fb-pageview-tracker
ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား စီးနင္​းမႈပိုမိုမ်ားျပားလာ​ေန


Zawgyi Version

ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား စီးနင္​းမႈပိုမိုမ်ားျပားလာ​ေနၿပီး ထိ​ေရာက္​စြာဖမ္​းဆီးအ​ေရးယူမႈ မျပဳလုပ္​ေသး​ေၾကာင္​း ရန္ကုန္ၿမိဳ႕အတြင္း ​ေမာ္​​ေတာ္​ယာဥ္​ ​ေမာင္​းႏွင္​အသံုးျပဳသူအမ်ားစုက ​ေဝဖန္​​ေနၾကသည္​။ ရန္ကုန္ဆင္ေျခဖံုးေဒသမ်ားျဖစ္ေသာ ဒဂုံၿမိဳ႕သစ္ ၄ ၿမိဳ႕နယ္ႏွင့္ လႈိင္သာယာ၊ ေရႊျပည္သာၿမိဳ႕သစ္ ၿမိဳ႕နယ္မ်ားတြင္ တိက်သည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားျဖင့္ ေမာ္ေတာ္ဆိုင္ကယ္ကို စီးနင္းခြင့္ျပဳပါရန္ လႊတ္ေတာ္​တြင္​တင္​ျပထားခဲ့​ေသာ္​လည္​း ျပည္သူ႕လႊတ္ေတာ္ ၁၁ ၾကိမ္ေျမာက္ ပံုမွန္အစည္းအေဝး၊ အ႒မေန႔တြင္ ဆိုင္ကယ္စီးနင္းခြင့္ ျပဳရန္အဆိုအား အတည္ျပဳေဆြးေႏြးရန္သင့္/မသင့္ကုိ ျပည္သူ႕လႊတ္ေတာ္ဥကၠဌမွ စက္ခလုပ္ႏွ္ိပ္စနစ္ျဖင့္ မဲခြဲဆုံးျဖတ္ရာ ေထာက္ခံဆႏၵမဲ ၅၀ မဲ၊ ကန္႔ကြက္ဆႏၵမဲ ၂၆၅ မဲနွင့္ ႀကားေနမဲ ၃ မဲ ရရွိခဲ့သည္။ ကန္႔ကြက္သူမ်ား၍ အဆုိကုိ လႊတ္ေတာ္က လက္ခံေဆြးေႏြးရန္မရွိေၾကာင္း ျပည္သူ႕လႊတ္ေတာ္ဥကၠဌ ဦးတီခြန္ျမတ္က ေၾကညာထား႐ွိၿပီးျဖစ္​သည္။

“ရန္​ကုန္​စည္​ပင္​နယ္​နိမိတ္​​ေတြမွာ​ေတာင္​ ဆိုင္​ကယ္​စီးတာ​ေတြ အခု​ေနာက္​ပိုင္​းအရမ္​းမ်ားလာတယ္​။ လိုင္​စင္​မဲ့ ဆိုင္​ကယ္​​ေတြ ဖမ္​းမယ္​ဆိုရင္​လည္​း ထိထိ​ေရာက္​​ေရာက္​လုပ္​ပါ။ ​ေျပာတုန္​းခဏပဲ ​ေနာက္​ၿပီးဖမ္​းတာမ်ိဳးမ႐ွိလို႔ အားလံုးတရားဝင္​လို စီးလာၾကတာ။ စီးခြင္​့​ေပးမယ္​ဆိုရင္​လည္​း ဘယ္​​ေန​ရာ​ေတာ့ စီးခြင္​့​ေပးမယ္​ဆိုတာ သတ္သတ္​မွတ္​မွတ္လုပ္​​ေပးလိုက္​။ အခုက တရားဝင္​လိုလိုနဲ႔ လွ်ပ္​စစ္​စက္ဘီးေတြ​ေရာ လိုင္​စင္​မဲ့ဆိုင္ကယ္ေတြပါစီး​ေနၾကၿပီ။ ကားနဲ႔ဆိုင္​ကယ္​ မ​ေတာ္​တဆ ျဖစ္​လာနိုင္​တယ္​။ ကား​ေမာင္​းသူ​ေတြကလည္​း ဆိုင္​ကယ္​​ေတြ​ေရွာင္​ၿပီး ​ေမာင္​း​ေနရတယ္။ ဆိုင္​ကယ္​​ေတြကလည္​း နံပါတ္​ျပားလည္​း မတပ္​ထားၾက​ေတာ့ ၿမိဳ႕လည္​​ေခါင္​မွာ ျမင္ရတာအဆင္​မ​ေျပဘူး။” ဟု ​ဗိုလ္​တ​ေထာင္​ၿမိဳ႕နယ္​​တြင္​​ေနထိုင္​သူ ​ဦးမိုး​ေအာင္​လင္​းက ​ေျပာသည္​။

