အားနည္းခ်က္ေတြ ရွိတဲ့ ရန္ကုန္ – ေနျပည္ေတာ္ – မႏၱေလး လမ္းမႀကီးကို ျပင္မယ္

ရန္ကုန္ – ေနျပည္ေတာ္ – မႏၱေလး အျမန္လမ္းမႀကီး ေဖာက္လုုပ္ခဲ့ရာမွာ အားနည္းခ်က္ေတြေၾကာင့္ ယာဥ္မေတာ္တဆမႈေတြ မ်ားျပားေနလိုု႔ လမ္းေဖာက္ခဲ့တဲ့ အင္ဂ်င္နီယာေတြကိုု လမ္းေပၚက လူသတ္သမားေတြဆိုုၿပီး ေဝဖန္သံေတြ ထြက္ေပၚေနတာ ၾကားရပါတယ္။

အျမန္လမ္းမႀကီးကို ဖြင့္လွစ္ခဲ့တဲ့  ၅ ႏွစ္နီးပါး ကာလအတြင္းမွာ ယာဥ္မေတာ္တဆမႈက ေန႔စဥ္နဲ႔အမွ် ျဖစ္ေနၿပီး အမ်ားစုကေတာ့ အရွိန္လြန္ ဘရိတ္ေပါက္တာ၊ လမ္းအေနအထား မမွန္ကန္တာနဲ႔ ယာဥ္ေမာင္း အိပ္ငိုက္တာေတြေၾကာင့္  လက္ရွိမွာေတာ့ ေသဆုံးသူ ၁၇၀ ေက်ာ္ရွိေနၿပီလို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ သိရပါတယ္။

အျမန္လမ္းမႀကီး စတင္ တည္ေဆာက္ခဲ့စဥ္က အခ်ိန္ လိုအပ္ခ်က္၊ ေငြေၾကး လိုအပ္ခ်က္ေတြေၾကာင့္ လမ္းပိုင္းဆိုင္ရာ အားနည္းခ်က္ေတြ ရွိခဲ့တဲ့အေပၚ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ျပန္လည္သုံံးသပ္ၿပီး Master Plan တခု ေရးဆဲြ ေဆာင္ရြက္ေနေၾကာင္း၊ ႏိုင္ငံတကာ အကူအညီေတြကိုလည္း ေတာင္းခံထားေၾကာင္း သိရပါတယ္။

news_highway_low


အဲဒီ Master Plan မွာေတာ့  အျမန္လမ္းမႀကီးကို ရွစ္လမ္းသြား ေဖာက္လုပ္မွာျဖစ္ၿပီး ကုန္တင္ကားႀကီးေတြလည္း ျဖတ္သန္းခြင့္ ရႏိုင္မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ခရီးသည္ နားေနစခန္းေတြနဲ႔ ရဲစခန္းေတြ၊ သန္႔စင္ခန္းေတြကိုလည္း တုိးခ်ဲ႕ တည္ေဆာက္မယ္လို႔ သိရပါတယ္။

အျမန္လမ္းမႀကီးမွာ အားနည္းခ်က္ေတြ ရွိေပမယ့္ ႏိုုင္ငံတကာ အကူအညီမယူဘဲ ႏိုုင္ငံေတာ္ ဘတ္ဂ်က္နဲ႔ ျပည္တြင္းအင္ဂ်င္နီယာေတြက လမ္းအရွည္ ၃၆၆ မိုုင္ကိုု ၆ ႏွစ္အတြင္း အၿပီးတည္ေဆာက္ခဲ့တဲ့အေပၚ ျမန္မာပညာရွင္ေတြကိုု ႏိုုင္ငံတကာက အံ့ၾသခဲ့ရေၾကာင္း၊ ဒါေၾကာင့္ အျမန္လမ္းမႀကီးဟာ ျမန္မာႏုိင္ငံရဲ႕ ဂုဏ္ယူစရာလမ္းမႀကီး တခုလည္း ျဖစ္ေၾကာင္း အင္ဂ်င္နီယာမႉးႀကီး ဦးၾကည္ေဇာ္ျမင့္က ေျပာပါတယ္။

