fb-pageview-tracker

ကရိန်းဖြင့် ဖမ်းဆီးအရေးယူခဲ့သည့် ယာဉ်များ နှစ်လအတွင်း ဒဏ်ငွေဆောင် ရွေးယူခြင်းမရှိပါကနိုင်ငံပိုင် သိမ်း၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသတင်းရရှိသည်။ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များကို ကရိန်းဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခံယာဉ်များအား လက်ရှိတွင် ရှင်စောပုယာဉ်ရပ်နားစခန်း အတွင်းသိမ်းယူထားကြောင်းနှင့် ဖမ်းဆီးခံယာဉ်အများစုမှာ လာရောက်ရွေးယူခြင်း မရှိသည့်အတွက် ယင်းတို့ကိုနိုင်ငံပိုင်ယာဉ်အဖြစ် သိမ်းယူ၍ လေလံတင် ပြန်လည်ရောင်းချသည်အထိ အရေးယူရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

Read more »

လာမည့် ဇန်န၀ါရီ ၅ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

Read more »

မထသမော်တော်ယာဉ်များ သီးသန့် ရပ်နားနိုင်သည့် ယာဉ်ရပ်နားစခန်း ကို မြို့နယ်များအလိုက် သတ်မှတ် မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။

Read more »

ပြည်တွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများနှင့် တက္ကစီ အဌားယာဉ်များတွင် အသုံးပြုနေသည့် CNG ဆလင်ဒါအိုးများအား Hydro test စက်ဖြင့် စစ်ဆေးရာတွင် ပြန်လည်အသုံးပြုရန် မသင့်တော်တော့သည့် CNG ဆလင်ဒါအိုး အလုံးရေ ခုနှစ်ရာခန့်တွေ့ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲ မှသတင်းရရှိသည်။

Read more »

မတော်တဆမှုများကြောင့် ခရီးသည်တင်ယာဉ်တွေမှာ ဟိုင်းလပ်တွေပြေးဆွဲခွင့်မပြုခြင်းဖြစ်ကြောင်း မထသ ကော်မတီ ဥက္ကဌ ဦးလှအောင်ကပြောပါသည်။ 

Read more »

Chery QQ ကားများကို အပ်နှံခွင့်ပေးပြီးနောက် တက္ကစီ စလစ်ဈေးနှုန်းများကျဆင်းသွားခဲ့ကြောင်း ကား ၀ယ်/ရောင်း များထံမှ သိရှိရသည်။ ဒီဇင်ဘာလဆန်းပိုင်းက Chery QQ ကားများကိုအပ်နှံခွင့်ပေးပြီးနောက် ထိုကားများဈေးကွက်မှာ မြင့်တတ်သွားခဲ့ပြီး ကကြီးတန်ကားများမှာ ဈေးနှုန်းကျဆင်းသွားခဲ့သည်။

Read more »

တရုတ်မှတင်သွင်းလာသော Cherry QQ ကားများကို အငှားယာဉ်အစားထိုးတင်သွင်းရန်အတွက် ဆက်လက်အပ်နှံခွင့် ပေးနေသော်လည်း မြန်မာမီနီကားများကိုမူ အပ်နှံခွင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း “ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန” မှသိရှိရပါသည်။

Read more »

It is 2014 and MyanmarCarsDB has turned 2. We are proud to present you our review of Myanmar's car market in 2013.

infographic-v2

 

You may checkout MyanmarCarDB's 2012 in Review too.

Read more »

2014 ခုနှစ်အတွက် CIF အသစ်ကို မကြာမီက ထုတ်ပြန်ခဲ့ပါသည်။ အချို့ကားအမျိုးအစားများတွင် ဈေးနှုန်းအပြောင်းအလဲများ ရှိခဲ့သော်လည်း 1300 cc အောက်ကားများအတွက်တော့ မပြောင်းလဲပဲ ယခင်အတိုင်း ဒေါ်လာ ၅၀၀၀ ဆက်လက်သတ်မှတ်ခဲ့ပါသည်။

Read more »

သွင်းကုန်လိုင်စင် ခွင့်ပြု Model Year ထက်နိမ့်ကျပြီး တင်သွင်းလာသော မော်တော်ယာဉ်များ၏ စည်းကြပ်တန်ဖိုးကိုမြေပြင်တွင် အမှန် စစ်ဆေးတွေ့ရှိသည့် Model Year ဖြင့်စည်းကြပ်မည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန မှ သိရသည်။

Read more »
News Category
ကားကြော်ငြာတင်ရန်
For Sale Graphic
Start selling your cars at CarsDB.com
ကားကြော်ငြာတင်ရန်
Tools and Tips