fb-pageview-tracker
YBS ကားမ်ားတြင္အသံုးျပဳမည့္ ယာဥ္စီးခေပးကတ္စနစ္ကို အစိုးရအဖြဲ႔ႏွင့္ သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကျပီးျပီျဖစ္၍ လာမည့္ ၆ လေက်ာ္မွ စတင္၍ စက္မ်ားတပ္ဆင္အသံုးျပဳမည္


Zawgyi Version

ရန္ကုန္ၿမိဳ႕ထဲရွိ ေျပးဆြဲေနေသာ YBS ခရီးသည္တင္ယာဥ္လိုင္းမ်ားတြင္ ယာဥ္စီးခေပးကတ္စနစ္အား လုပ္ကိုင္ခြင့္ရ႐ွိထားေသာ တင္ဒါေအာင္ျမင္ထားသည့္ Asia Starmar Transport Intelligent ကုမၸဏီႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔တို႔အၾကား master agreement အား မတ္လ ၁၂ ရက္ေန ့တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး ၆ လ ေက်ာ္မွသာစတင္၍ အမ်ားျပည္သူထံသို႕ မိတ္ဆက္ေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို ့ေဆာင္ေရးအာဏာပိုင္အဖြဲ႔မွ သိရသည္။

ထိုကဲ့သို႔ YBS ယာဥ္လိုင္းမ်ား ယာဥ္စီးခေပးကတ္စနစ္ Yangon Payment Service (YPS) စနစ္စတင္အသံုးျပဳရာတြင္ ၿမိဳ႕တြင္းပတ္ေျပးဆြဲေနေသာ ယာဥ္လိုင္း ၃ လိုင္းမွစတင္ၿပီးအသံုးျပဳသြားမည္ျဖစ္ရာ စက္မ်ားမွာယူမႈႏွင့္ ယာဥ္လိုင္းမ်ားအားလံုးတပ္ဆင္အသံုးျပဳမႈအတြက္ ၆ လေက်ာ္မွသာ စတင္အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“မေန႔ကလုပ္တာက YBS ကားေတြမွာ ယာဥ္စီးခေပးေခ်တဲ့ကတ္စနစ္ လုပ္ကိုင္ခြင့္ရတဲ့ တင္ဒါေအာင္ကုမၸဏီနဲ႔ အစိုးရအဖြဲ႔လက္မွတ္ေရးထိုးတာပါ။ နည္းပညာပိုင္းဆိုင္ရာအခ်က္အလက္ေတြကို ေသခ်ာေလးလုပ္ေနပါတယ္။ ဒီအေျခအေနအတိုင္းဆိုရင္ လာမည့္ေနာက္ ၆ လမွာ မိတ္ဆက္ေပးႏိုင္မွာပါ။ ဒါေပမယ့္ စက္ပစၥည္းမွာရတာနဲ႔ စျပီးအသံုးျပဳရမည့္အခ်ိန္က ၆ လေက်ာ္ေလာက္ျဖစ္သြားမွာပါ။” ဟု ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို ့ေဆာင္ေရးအာဏာပိုင္အဖြဲ႔ တာဝန္႐ွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

ရန္ကုန္ၿမိဳ႕တြင္း ခရီးသည္ပို႔ေဆာင္ေရးအတြက္ ယာဥ္လိုင္းေပါင္း ၁၀၀ အထိ ႐ွိလာၿပီျဖစ္ၿပီး ယာဥ္အစီးေရ ၆ ေထာင္နီးပါးျဖင့္ ေန႔စဥ္ေျပးဆြဲလ်က္ရွိရာ ယာဥ္လိုင္းကုမၸဏီမ်ားကလည္း ယာဥ္စီးခေပးကတ္စနစ္ အျမန္ဆံုးစတင္ႏိုင္ရန္ လိုလားလ်က္႐ွိေနေၾကာင္းသိရသည္။