အစိုးရသစ္ လက္ထက္အတြင္း အျမန္လမ္းမႀကီး ျပဳျပင္ႏုိင္ဖို႔အတြက္ ဘတ္ဂ်က္ကို လႊတ္ေတာ္မွာ တင္ျပခဲ့ေပမယ့္ တျခားအေရးႀကီးတဲ့ ျပည္ေထာင္စုလမ္းေတြအတြက္ ဦးစားေပးေနရတာေၾကာင့္ လမ္းအတြြက္ ဌာနဆိုင္ရာ ဘတ္ဂ်က္ လုံးဝ မရေသးဘူးလို႔လည္း သိရပါတယ္။  အျမန္လမ္းမႀကီးကို ျပန္လည္ ျပဳျပင္ဖို႔အတြက္က က်ပ္ ဘီလီယံ ေထာင္ခ်ီ ကုန္က် မယ္လို႔လည္း သိရပါတယ္။

လမ္းပိုင္းဆိုင္ရာ ကြ်မ္းက်င္သူ အင္ဂ်င္နီယာေတြကေတာ့ အျမန္လမ္းမႀကီးေပၚမွာ သစ္ပင္ေတြ စိုက္တာ၊ ဆိုင္းဘုတ္ လမ္းညႊန္ခ်က္ေတြ အားနည္းတာ၊ လမ္းပိုင္းဆိုင္ရာ တည္ေဆာက္မႈမွာ အားနည္းတာ၊ လမ္းေပၚ ေရဝပ္တာ၊ လမ္းေဘးၿခံစည္းရိုုး အကာအရံေတြ မရွိတာ၊ ၿခံစည္းရိုးရွိတဲ့ ေနရာက်ျပန္ေတာ့လည္း ေသခ်ာ မတပ္ထားတာ၊ လမ္းလယ္ေခါင္မွာ ခ်ထားတဲ့ ဘေလာက္တုံးေတြက တညီတညာတည္း မရွိတာေတြက ယာဥ္မေတာ္တဆ ထိခိုက္မႈေတြ ျဖစ္ႏုိင္တဲ့ အဓိက အခ်က္အလက္ေတြ ျဖစ္ႏုိင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။

လမ္းအင္ဂ်င္နီယာ တဦးျဖစ္သူ ဦးေမာင္ေမာင္က အျမန္လမ္းမႀကီးမွာ လမ္းေတြက အေကြ႕အေကာက္ေတြ မ်ားေနတဲ့အျပင္ တခ်ိဳ႕ေနရာေတြမွာ ၄ လမ္းသြား ျဖစ္ရာကေန ၂ လမ္းသြား ျဖစ္သြားၿပီး အဲဒီလိုေနရာေတြမွာ လမ္းညႊန္ဆိုင္းဘုတ္ေတြမ်ားလည္း မရွိေၾကာင္း၊ ထို႔ေၾကာင့္ လမ္းအေနအထား မသိဘဲ အရွိန္ျပင္း ေမာင္းေနတဲ့ ယာဥ္ေတြ မေတာ္တဆမႈ ျဖစ္ရေၾကာင္း၊ လမ္းလယ္ေခါင္က ဘယ္ရီယာတုံးေတြက တဆက္တည္း ရွိမေနတာေေၾကာင့္လည္း ယာဥ္ထိခိုုက္မႈေတြ အမ်ားအျပား ျဖစ္ေစေၾကာင္း သုံးသပ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ယာဥ္မေတာ္တဆ ထိခိုက္မႈေၾကာင့္ လူ ၁ သိန္းမွာ ေသဆုံးသူ ၁၅ ဦးႏႈန္း ရွိေနၿပီး အျမန္လမ္းမွာ ေသဆုံးမႈ အမ်ားဆုံးျဖစ္ႏိုင္ေၾကာင္း၊ အိမ္နီးခ်င္း ထုိင္းႏိုင္ငံက ယာဥ္အစီးေရ ၁၀ ဆေလာက္ ပိုမ်ားေပမယ့္ ျမန္မာႏိုင္ငံနဲ႔ ေသဆုံးႏႈန္းက အတူတူနီးပါး ျဖစ္ေနတယ္လို႔လည္း ဦးေက်ာ္လင္းက ဆိုုပါတယ္။

