ရန္ကုန္ၿမိဳ႕တြင္း အမ်ားပိုင္ကုမၸဏီယာဥ္လိုင္း အသံုးျပဳေျပးဆြဲႏိုင္ေရး စတင္အေကာင္အထည္ေဖာ္

ရန္ကုန္ၿမိဳ႕အတြင္း ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖေလွ်ာ့ႏိုင္ေရးႏွင့္ ခရီးသြားျပည္သူမ်ား ေခတ္မီအဆင္ေျပေစေရးအတြက္ အမ်ားပိုင္ကုမၸဏီယာဥ္လိုင္းကို မၾကာမီစတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရံုးအစည္းအေဝးခန္းမ၌ ယေန႔နံနက္ ၉ နာရီခြဲက က်င္းပသည့္ အစုရွယ္ယာဝင္မ်ားအား ဖိတ္ေခၚရွင္းလင္းသည့္ အလုပ္ရံုေဆြးေႏြးပြဲမွ သိရသည္.။

ကြ်န္ေတာ္တို႔ အခုစတင္အေကာင္အထည္ေဖာ္မယ္ဆိုတဲ့ အမ်ားပိုင္ကုမၸဏီယာဥ္လိုင္းဟာ အျမန္ဘတ္စ္ကားစနစ္(အေပါ့စား) Bus Rapid Transit စနစ္ျဖစ္ပါတယ္.။ ေမာ္ဒယ္ျမင့္ ဘယ္ေမာင္း ၾကမ္းျပင္နိမ္႔ ေဘးထိုင္ခံု အဲကြန္းပါကားမ်ား ေျပးဆြဲသြားမွာပါ.။ Ticket လက္မွတ္နဲ႔ iPay ကတ္တို႔ကို အသံုးျပဳသြားမွာျဖစ္တဲ့အတြက္ ယာဥ္ေနာက္လိုက္လိုမွာ မဟုတ္ပါဘူး.။ ယာဥ္ေမာင္းေတြ အတြက္လည္း လံုေလာက္တဲ့ ယာဥ္ေမာင္းလုပ္ခရရွိမွာ ျဖစ္ပါတယ္.။ ဘယ္လိုပဲျဖစ္ျဖစ္ စနစ္တစ္ခုေျပာင္းၿပီး ခရီးသြားျပည္သူေတြအတြက္ အဆင္ေျပေအာင္ႏိုင္ငံေတာ္က စီစဥ္ေပးတာ ျဖစ္ပါတယ္ ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ အႀကံေပး ေဒါက္တာေမာင္ေအာင္က ေျပာသည္.။

အဆိုပါ အမ်ားပိုင္ကုမၸဏီ (Public Private Partnership - PPP) ကို ႏိုင္ငံေတာ္က ရာခိုင္ႏႈန္း ၄၀ ပါဝင္ထည့္သြင္းၿပီး ပုဂၢလိကမွ ရာခိုင္ႏႈန္း ၆၀ ထည့္ဝင္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္.။ ပုဂၢလိကယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ရွယ္ယာထည့္ဝင္လိုပါက အစုရွယ္ယာတစ္ခုလွ်င္ ေငြက်ပ္တစ္သိန္းထည့္ဝင္ရမည္ျဖစ္ၿပီး လတ္တေလာတြင္ အစုရွယ္ယာမ်ားကို ကန္႔သတ္ထားျခင္းမရွိေသးေၾကာင္းႏွင့္ ကုမၸဏီတြင္ (BOD) အဖြဲ႕ဝင္ ခုႏွစ္ဦးထားရွိမည္ျဖစ္ၿပီး (က) အဆင့္ရွယ္ယာဝင္ ေလးဦးႏွင့္ (ခ) အဆင့္ရွယ္ယာဝင္ သံုးဦးကို ခန္႔အပ္သြားမည္ျဖစ္သည္.။ အဆိုပါ ရွယ္ယာဝင္မ်ားထဲမွ အမ်ားဆံုးထည့္ဝင္ထားသည့္ ရွယ္ယာရွင္ကို (BOD) အဖြဲ႕၏ ဒါရိုက္တာခန္႔အပ္ထားမည္ျဖစ္သည္.။ အမ်ားပိုင္ကုမၸဏီကို ပထမအဆင့္ ထည့္ဝင္ရင္းႏွီးေငြ ၂၅ ရာခိုင္ႏႈန္းတြင္ ႏိုင္ငံေတာ္မွ ၁၀ ရာခိုင္ႏႈန္းႏွင့္ အမ်ားျပည္သူမွ ၁၅ ရာခိုင္ႏႈန္းထည့္ဝင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္.။ ယခုလာမည့္ အပတ္မွစတင္ကာ Bus Station မ်ား စတင္အေကာင္အထည္ေဖာ္ တည္ေဆာက္မည္ျဖစ္သည္.။