Unicode Version

ရန်ကုန်မြို့ထဲရှိ ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးကတ်စနစ်အား လုပ်ကိုင်ခွင့်ရရှိထားသော တင်ဒါအောင်မြင်ထားသည့် Asia Starmar Transport Intelligent ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြား master agreement အား မတ်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၆ လ ကျော်မှသာစတင်၍ အများပြည်သူထံသို့ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရသည်။
ထိုကဲ့သို့ YBS ယာဉ်လိုင်းများ ယာဉ်စီးခပေးကတ်စနစ် Yangon Payment Service (YPS) စနစ်စတင်အသုံးပြုရာတွင် မြို့တွင်းပတ်ပြေးဆွဲနေသော ယာဉ်လိုင်း ၃ လိုင်းမှစတင်ပြီးအသုံးပြုသွားမည်ဖြစ်ရာ စက်များမှာယူမှုနှင့် ယာဉ်လိုင်းများအားလုံးတပ်ဆင်အသုံးပြုမှုအတွက် ၆ လကျော်မှသာ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မနေ့ကလုပ်တာက YBS ကားတွေမှာ ယာဉ်စီးခပေးချေတဲ့ကတ်စနစ် လုပ်ကိုင်ခွင့်ရတဲ့ တင်ဒါအောင်ကုမ္ပဏီနဲ့ အစိုးရအဖွဲ့လက်မှတ်ရေးထိုးတာပါ။ နည်းပညာပိုင်းဆိုင်ရာအချက်အလက်တွေကို သေချာလေးလုပ်နေပါတယ်။ ဒီအခြေအနေအတိုင်းဆိုရင် လာမည့်နောက် ၆ လမှာ မိတ်ဆက်ပေးနိုင်မှာပါ။ ဒါပေမယ့် စက်ပစ္စည်းမှာရတာနဲ့ စပြီးအသုံးပြုရမည့်အချိန်က ၆ လကျော်လောက်ဖြစ်သွားမှာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးအတွက် ယာဉ်လိုင်းပေါင်း ၁၀၀ အထိ ရှိလာပြီဖြစ်ပြီး ယာဉ်အစီးရေ ၆ ထောင်နီးပါးဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိရာ ယာဉ်လိုင်းကုမ္ပဏီများကလည်း ယာဉ်စီးခပေးကတ်စနစ် အမြန်ဆုံးစတင်နိုင်ရန် လိုလားလျက်ရှိနေကြောင်းသိရသည်။

Latest News

သင္သတိမျပဳမိပါက သင္ႏွင့္သင့္ကားကုိ...

Zawgyi Version ကားရဲ့အၾကီးမားဆံုးျပႆနာရယ္လုိ႕ဆုိလုိက္ရင္ ေတာ္ေတာ္မ်ားမ်ားက အင္ဂ်င္ပုိင္းဆုိင္ရာ ဂီယာပုိင္းဆုိင္ရာျပႆနာေတြကုိ...

Read more »

ကမၻာေက်ာ္ ၾကယ္ပြင့္ေတြနဲ႕ ထူးထူးျခားျခား...

Zawgyi Version ကမၻာေက်ာ္ၾကယ္ပြင့္ေတြ ျဖစ္ၾကတဲ့အတိုင္းပါပဲ။ သူတို႕စီးတဲ့ကားေတြက ထိပ္တန္းေတြခ်ည့္ပါ။ ဒါေပမယ့္ အခုေဖၚျပေပးမယ့္ကားေတြကေတာ့...

Read more »

တစ္ဦးခ်င္းပိုင္ယာဥ္လိုင္းမ်ားကို...

  Zawgyi Version ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲလ်က္႐ွိသည့္ ခရီးသည္တင္ YBS တစ္ဦးခ်င္းပိုင္ ပုဂၢလိကယာဥ္လိုင္းမ်ားအား...

Read more »

သၾကၤန္ကာလ စည္ပင္နယ္နိမိတ္အတြင္း...

  Zawgyi Version သၾကၤန္ကာလအတြင္း စည္ပင္နယ္နိမိတ္၌ မည္သည့္ဆိုင္ကယ္မွ စီးနင္းခြင့္ျပဳမည္မဟုတ္ဘဲ လိုင္စင္မဲ့ဆိုင္ကယ္စီးနင္းမႈမ်ား...

Read more »

ကားေလေအးစက္ကေပးေသာ က်န္းမာေရးျပႆနာမ်ား

Zawgyi Version ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ ကမၻာႀကီးပိုမိုပူေႏြးလာခ်ိန္တြင္ ေမာ္ေတာ္ကားစီး၍ ခရီးသြားလာရသည့္ကိစၥကလည္း...

Read more »