လက္ရွိ အျမန္လမ္းမႀကီးမွာ ျဖစ္ေနတဲ့ ျပႆနာေတြေၾကာင့္ ျဖတ္သန္းသြားလာေနတဲ့ ယာဥ္ေတြကို အသိပညာေပး လုပ္ငန္းေတြ ေဆာင္ရြက္မယ့္အျပင္ ယာဥ္အိုယာဥ္ေဟာင္းေတြကို ေမာင္းႏွင္ခြင့္ ပိတ္ပင္လုိက္တာ၊ အရက္ေသာက္ ထားျခင္း ရွိ မရွိကို ကိရိယာေတြနဲ႔ စစ္ေဆးတာေတြနဲ႔ အျမန္လမ္းေပၚမွာ လုပ္ကိုင္ေနတဲ့ အင္ဂ်င္နီယာေတြကို သင္တန္းေပးတာေတြ လုပ္ဖို႔အျပင္ အျမန္လမ္းမႀကီး ဥပေဒကို ျပဌာန္းဖို႔လည္း ရွိတယ္လို႔ သိရပါတယ္။

အျမန္လမ္းမႀကီးေပၚမွာ အျဖစ္မ်ားေနတဲ့ ယာဥ္မေတာ္တဆ ထိခုိက္မႈေတြရဲ႕  အဓိက အေၾကာင္းအရင္းေတြက ယာဥ္ေမာင္းသူ အိပ္ငိုက္တာ၊ အရက္ေသစာ ေသာက္စားၿပီး ေမာင္းႏွင္တာ၊ သတ္မွတ္ရွိန္ထက္ ပိုမိုေမာင္းႏွင္တာနဲ႔ လမ္းေၾကာ အေျခအေနကုိ နားမလည္တာေတြေၾကာင့္ အျဖစ္မ်ားေနတာလို႔လည္း ဦးေက်ာ္လင္းက ဆက္ေျပာပါတယ္။

ျပည္သူ႔ေဆာက္လုုပ္ေရး လုုပ္ငန္းမွာ အျမန္လမ္း ျပဳျပင္ ထိန္းသိမ္းေရးကို တာဝန္ယူ ေဆာင္ရြက္ေနတဲ့ ဦးမ်ိဳးျမင့္ကလည္း “မ်ားေသာအားျဖင့္က အိပ္ငိုက္လို႔ ဘီးေခ်ာ္ရာကေန ထိခိုက္မႈျဖစ္တာပါ။ လမ္းမွာ မွတ္သားေပးထားတဲ့ လိုင္းေတြရယ္၊ အရွိန္ႏႈန္းနဲ႔ သြားမယ္ဆိုရင္ ျဖစ္စရာအေၾကာင္းမရွိဘူး။ အဓိက အားနည္းခ်က္ျဖစ္ေနတာက ယာဥ္ေမာင္းသူေၾကာင့္ပါ။ က်ေနာ္တို႔ကလည္း တာဝန္ရွိပါတယ္” လို႔ ဧရာဝတီကို ေျပာျပပါတယ္။

လက္ရွိမွာေတာ့ လမ္းေပၚ ေရတင္တဲ့ကိစၥအတြက္ ေရေဖာက္ထုတ္တာ လုပ္ေနသလို ဘီးေခ်ာ္မႈေတြ မျဖစ္ေအာင္ Guard Rail ေတြ တပ္ေနေၾကာင္း၊ လမ္းေဘးတဖက္တခ်က္စီမွာ ရြာေတြထဲကေန ျဖတ္တက္ေနတဲ့ကားေတြ မ်ားတဲ့ေနရာေတြနဲ႔ ကၽြဲ၊ ႏြားေတြ ျဖတ္သန္းမႈရွိေနတဲ့ ေနရာေတြမွာ ၿခံစည္းရိုးေတြ ကာေနေၾကာင္း သိရပါတယ္။