ကြ်န္ေတာ္တို႔ အမ်ားျပည္သူအတြက္ အခုေျပးဆြဲေပးမယ့္ အမ်ားပိုင္ကုမၸဏီယာဥ္လိုင္းဟာ အသင့္ေတာ္ဆံုးေစ်းႏႈန္းနဲ႔ ေျပးဆြဲႏိုင္ေအာင္ စီစဥ္ေပးမွာ ျဖစ္ပါတယ္.။ ေျပးဆြဲေပးမယ့္ ကားေတြအေနနဲ႔လည္း လိုအပ္တဲ့ စြမ္းအင္က႑ကို လံုေလာက္ေအာင္ျဖည့္ဆည္းေပးဖို႔ စြမ္းအင္နဲ႔ ညွိႏိႈင္းၿပီး လုပ္ေဆာင္သြားမွာပါ.။ ဒီစနစ္ ေအာင္ျမင္သြားရင္ေတာ့ ရန္ကုန္ၿမိဳ႕အေနနဲ႔ ယာဥ္ေၾကာက်ပ္တည္းမႈေရာ၊ ခရီးသြားျပည္သူေတြအတြက္ေရာ၊ ယာဥ္ေမာင္းနဲ႔ ယာဥ္ပိုင္ရွင္ေတြအတြက္ပါ ေက်နပ္စရာျဖစ္လာမွာပါ ဟု ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေဆြက ေျပာၾကားသည္.။

အမ်ားပိုင္ကုမၸဏီ ယာဥ္လိုင္းမ်ားအေနျဖင့္ စတင္ေျပးဆြဲေပးရန္ စီစဥ္ထားသည့္ ယာဥ္လမ္းေၾကာင္းမွာ ေထာက္ၾကန္႔မွ ျပည္လမ္းအတိုင္း ရွစ္မိုင္လမ္းဆံုအထိ ၎မွ လမ္းေၾကာင္းႏွစ္ေၾကာင္းခြဲ၍ ေျပးဆြဲေပးမည္ျဖစ္သည္.။ ပထမလမ္းေၾကာင္းအေနျဖင့္ ရွစ္မိုင္လမ္းဆံုမွ ျပည္လမ္းအတိုင္း လွည္းတန္း၊ ျပည္လမ္းႏွင့္ ဗိုလ္ခ်ဳပ္လမ္းဆံု၊ ၎မွ ဗိုလ္ခ်ဳပ္လမ္းအတိုင္း ဆူးေလဘုရားလမ္းအထိ၊ ၎မွ ဆူးေလဘုရားလမ္းအတိုင္း ဂ်ိဳးျဖဴလမ္း၊ ကမာၻေအးဘုရားလမ္းအတိုင္း ရွစ္မိုင္လမ္းဆံုအထိ Counter Clockwise Direction အတိုင္း ေျပးဆြဲမည္ျဖစ္သည္.။ လမ္းေၾကာင္းႏွစ္အေနျဖင့္ ရွစ္မိုင္လမ္းဆံုမွ ကမာၻေအးဘုရားလမ္းအတိုင္း ေခ်ာ္တြင္းကုန္း၊ ကုကၠိဳင္း၊ ေရႊဂံုတိုင္၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ဆူးေလဘုရားလမ္းဆံု၊ ၎မွ ဗိုလ္ခ်ဳပ္လမ္းအတိုင္း ဗိုလ္တစ္ေထာင္ဘုရားလမ္းဆံု၊ ၎မွ ဗိုလ္တစ္ေထာင္ဘုရားလမ္းအတိုင္း ကမ္းနားလမ္းဆံုမွ ဘုန္းႀကီးလမ္းဆံု၊ ယင္းမွ ေျမာက္ဘက္သို႔တက္၍ ျပည္လမ္းအတိုင္း ရွစ္မိုင္လမ္းဆံုအထိ Clockwise Direction အတိုင္း ေျပးဆြဲေပးမည္ျဖစ္သည္.။