ရန္​ကုန္​တိုင္​းအတြင္း​ ဆိုင္​ကယ္​စီးနင္းခြင္​့မ႐ွိ​ေသာ ​စည္ပင္သာယာနယ္နိမိတ္​​ၿမိဳ႕နယ္​မ်ားတြင္​ ဆိုင္ကယ္​စီးနင္​းမႈဖမ္​းဆီး​ခဲ့ရာ ၂၀၁၅ ခုႏွစ္​ အတြင္​း ၅,၄၆၀ စီး၊ ၂၀၁၆ ခုႏွစ္​အတြင္​း ၄,၀၃၇ စီး၊ ၂၀၁၇ ခုႏွစ္​အတြင္​း ၄,၇၆၁ စီး၊ ၂၀၁၈ ခုႏွစ္​အတြင္​း ၄,၆၄၈ စီးအထိ ဖမ္​းဆီးရမိထားခဲ့​ရာ ၂၀၁၈ ခုႏွစ္​အတြင္​း ဆိုင္​ကယ္​စီးနင္းမႈ​ေၾကာင္​့ ျဖစ္​ပြား​ေသာ ယာဥ္​တိုက္​မႈေပါင္​း ၆၁၃ မႈအထိျဖစ္​ပြားခဲ့ၿပီး ထိုသို႔ ၂၀၁၈ ခုႏွစ္​တြင္​ ဆိုင္​ကယ္​​ေၾကာင္​့ျဖစ္​ပြား​ေသာယာဥ္​တိုက္​မႈမွာ ယခင္​ႏွစ္​မ်ားထက္​ပင္​ မ်ားျပားလာ​ေနလ်က္​ရွိ​ေၾကာင္​း ရန္​ကုန္​တိုင္းယာဥ္​ထိန္​းရဲတပ္​ဖြဲ႕စာရင္​းမ်ားအရ သိရသည္။


Unicode Version

ရန်ကုန်တိုင်းစည်ပင်နယ်နိမိတ်မြို့နယ်များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထားသော်လည်း လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းမှုပိုမိုများပြားလာနေပြီး ထိရောက်စွာဖမ်းဆီးအရေးယူမှု မပြုလုပ်သေးကြောင်း ရန်ကုန်မြို့အတွင်း မော်တော်ယာဉ် မောင်းနှင်အသုံးပြုသူအများစုက ဝေဖန်နေကြသည်။ ရန်ကုန်ဆင်ခြေဖုံးဒေသများဖြစ်သော ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် မြို့နယ်များတွင် တိကျသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် မော်တော်ဆိုင်ကယ်ကို စီးနင်းခွင့်ပြုပါရန် လွှတ်တော်တွင်တင်ပြထားခဲ့သော်လည်း ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့တွင် ဆိုင်ကယ်စီးနင်းခွင့် ပြုရန်အဆိုအား အတည်ပြုဆွေးနွေးရန်သင့်/မသင့်ကို ပြည်သူ့လွှတ်တော်ဥက္ကဌမှ စက်ခလုပ်နှိပ်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၅၀ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၆၅ မဲနှင့် ကြားနေမဲ ၃ မဲ ရရှိခဲ့သည်။ ကန့်ကွက်သူများ၍ အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန်မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က ကြေညာထားရှိပြီးဖြစ်သည်။

“ရန်ကုန်စည်ပင်နယ်နိမိတ်တွေမှာတောင် ဆိုင်ကယ်စီးတာတွေ အခုနောက်ပိုင်းအရမ်းများလာတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုရင်လည်း ထိထိရောက်ရောက်လုပ်ပါ။ ပြောတုန်းခဏပဲ နောက်ပြီးဖမ်းတာမျိုးမရှိလို့ အားလုံးတရားဝင်လို စီးလာကြတာ။ စီးခွင့်ပေးမယ်ဆိုရင်လည်း ဘယ်နေရာတော့ စီးခွင့်ပေးမယ်ဆိုတာ သတ်သတ်မှတ်မှတ်လုပ်ပေးလိုက်။ အခုက တရားဝင်လိုလိုနဲ့ လျှပ်စစ်စက်ဘီးတွေရော လိုင်စင်မဲ့ဆိုင်ကယ်တွေပါစီးနေကြပြီ။ ကားနဲ့ဆိုင်ကယ် မတော်တဆ ဖြစ်လာနိုင်တယ်။ ကားမောင်းသူတွေကလည်း ဆိုင်ကယ်တွေရှောင်ပြီး မောင်းနေရတယ်။ ဆိုင်ကယ်တွေကလည်း နံပါတ်ပြားလည်း မတပ်ထားကြတော့ မြို့လည်ခေါင်မှာ မြင်ရတာအဆင်မပြေဘူး။” ဟု ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သူ ဦးမိုးအောင်လင်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိသော စည်ပင်သာယာနယ်နိမိတ်မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းမှုဖမ်းဆီးခဲ့ရာ ၂၀၁၅ ခုနှစ် အတွင်း ၅,၄၆၀ စီး၊ ၂၀၁၆ ခုနှစ်အတွင်း ၄,၀၃၇ စီး၊ ၂၀၁၇ ခုနှစ်အတွင်း ၄,၇၆၁ စီး၊ ၂၀၁၈ ခုနှစ်အတွင်း ၄,၆၄၈ စီးအထိ ဖမ်းဆီးရမိထားခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း ဆိုင်ကယ်စီးနင်းမှုကြောင့် ဖြစ်ပွားသော ယာဉ်တိုက်မှုပေါင်း ၆၁၃ မှုအထိဖြစ်ပွားခဲ့ပြီး ထိုသို့ ၂၀၁၈ ခုနှစ်တွင် ဆိုင်ကယ်ကြောင့်ဖြစ်ပွားသောယာဉ်တိုက်မှုမှာ ယခင်နှစ်များထက်ပင် များပြားလာနေလျက်ရှိကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

Latest News

သင့္ကားအင္ဂ်င္က်ေနျပီလားဆုိတာ သိႏိုင္မယ့္ အခ်က္...

Zawgyi Version “ကားအင္ဂ်င္က်တာ၊ အင္ဂ်င္ကုိင္တာ၊ အင္ဂ်င္တင္တာ၊ အင္ဂ်င္အေပၚဖြင့္/ေအာက္ဖြင့္လုပ္တာ" ဆုိတာမ်ိဳးေတြကုိ ကားေလာက...

Read more »

ျမန္မာအပါအဝင္ ဥေရာပႏွင့္ အာရွႏိုင္ငံေပါင္း ၁၀...

Zawgyi Version ဥေရာပႏွင့္ ျမန္မာအပါအဝင္ အာရွႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေက်ာ္မွ professional rally drivers ႏွင့္...

Read more »

ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃...

​Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃ ရာခိုင္​ႏႈန္​းအထိ ​ေျဖ​ေလွ်ာ့သတ္​မွတ္​​ေပးရန္​အတြက္​...

Read more »

Suzuki Ertiga 2019 Review (Local)

Zawgyi Version ကိုယ္ေတြႏုိင္ငံနဲ႕ အဆင္ေျပမယ့္ ကားတစ္စီးဆိုတာဟာ ပုံမွန္ထက္ ျမင့္ရမယ္၊ က်ယ္ရမယ္၊ ဆီစားသက္သာရမယ္။ ေနာက္တစ္ခု ေဈးႏႈန္းလည္း...

Read more »

ကမၻာ့အျမန္ဆုံး full-size luxury sedan...

Zawgyi Version Twin-turbo W-12 အင္ဂ်င္၊ အျမင့္ဆုံးပါဝင္ထုတ္လႊတ္ႏုိင္မႈ 626hp၊ အျမန္ဆုံးျမန္ႏႈန္း 207mph နဲ႕ Bentley ရဲ့ Flying Spur 2020...

Read more »