS PREMIUM ASSIST ?

Premium Assist ဆိုသည်မှာ လူကြီးမင်းကိုယ်စား ကားအရောင်းလုပ်ငန်းကိစ္စအဝဝအား ကူညီဆောင်ရွက်ရောင်းချပေးသော Service တစ်ခု ဖြစ်ပြီး လူကြီးမင်း၏ကားကို CarsDB Premium Assist team မှ အချက်အလက်ပေါင်း ၈၅ ကျော်ကျော်ကို computer တွေ၊ ခေတ်မှီကိရိယာတန်ဆာပလာများနှင့် စစ်ဆေးမှာဖြစ်ပါသည်။ ကားကို စစ်ဆေးမည့်အပိုင်းအများကတော့ Engine ၊ Electrical ၊ Interior ၊ Exterior ၊ ကားရဲ့ Frame နှင့် ကားဆေးအရောင် စသည်တို့ကို အဓိကထား စစ်ဆေးမှာပါ။

စစ်ဆေးပြီးရလာတဲ့အချက်အလက်တွေကို CarsDB website ပေါ်သို့ တင်ပေးမှာဖြစ်ပါသည်။ ထိုအပြင် website ပေါ်မှ များပြားလှတဲ့ ကားအရောင်းအဝယ်လုပ်တဲ့လူတွေ၏ ဆက်သွယ်မှုများကိုလည်း လူကြီးမင်ကိုယ်စား CarsDB inspection team မှ ပြန်လည်ပြောကြားသွားမှာဖြစ်ပါသည်။ CarsDB Premium Assist team မှလည်းလူကြီးမင်း၏ကားကြော်ငြာကို တစ်ချိန်လုံးစောင့်ကြည့်နေသည့်အပြင်၊ လူကြီးမင်း၏ကားကိုလည်း မြန်မြန်ရောင်းထွက်အောင် ကူညီးပံပိုးပေးသွားမှာဖြစ်ပါသည်။

WHO COULD GET BENEFIT FROM THIS SERVICE ?

Buyer Icon
Buyers

CarsDB ရဲ့ Premium Assist team မှ စစ်ဆေးပြီး ထွက်လာတဲ့ အချက်အလက်များသည် ကားအကြောင်းကို အသေးစစ်ဖော်ပြထားသည့်အပြင် အနာအဆာများရှိနေပါက ဝယ်သူသတိထားမိအောင် highlight လုပ်ပေးထားပါသည်။ ထိုအပြင် ကားကို လူကိုယ်တိုင်သွားကြည့်စရာ မလိုဘဲ website ပေါ်မှာ ကားရဲ့ ဓာတ်ပုံတွေ video တွေကြည့်ခြင်းဖြင့် အချိန်ကုန်သက်သာပြီး ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မှာဖြစ်ပါသည်။

Selelr Icon
Sellers

ရောင်းချလိုသူများအနေဖြင့်လည်း CarsDB Inspection Team မှ မိမိရောင်းချလိုသောကား၏အခြေအနေကို လာရောက်စစ်ဆေးပေးခြင်း၊ လစဉ်ကြည့်ရှုသူဦးရေ ၄ သန်းအထက်ရှိသော CarsDB Website တွင် အရောင်း ကြေငြာတင်ပေးခြင်း၊ ရောင်းချခြင်းလုပ်ငန်းကိစ္စအဝဝကို ရောင်းသူကိုယ်စား CarsDB မှဆောင်ရွက်ပေးခြင်း စသည်တို့ကြောင့် အချိန်ကုန်ခံ၊ စိတ်ရှုပ်ခံစရာမလိုဘဲ လွယ်ကူလျင်မြန်စွာရောင်းချနိုင်ပါသည်။

HOW IT WORKS ?

ဆက်သွယ်ခြင်းနှင့် စစ်ဆေခြင်း
Sellr Icon
  • CarsDB သို့ ဖုန်းခေါ်ဆိုပါ (သို့) Online မှ ဆက်သွယ်ပါ။
  • Premium Assist Team မှ ကားကိုစစ်ဆေးခြင်း
  • Report ထုတ်ပေးခြင်း
ကားကြော်ငြာတင်ပေးခြင်း
Selelr Icon
  • ကားရဲ့အချက်အလက်များကိုကောက်ခြင်း၊ ဓာတ်ပုံ နှင့် ဗီဒီရို ရိုက်ပေးခြင်း
  • Website ပေါ်သို့ ကြောငြာတင်ပေးခြင်း
  • ရောင်းမထွက်မချင်း ကြော်ငြာပေးခြင်း
အရောင်းအ၀ယ်လုပ်ငန်း
sales process icon
  • ၀ယ်လက်နှင့်ချိတ်ဆက်ပေးခြင်း
  • ဝင်လာသောမေးမြန်းစုံစမ်းမှုများကို ရောင်းသူကိုယ်စား လက်ခံပြောကြားပေးခြင်း
  • ရောင်းသူကိုယ်စား ညှိနှိုင်းပေးခြင်း
စာချုပ်များ
sales process icon
  • CarsDB မှ အရောင်းအ၀ယ်စာချုပ်လုပ်ပေးခြင်း