ထို႔အျပင္ ေနာက္ထပ္လမ္းေၾကာင္းမွာ လိႈင္သာယာၿမိဳ႕နယ္၊ ဒဂံုဧရာအေဝးေျပးမွ အမွတ္ (၅) လမ္းအတိုင္း၊ ဘုရင့္ေနာင္တံတားမွ က်ိဳင္ဝိုင္းဘုရားလမ္းအထိ၊ ယင္းမွ ရွစ္မိုင္လမ္းဆံု ကမာၻေအးဘုရားလမ္းအတိုင္း အုတ္ပံုဆိပ္အထိ၊ ၎မွ သုဓမၼာလမ္းအတိုင္း ေအာင္မဂၤလာအေဝးေျပးသို႔ ဝင္ေရာက္မည္ျဖစ္သည္.။ အျပန္လမ္းေၾကာင္းမွာလည္း လာရာအတိုင္းျဖစ္သည္.။ အဆိုပါလမ္းေၾကာင္းမွာ အရွည္ ၂၅ ဒသမ ၆၈ ကီလိုမီတာ ရွည္မည္ျဖစ္သည္.။ ေနာက္ေျပးဆြဲမည့္ လမ္းေၾကာင္းတစ္ခုမွာ ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ ဒဂံုတကၠသိုလ္ဝင္းထဲမွ ဗိုလ္မႈးဗထူးလမ္းအတိုင္း သုဓမၼာလမ္းဆံု၊ ယင္းမွ အုတ္ပံုဆိပ္မွ ကမာၻေအးဘုရားလမ္းအတိုင္း ေခ်ာ္တြင္းကုန္းလမ္းဆံု၊ ၎မွ ပါရမီလမ္းအတိုင္း ငမိုးရိပ္တံတား (ပါရမီ) မွ ပင္လံုလမ္းအတိုင္း အေနာ္ရထာလမ္းဆံုအထိ၊ ယင္းမွ ဗိုလ္မႈးဗထူးလမ္းဆံုအတိုင္း ဒဂံုတကၠသိုလ္သို႔ ျပန္လည္ဝင္ေရာက္မည္ျဖစ္သည္.။

ယင္းေနာက္ ကမ္းနားလမ္းႏွင့္ ဗိုလ္တစ္ေထာင္လမ္းဆံုမွ ဗိုလ္တစ္ေထာင္ေစ်းလမ္းအတိုင္း မဟာဗႏၶဳလ လမ္းဆံုအထိ ယင္းမွ ယမံုနာလမ္းအတိုင္း ရႈခင္းသာၿမိဳ႕ပတ္လမ္း၊ ၎မွ ရတနာလမ္းအတိုင္း ပဲခူးျမစ္လမ္းဆံုအထိ၊ ၎မွ သန္လ်င္တံတား အမွတ္-၂ (ဒဂံုတံတား)အထိ၊ ယင္းမွ အမွတ္ (၆) လမ္းအတိုင္း သန္လ်င္ေက်ာက္တန္းလမ္းဆံုအထိ ၎မွ သီလဝါ SEZ အထိ ေျပးဆြဲမည္ျဖစ္သည္.။ ယင္းမွ လာရာလမ္းအတိုင္း ကမ္းနားလမ္းႏွင့္ ဗိုလ္တစ္ေထာင္လမ္းဆံုသို႔ ျပန္လည္ဆိုက္ေရာက္မည္ျဖစ္သည္.။ ရန္ကုန္ၿမိဳ႕အတြင္း အဆိုပါ အမ်ားပိုင္ကုမၸဏီယာဥ္လိုင္းေျပးဆြဲမႈကို လာမည့္ေအာက္တိုဘာလအတြင္း စတင္အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း သိရသည္.။