ရန္ကုန္ – ေနျပည္ေတာ္ အျမန္လမ္းပိုင္းကို ၂၀၀၅ ခုႏွစ္ ေအာက္တိုဘာ ၁၀ ရက္မွာ စတင္ေဖာက္လုုပ္ၿပီး ၂၀၀၉ ခုႏွစ္ မတ္လ ၃ ရက္မွာ အၿပီးသတ္ကာ ၂၀၀၉ ခုႏွစ္ မတ္လ ၂၅ ရက္မွာ စတင္ျဖတ္သန္းခြင့္ေပးခဲ့ပါတယ္။ ေနျပည္ေတာ္ – မႏၱေလး အျမန္လမ္းပိုင္းကိုေတာ့ ၂၀၀၈ ခုႏွစ္ ဇူလိုင္လမွာ စတင္ေဖာက္လုုပ္ၿပီး ၂၀၁၁ ဒီဇင္ဘာလမွာ အၿပီးသတ္ကာ ၂၀၁၁ ခုႏွစ္ ဒီဇင္ဘာ ၂၃ ရက္မွာ စတင္ျဖတ္သန္းခြင့္ျပဳခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရန္ကုန္- ေနျပည္ေတာ္- မႏၱေလး အျမန္လမ္းမႀကီးမွာ တေန႔လွ်င္ ကားအစီးေရ ၅၀၀၀ ေက်ာ္ ျဖတ္သန္းသြားလာေနေၾကာင္း ေဆာက္လုုပ္ေရးဝန္ႀကီးဌာနရဲ႕ စာရင္းမ်ားအရ သိရပါတယ္။

ဧရာ၀တီ

ဧရာဝတီ မီဒီယာမွ ကူးယူေဖာ္ျပသည္။



Unicode Version

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ်မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ်သမားတွေဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့  ၅ နှစ်နီးပါး ကာလအတွင်းမှာ ယာဉ်မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစုကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့်  လက်ရှိမှာတော့ သေဆုံးသူ ၁၇ဝ ကျော်ရှိနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

အမြန်လမ်းမကြီး စတင် တည်ဆောက်ခဲ့စဉ်က အချိန် လိုအပ်ချက်၊ ငွေကြေး လိုအပ်ချက်တွေကြောင့် လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တဲ့အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ပြီး Master Plan တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ အကူအညီတွေကိုလည်း တောင်းခံထားကြောင်း သိရပါတယ်။

news_highway_low


အဲဒီ Master Plan မှာတော့  အမြန်လမ်းမကြီးကို ရှစ်လမ်းသွား ဖောက်လုပ်မှာဖြစ်ပြီး ကုန်တင်ကားကြီးတွေလည်း ဖြတ်သန်းခွင့် ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည် နားနေစခန်းတွေနဲ့ ရဲစခန်းတွေ၊ သန့်စင်ခန်းတွေကိုလည်း တိုးချဲ့ တည်ဆောက်မယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးမှာ အားနည်းချက်တွေ ရှိပေမယ့် နိုင်ငံတကာ အကူအညီမယူဘဲ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြည်တွင်းအင်ဂျင်နီယာတွေက လမ်းအရှည် ၃၆၆ မိုင်ကို ၆ နှစ်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့အပေါ် မြန်မာပညာရှင်တွေကို နိုင်ငံတကာက အံ့သြခဲ့ရကြောင်း၊ ဒါကြောင့် အမြန်လမ်းမကြီးဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာလမ်းမကြီး တခုလည်း ဖြစ်ကြောင်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

အစိုးရသစ် လက်ထက်အတွင်း အမြန်လမ်းမကြီး ပြုပြင်နိုင်ဖို့အတွက် ဘတ်ဂျက်ကို လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် တခြားအရေးကြီးတဲ့ ပြည်ထောင်စုလမ်းတွေအတွက် ဦးစားပေးနေရတာကြောင့် လမ်းအတွက် ဌာနဆိုင်ရာ ဘတ်ဂျက် လုံးဝ မရသေးဘူးလို့လည်း သိရပါတယ်။  အမြန်လမ်းမကြီးကို ပြန်လည် ပြုပြင်ဖို့အတွက်က ကျပ် ဘီလီယံ ထောင်ချီ ကုန်ကျ မယ်လို့လည်း သိရပါတယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာတွေကတော့ အမြန်လမ်းမကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေ အားနည်းတာ၊ လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှုမှာ အားနည်းတာ၊ လမ်းပေါ် ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန်တော့လည်း သေချာ မတပ်ထားတာ၊ လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီတညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

လမ်းအင်ဂျင်နီယာ တဦးဖြစ်သူ ဦးမောင်မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေက အကွေ့အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄ လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေများလည်း မရှိကြောင်း၊ ထို့ကြောင့် လမ်းအနေအထား မသိဘဲ အရှိန်ပြင်း မောင်းနေတဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ်ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့်လည်း ယာဉ်ထိခိုက်မှုတွေ အများအပြား ဖြစ်စေကြောင်း သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန်လမ်းမှာ သေဆုံးမှု အများဆုံးဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁ဝ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့လည်း ဦးကျော်လင်းက ဆိုပါတယ်။

လက်ရှိ အမြန်လမ်းမကြီးမှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မယ့်အပြင် ယာဉ်အိုယာဉ်ဟောင်းတွေကို မောင်းနှင်ခွင့် ပိတ်ပင်လိုက်တာ၊ အရက်သောက် ထားခြင်း ရှိ မရှိကို ကိရိယာတွေနဲ့ စစ်ဆေးတာတွေနဲ့ အမြန်လမ်းပေါ်မှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေကို သင်တန်းပေးတာတွေ လုပ်ဖို့အပြင် အမြန်လမ်းမကြီး ဥပဒေကို ပြဌာန်းဖို့လည်း ရှိတယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ အဖြစ်များနေတဲ့ ယာဉ်မတော်တဆ ထိခိုက်မှုတွေရဲ့  အဓိက အကြောင်းအရင်းတွေက ယာဉ်မောင်းသူ အိပ်ငိုက်တာ၊ အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ သတ်မှတ်ရှိန်ထက် ပိုမိုမောင်းနှင်တာနဲ့ လမ်းကြော အခြေအနေကို နားမလည်တာတွေကြောင့် အဖြစ်များနေတာလို့လည်း ဦးကျော်လင်းက ဆက်ပြောပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှာ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဦးမျိုးမြင့်ကလည်း “များသောအားဖြင့်က အိပ်ငိုက်လို့ ဘီးချော်ရာကနေ ထိခိုက်မှုဖြစ်တာပါ။ လမ်းမှာ မှတ်သားပေးထားတဲ့ လိုင်းတွေရယ်၊ အရှိန်နှုန်းနဲ့ သွားမယ်ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ အဓိက အားနည်းချက်ဖြစ်နေတာက ယာဉ်မောင်းသူကြောင့်ပါ။ ကျနော်တို့ကလည်း တာဝန်ရှိပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေ တပ်နေကြောင်း၊ လမ်းဘေးတဖက်တချက်စီမှာ ရွာတွေထဲကနေ ဖြတ်တက်နေတဲ့ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ ကာနေကြောင်း သိရပါတယ်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂ဝဝ၅ ခုနှစ် အောက်တိုဘာ ၁ဝ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂ဝဝ၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂ဝဝ၉ ခုနှစ် မတ်လ ၂၅ ရက်မှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂ဝဝ၈ ခုနှစ် ဇူလိုင်လမှာ စတင်ဖောက်လုပ်ပြီး ၂ဝ၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့လျှင် ကားအစီးရေ ၅ဝဝဝ ကျော် ဖြတ်သန်းသွားလာနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

ဧရာဝတီ

ဧရာဝတီ မီဒီယာမှ ကူးယူဖော်ပြသည်။

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »