fb-pageview-tracker
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကားအသစ်များဝယ်ယူရန်မှာ အလှမ်းဝေးကွာနေဆဲဖြစ်ပြီး မိမိတို့၏ လိုအပ်ချက်ကြောင့် ဖြစ်စေ၊ ဝါသနာပါ၍ဖြစ်စေ ကားဝယ်ယူလိုပါက ကားအအဟောင်းများကိုသာ အားထားနေရပေသည်။ သို့သော် ကားဟောင်းများ ဝယ်မည်ဆိုသည်မှာ အလွယ်တကူ ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သတိထားရမည့်အချက်များ အများအပြားရှိနိုင်ပါသည်။ ကားဟောင်း ဝယ်ယူရာတွင် အလှည့်စား မခံရစေရန် နှင့် ဆုံးဖြတ်ချက် အမှားများ မချမိစေရေးအတွက် သတိထားရမည့် အချက်များစွာထဲမှ အချို့ကို ဖော်ပြသွားပါမည်။
Read more »
ကားထုတ်လုပ်သည့် ကုမ္ဗဏီများမှ ကားဒီဇိုင်နာများသည် လည်းကောင်းတို့၏ ကားပုံစံ နောက်ဆုံးအဆင့်ကို တကယ့်အရွယ်အစားအတိုင်း ရွံ့ ဖြင့်ပြုလုပ်ကြခြင်းမှာ ထုံးစံပင်ဖြစ်သည်။ ထို့ကားပုံစံဒီဇိုင်းအား ခွင့်ပြုချက်ရပြီး ထုတ်လုပ်သည့်အဆင့်သို့ ရောက်ရှိသွားလျှင် ပြန်ဖျက်ပစ်တတ်ကြပြန်သည်။
Read more »
ယခုနောက်ပိုင်း ကားဝါသနာပါသူများအတွက် အရောင် တောက်တောက်ပြောင်ပြောင်မဟုတ်ပဲ ခပ်မှိန်မှိန်ရှိတဲ့ matte အမျိုးအစား ဆေးမှုတ်ခြင်းများ တော်တော်လေး ခေတ်စားလာခဲ့ပါသည်။ အရောင်တောက်တောက် ကားများကြားတွင် matte ဆေးရောင်နဲ့ ကားများဟာ တစ်မူထူးခြားတဲ့အတွက် လူကြိုက်ပိုများလာခဲ့သည်။
Read more »
ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း David Coulthard သည် တစ်နာရီလျှင် ၁၇၈မိုင်နှုန်းဖြင့် ရိုက်လိုက်သော ဂေါက်သီးအား ကားဖြင့်မောင်းပြီး လိုက်ဖမ်း၍ ကမ္ဘာ့စံချိန်တင်သွားကြောင်း သိရသည်။
မာစီးဒီးကားကုမ္ဗဏီမှ Viral Film အဖြစ်ရိုက်ကူးသောအစီအစဉ်အတွက် ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်သမားဖြစ်သော Jake Shepherd နှင့် ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း David Coulthard တို့အား ခေါ်ယူရိုက်ကူးခြင်းဖြစ်သည်။
Read more »
ကျွန်တော်တို့ MyanmarCarsDB သတင်းအဖွဲ့ မေလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သော Super Import Nights 2012 ကို သွားရောက်မှတ်တမ်းတင်သတင်းဓါတ်ပုံများ ရယူခဲ့ပါတယ်။
Read more »
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ် တို့တွင် ပြည်ပမှ ကားများတင်သွင်းရန်အတွက် ဘဏ်စာရင်း လာရောက်ဖွင့်သူများ များပြားလျက်ရှိကြောင်း သိရပါသည်။ ၂၀၀၇ ခုနှစ်မော်ဒယ်နှင့်အထက် အိမ်စီးမော်တော်ယဉ်များအား ပါမစ်မလိုပဲသွင်းခွင့်ကို ယခုလဆန်းပိုင်းတွင် ကြေငြာခဲ့ပါသည်။ ကြေငြာပြီး ရက်ပိုင်းအတွင်း ဘဏ်စာရင်းဖွင့်ခွင့်အတွက် အခက်အခဲများရှိခဲ့သော်လည်း ပြီးခဲ့သည့် အပတ်မှစတင်၍ စာရင်းဖွင့်လှစ်ပေးမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။
Read more »
(က)    အမည်                                   -
(ခ)     အဘအမည်                             -
(င)     ဘဏ်ရှိငွေပမဏ                        -
တန်ဖိုး
(ဇ)     နေရပ်လိပ်စာ                            -
Unicode Version
၂ဝဝ၇ ခုနှစ် မော်ဒယ်နှင့် အထက်မော်တော်ယာဉ်များ တင်သွင်းရန် လိုအပ်ချက်များ
မော်တော်ယာဉ်တင်သွင်းလိုလျှင် လိုင်စင်လျှောက်ထားရမည့်နေရာမှာ-
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၃)၊ နေပြည်တော်နှင့် ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ရန်ကုန်မြို့
တို့တွင် လာရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရာတွင် လိုအပ်သည်အချက်အလက်များမှာ-
၂ဝဝ၇ ခုနှစ်မော်ဒယ်နှင့် အထက် မော်တော်ယာဉ်တင်သွင်းခွင့် ပြုရာတွင် ဆောင်ရွက်ရမည့်အစီအစဉ်
၁။       ကားတင်သွင်းခွင့် လျှောက်ထားရာတွင် လျှောက်လွှာတွင် ပါဝင်ရမည့် အချက်အလက်များ
(က)    အမည်                                   -
(ခ)     အဘအမည်                             -
(ဂ)     နိုင်ငံစီစစ်ရေးကဒ်အမှတ်               -
(ဃ)    နိုင်ငံခြားငွေစာရင်းအမှတ်              -
(င)     ဘဏ်ရှိငွေပမဏ                        -
(စ)     တင်သွင်းလိုသည့်မော်တော်ယာဉ်     -
အမျိုးအစား ထုတ်လုပ်သည့်ခုနှစ်
(ဆ)    ဆိတ်ကမ်းရောက်မော်တော်ယာဉ်     -
တန်ဖိုး
(ဇ)     နေရပ်လိပ်စာ                            -
၂။            ပါရှိရမည့် အထောက်အထားစာရွက်များ
(က)    မှတ်ပုံတင်/နိုင်ငံသားစီစစ်ရေးကဒ ်မှုရင်းနှင့် မိတ္တူ
(ခ)     ဘဏ်စာအုပ်မှုရင်းနှင့် မိတ္တူ
(ဂ)     အိမ်ထောင်စုစာရင်း မိတ္တူ
(ဃ)    တင်သွင်းမည့် မော်တော်ယာဉ် Invoice မှုရင်း
(င)     မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီမှ စီစစ်ခွင့်ပြုခဲ့သည့် စာရင်း
ခေါင်းစဉ်တွင်ပါဝင်သော သင်္ဘောသားများ၊ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင် သည့် အလုပ်သမားများ၊  နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သောဝန်ထမ်းများအပါအဝင်  လူပုဂ္ဂိုလ် တစ်ဦးချင်းအားခွင့်ပြုပါမစ်ထုတ်ပေးခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်။
Reference: http://www.commerce.gov.mm/index.php?option=com_content&view=article&id=917%3A2012-05-11-10-06-11&catid=5%3Aupdate-international-news&Itemid=89&lang=my
Read more »
၂၀၀၇ ခုနှစ်မော်ဒယ်အထက် ကားများကို နိုင်ငံခြားမှ တင်သွင်းမည်ဆိုပါက ပါမစ်မလိုပဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း Eleven Media Group မှသတင်းအရ သိရပါသည်။ ဘဏ်စာရင်း ဖွင့်ခွင့်ပြုသည့် အသက်အရွယ်ရောက်သူတိုင်း နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းဖွင့်ထားပါက ထိုပမာဏသည် ကားတင်သွင်းမှုအတွက် ကိုက်ညီသည်ဆိုလျှင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
Read more »
အင်ဂျင်ပါဝါ ၁၃၀၀ စီစီ အောက်ကားများကို ပါမစ်သီးခြားလျှောက်စရာမလိုဘဲ တင်သွင်းနိုင်မည်ဟု အတည်မပြုနိုင်သေးသော ကောလဟာလသတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့တွင်ကားဈေးများထိုးကျသွားကြောင်း Yangon Press International မှတစ်ဆင့်ကြားသိရသည်။ အဆိုပါသတင်းကြောင့် ကားဈေးများသာမက ပါမစ်ဈေးများပါထိုးဆင်းသွားကြောင်း ၀ယ်ရောင်းမိတ်ဆွေများမှတစ်ဆင့်လည်း သိရပါသည်။
Unicode Version
အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ အောက်ကားများကို ပါမစ်သီးခြားလျှောက်စရာမလိုဘဲ တင်သွင်းနိုင်မည်ဟု အတည်မပြုနိုင်သေးသော ကောလဟာလသတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့တွင်ကားစျေးများထိုးကျသွားကြောင်း Yangon Press International မှတစ်ဆင့်ကြားသိရသည်။ အဆိုပါသတင်းကြောင့် ကားစျေးများသာမက ပါမစ်စျေးများပါထိုးဆင်းသွားကြောင်း ဝယ်ရောင်းမိတ်ဆွေများမှတစ်ဆင့်လည်း သိရပါသည်။
အထက်ပါသတင်းမှာ လက်ရှိဝယ်ပြီးသူများအတွက် သတင်းဆိုးတစ်ခုဖြစ်သော်လည်း နောက်နောင် အိမ်စီးကားငယ်လေးများဝယ်ယူမည့်သူများအတွက်တော့ သတင်းကောင်းတစ်ခုဟုပြောရမှာပါ။ အဆိုပါ အင်ဂျင် ၁၃ဝဝစီစီအောက်ကားအမျိုးအစားများတွင် Suzuki Swift, Toyota Vitz, Honda Fitt, Suzuki Wagon R+ နဲ့အတူ ချယ်ရီကားများလည်းပါဝင်ပါသည်။ တက္ကစီထောင်လိုသူများ၊ အိမ်စီးသုံရန်ဝယ်လိုသူများကြိုက်လေ့ရှိသည့် ကားတော်တော်များများဟု ပြောလို့ရပါသည်။
ဆက်စပ် သတင်းအချက်အလက်တစ်ခုအနေဖြင့် ကျွန်တော်တို့ MyanmarCarsDB တွင်လည်း အတင်အများဆုံးကား များမှာ ၁၃ဝဝ စီစီ အုပ်စုတန်းတွင် ပါဝင်သောကားများဖြစ်ကြောင်း အတည်ပြုပြောကြားအပ်ပါသည်။
တခြားရန်ကုန်တွင် ဘယ်လိုကားမျိုးကို အများဆုံးတွေ့ရှိဖူးသလဲဆိုတဲ့မေးခွန်းကိုလည်း ကျွန်တော်တို့ Facebook Page ပေါ်တွင်မေးထားပါသည်။ ဝင်ရောက်ဆွေးနွေးဖြေကြားပေးပါရန်တောင်းဆိုပါသည်။
Reference: Yangon Press International
Read more »
ကံထူးသူများကတော့...
Unicode Version
ကျွန်တော်များ MyanmarCarsDB မှ iPod Shuffle ကံထူးရှင်များ ရွေးချယ်ပြီးကြောင်း သတင်းကောင်းပေးပါရစေခင်ဗျာ။
hero1_20100901-500x273
ကံထူးသူများကတော့...
ကိုမင်း - 9/yamatha(N) 08xxxx - ပျဉ်းမနားမြို့နယ်
ကိုစည်သူ - 7/pamana(N) 14xxxx - တောင်ဥက္ကလာပမြို့နယ် နှင့်
ကိုကျော်ဝင်းသိန်း - 12/PaBaTa(N) 03xxxx - ပန်းဘဲတန်းမြို့နယ် တို့ဖြစ်ကြပါတယ်။
ကံထူးရှင်များကို ကျွန်တော်တို့ email နှင့် ဆက်သွယ်ပြီး iPod Shuffle များကို ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ MyanmarCarsDB ကို အားပေးကြတဲ့ ညီအစ်ကိုမောင်နှမများအား အထူးပဲကျေးဇူးတင်ရှိပါတယ်။
ယခုတစ်ခေါက် ကံမထူးကြတဲ့ အစ်ကိုအစ်မများ နောက်နောင်များမှာ ပိုမိုကံကောင်းကြပါစေခင်ဗျာ။
Read more »
News Category
ကားကြော်ငြာတင်ရန်
For Sale Graphic
Start selling your cars at CarsDB.com
ကားကြော်ငြာတင်ရန်
Tools and Tips