ယခုလက္ရွိတြင္ ရန္ကုန္ၿမိဳ႕တြင္း ေန႔စဥ္ယာဥ္လိုင္းေပါင္း ၃၆၀ မွ ေျပးဆြဲေနေသာ ယာဥ္စီးေရမွာ ၃၅၀၀ ေက်ာ္ရွိၿပီး ေန႔စဥ္ခရီးသည္ ႏွစ္သန္းခန္႔ လိုက္ပါစီးနင္းလ်က္ရွိေၾကာင္း သိရသည္.။

(ျမန္မာ့အလင္း)
www.myanmarcarsdb.com
No. 1 Car Site in Myanmar



Unicode Version

ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေးနှင့် ခရီးသွားပြည်သူများ ခေတ်မီအဆင်ပြေစေရေးအတွက် အများပိုင်ကုမ္ပဏီယာဉ်လိုင်းကို မကြာမီစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည့် အစုရှယ်ယာဝင်များအား ဖိတ်ခေါ်ရှင်းလင်းသည့် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်.။

ကျွန်တော်တို့ အခုစတင်အကောင်အထည်ဖော်မယ်ဆိုတဲ့ အများပိုင်ကုမ္ပဏီယာဉ်လိုင်းဟာ အမြန်ဘတ်စ်ကားစနစ်(အပေါ့စား) Bus Rapid Transit စနစ်ဖြစ်ပါတယ်.။ မော်ဒယ်မြင့် ဘယ်မောင်း ကြမ်းပြင်နိမ့် ဘေးထိုင်ခုံ အဲကွန်းပါကားများ ပြေးဆွဲသွားမှာပါ.။ Ticket လက်မှတ်နဲ့ iPay ကတ်တို့ကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် ယာဉ်နောက်လိုက်လိုမှာ မဟုတ်ပါဘူး.။ ယာဉ်မောင်းတွေ အတွက်လည်း လုံလောက်တဲ့ ယာဉ်မောင်းလုပ်ခရရှိမှာ ဖြစ်ပါတယ်.။ ဘယ်လိုပဲဖြစ်ဖြစ် စနစ်တစ်ခုပြောင်းပြီး ခရီးသွားပြည်သူတွေအတွက် အဆင်ပြေအောင်နိုင်ငံတော်က စီစဉ်ပေးတာ ဖြစ်ပါတယ် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောသည်.။

အဆိုပါ အများပိုင်ကုမ္ပဏီ (Public Private Partnership - PPP) ကို နိုင်ငံတော်က ရာခိုင်နှုန်း ၄ဝ ပါဝင်ထည့်သွင်းပြီး ပုဂ္ဂလိကမှ ရာခိုင်နှုန်း ၆ဝ ထည့်ဝင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်.။ ပုဂ္ဂလိကယာဉ်ပိုင်ရှင်များအနေဖြင့် ရှယ်ယာထည့်ဝင်လိုပါက အစုရှယ်ယာတစ်ခုလျှင် ငွေကျပ်တစ်သိန်းထည့်ဝင်ရမည်ဖြစ်ပြီး လတ်တလောတွင် အစုရှယ်ယာများကို ကန့်သတ်ထားခြင်းမရှိသေးကြောင်းနှင့် ကုမ္ပဏီတွင် (BOD) အဖွဲ့ဝင် ခုနှစ်ဦးထားရှိမည်ဖြစ်ပြီး (က) အဆင့်ရှယ်ယာဝင် လေးဦးနှင့် (ခ) အဆင့်ရှယ်ယာဝင် သုံးဦးကို ခန့်အပ်သွားမည်ဖြစ်သည်.။ အဆိုပါ ရှယ်ယာဝင်များထဲမှ အများဆုံးထည့်ဝင်ထားသည့် ရှယ်ယာရှင်ကို (BOD) အဖွဲ့၏ ဒါရိုက်တာခန့်အပ်ထားမည်ဖြစ်သည်.။ အများပိုင်ကုမ္ပဏီကို ပထမအဆင့် ထည့်ဝင်ရင်းနှီးငွေ ၂၅ ရာခိုင်နှုန်းတွင် နိုင်ငံတော်မှ ၁ဝ ရာခိုင်နှုန်းနှင့် အများပြည်သူမှ ၁၅ ရာခိုင်နှုန်းထည့်ဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်.။ ယခုလာမည့် အပတ်မှစတင်ကာ Bus Station များ စတင်အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်သည်.။

ကျွန်တော်တို့ အများပြည်သူအတွက် အခုပြေးဆွဲပေးမယ့် အများပိုင်ကုမ္ပဏီယာဉ်လိုင်းဟာ အသင့်တော်ဆုံးစျေးနှုန်းနဲ့ ပြေးဆွဲနိုင်အောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်.။ ပြေးဆွဲပေးမယ့် ကားတွေအနေနဲ့လည်း လိုအပ်တဲ့ စွမ်းအင်ကဏ္ဍကို လုံလောက်အောင်ဖြည့်ဆည်းပေးဖို့ စွမ်းအင်နဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာပါ.။ ဒီစနစ် အောင်မြင်သွားရင်တော့ ရန်ကုန်မြို့အနေနဲ့ ယာဉ်ကြောကျပ်တည်းမှုရော၊ ခရီးသွားပြည်သူတွေအတွက်ရော၊ ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေအတွက်ပါ ကျေနပ်စရာဖြစ်လာမှာပါ ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်.။

အများပိုင်ကုမ္ပဏီ ယာဉ်လိုင်းများအနေဖြင့် စတင်ပြေးဆွဲပေးရန် စီစဉ်ထားသည့် ယာဉ်လမ်းကြောင်းမှာ ထောက်ကြန့်မှ ပြည်လမ်းအတိုင်း ရှစ်မိုင်လမ်းဆုံအထိ ၎င်းမှ လမ်းကြောင်းနှစ်ကြောင်းခွဲ၍ ပြေးဆွဲပေးမည်ဖြစ်သည်.။ ပထမလမ်းကြောင်းအနေဖြင့် ရှစ်မိုင်လမ်းဆုံမှ ပြည်လမ်းအတိုင်း လှည်းတန်း၊ ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ ၎င်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ဆူးလေဘုရားလမ်းအထိ၊ ၎င်းမှ ဆူးလေဘုရားလမ်းအတိုင်း ဂျိုးဖြူလမ်း၊ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်လမ်းဆုံအထိ Counter Clockwise Direction အတိုင်း ပြေးဆွဲမည်ဖြစ်သည်.။ လမ်းကြောင်းနှစ်အနေဖြင့် ရှစ်မိုင်လမ်းဆုံမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချော်တွင်းကုန်း၊ ကုက္ကိုင်း၊ ရွှေဂုံတိုင်၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံ၊ ၎င်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ဗိုလ်တစ်ထောင်ဘုရားလမ်းဆုံ၊ ၎င်းမှ ဗိုလ်တစ်ထောင်ဘုရားလမ်းအတိုင်း ကမ်းနားလမ်းဆုံမှ ဘုန်းကြီးလမ်းဆုံ၊ ယင်းမှ မြောက်ဘက်သို့တက်၍ ပြည်လမ်းအတိုင်း ရှစ်မိုင်လမ်းဆုံအထိ Clockwise Direction အတိုင်း ပြေးဆွဲပေးမည်ဖြစ်သည်.။

ထို့အပြင် နောက်ထပ်လမ်းကြောင်းမှာ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးမှ အမှတ် (၅) လမ်းအတိုင်း၊ ဘုရင့်နောင်တံတားမှ ကျိုင်ဝိုင်းဘုရားလမ်းအထိ၊ ယင်းမှ ရှစ်မိုင်လမ်းဆုံ ကမ္ဘာအေးဘုရားလမ်းအတိုင်း အုတ်ပုံဆိပ်အထိ၊ ၎င်းမှ သုဓမ္မာလမ်းအတိုင်း အောင်မင်္ဂလာအဝေးပြေးသို့ ဝင်ရောက်မည်ဖြစ်သည်.။ အပြန်လမ်းကြောင်းမှာလည်း လာရာအတိုင်းဖြစ်သည်.။ အဆိုပါလမ်းကြောင်းမှာ အရှည် ၂၅ ဒသမ ၆၈ ကီလိုမီတာ ရှည်မည်ဖြစ်သည်.။ နောက်ပြေးဆွဲမည့် လမ်းကြောင်းတစ်ခုမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဒဂုံတက္ကသိုလ်ဝင်းထဲမှ ဗိုလ်မှုးဗထူးလမ်းအတိုင်း သုဓမ္မာလမ်းဆုံ၊ ယင်းမှ အုတ်ပုံဆိပ်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချော်တွင်းကုန်းလမ်းဆုံ၊ ၎င်းမှ ပါရမီလမ်းအတိုင်း ငမိုးရိပ်တံတား (ပါရမီ) မှ ပင်လုံလမ်းအတိုင်း အနော်ရထာလမ်းဆုံအထိ၊ ယင်းမှ ဗိုလ်မှုးဗထူးလမ်းဆုံအတိုင်း ဒဂုံတက္ကသိုလ်သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်သည်.။

ယင်းနောက် ကမ်းနားလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းဆုံမှ ဗိုလ်တစ်ထောင်စျေးလမ်းအတိုင်း မဟာဗန္ဓုလ လမ်းဆုံအထိ ယင်းမှ ယမုံနာလမ်းအတိုင်း ရှုခင်းသာမြို့ပတ်လမ်း၊ ၎င်းမှ ရတနာလမ်းအတိုင်း ပဲခူးမြစ်လမ်းဆုံအထိ၊ ၎င်းမှ သန်လျင်တံတား အမှတ်-၂ (ဒဂုံတံတား)အထိ၊ ယင်းမှ အမှတ် (၆) လမ်းအတိုင်း သန်လျင်ကျောက်တန်းလမ်းဆုံအထိ ၎င်းမှ သီလဝါ SEZ အထိ ပြေးဆွဲမည်ဖြစ်သည်.။ ယင်းမှ လာရာလမ်းအတိုင်း ကမ်းနားလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းဆုံသို့ ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်.။ ရန်ကုန်မြို့အတွင်း အဆိုပါ အများပိုင်ကုမ္ပဏီယာဉ်လိုင်းပြေးဆွဲမှုကို လာမည့်အောက်တိုဘာလအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်.။

ယခုလက်ရှိတွင် ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်လိုင်းပေါင်း ၃၆ဝ မှ ပြေးဆွဲနေသော ယာဉ်စီးရေမှာ ၃၅ဝဝ ကျော်ရှိပြီး နေ့စဉ်ခရီးသည် နှစ်သန်းခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရသည်.။

(မြန်မာ့အလင်း)
www.myanmarcarsdb.com
No. 1 Car Site in Myanmar

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »