တုိယိုတာ အမွတ္တံဆိပ္ ကမၻာနံပါတ္ ၁ ျဖစ္ေနဆဲ

၂၀၁၃ ခုႏွစ္ ကားေရာင္းအား စာရင္းဇယား မ်ားအရ ဂ်င္နရယ္ေမာ္ေတာ္ႏွင့္ ေဗာက္စ္၀က္ဂြန္ လုပ္ငန္းစုတို႔ကို ေက်ာ္လြန္ၿပီး တိုယိုတာကား ထုတ္လုပ္ေရးက ကမၻာ့နံပါတ္ ၁ ေန ရာကို ျပန္လည္ ရယူထားႏိုင္ေၾကာင္း သိရသည္။

Toyota-Logo

ဂ်ပန္ကား ထုတ္လုပ္သူသည္ ကမၻာတစ္၀ွမ္း ေရာင္းအား ပမာဏ ၉ ဒသမ ၉၈ သန္းျဖင့္ ကမၻာ့နံပါတ္ ၁ ကား ထုတ္လုပ္သူ ေနရာကို ေရာက္လာေသာ္လည္း ကားအစီးေရ ၁၀ သန္း ဟူေသာ ပန္းတိုင္ႏွင့္ သီသီကေလး လြဲေခ်ာ္ခဲ့သည္။ တိုယိုတာ ေနာက္တြင္ ဂ်င္နရယ္ေမာ္ေတာ္က ၉ ဒသမ ၇၁သန္း၊ ေဗာက္စ္၀က္ဂြန္က ၉ ဒသမ ၇ သန္း ျဖင့္ အစဥ္လိုက္ ရွိေနသည္။၂၀၁၁ ခုႏွစ္ ဆူနာမီ သဘာ၀ေဘးေၾကာင့္ ကားထုတ္လုပ္မႈ ထိခိုက္ခဲ့သည္ မွအပ တိုယိုတာသည္ ၂၀၀၈ ခုႏွစ္ ကတည္းက ကမၻာ့သရဖူကို ႏွစ္စဥ္ ေဆာင္းလာ ႏိုင္ခဲ့ေသာ ကားထုတ္လုပ္ေရး ျဖစ္သည္။ လာမည့္ ၂၀၁၄ တြင္ အစီးေရ ၁၀ သန္းကို ေက်ာ္လြန္ေအာင္ ေရာင္းခ်မည္ဟု တိုယိုတာက ၎၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ ၂၀၁၃ ခုႏွစ္ အတြက္ တိုယိုတာ၏ ေရာင္းအား ပမာဏတြင္ လက္ဆပ္စ္၊ ဒိုင္ဟတ္စုႏွင့္ ထရပ္ထုတ္လုပ္သူ ဟီးႏိုးတို႔၏ ေရာင္းအား ကိန္းဂဏန္းကိုပါ ေပါင္းထည့္ ထားသည္။ တိုယိုတာကား ၁၀ စီး ေရာင္းခ်လွ်င္ ဟိုက္ဘရစ္ ပါ၀င္ႏႈန္းမွာ ၁ စီးထက္ ေက်ာ္လြန္သည္။ တိုယိုတာ၏ ေရာင္းအား အဓိက မွီခိုရာမွာလည္း ၎၏ ျပည္တြင္း ဂ်ပန္ ေစ်းကြက္ပင္ ျဖစ္သည္။ ယမန္ႏွစ္က ကားအစီးေရ ၂ ဒသမ ၃ သန္း ေရာင္းခ် ႏို္င္ခဲ့သည္။ ယင္းပမာဏမွာ ၿဗိတိန္၏ ကားသစ္ ေစ်းကြက္ တစ္ခုလံုးႏွင့္ ညီမွ်သည္။ ဂ်င္နရယ္ေမာ္ေတာ္၏ နံပါတ္ ၂ ေနရာအတြက္ ခ်က္ဗလက္က အခ ရာျဖစ္သည္။ ယမန္ႏွစ္က ခ်က္ဗ လက္ အစီးေရ ၅ သန္းနီးပါး ေရာင္း ခ်ႏိုင္ခဲ့သည္။ခ်က္ဗလက္ သည္လည္း ၎၏ အိမ္ေစ်းကြက္ အေမရိကတြင္ ေရပန္းအစားဆံုး တံဆိပ္တစ္ခု ျဖစ္သည္။ ဥေရာပ ေစ်းကြက္ ကိုမူထိုး ေဖာက္ႏိုင္စြမ္း မရွိခဲ့ေပ။ ၂၀၁၅ ဆိုလွ်င္ ခ်က္ဗလက္ကို ဥေရာပ ေစ်းကြက္မွ အၿပီးတိုင္ ဖယ္ထုတ္ေတာ့မည္ဟု ဂ်င္နရယ္ ေမာ္ေတာ္က ေျပာေနသည္။ ဥေရာပတြင္ ေဗာက္စ္ေဟာႏွင့္ အိုပယ္လ္ တို႔ကို သာဆက္လက္ ထားရွိမည္ျဖစ္သည္။ ေဗာက္စ္၀က္ဂြန္ သည္လည္း ယခင္က ထက္စာလွ်င္ ယမန္ႏွစ္၌ ေရာင္းအား ၅ ရာခိုင္ႏႈန္း တက္လာသည္။ ေဗာက္စ္၀က္ဂြန္ သီးသန္႔ အစီးေရ ၆ သန္းနီးပါး ေရာင္းရၿပီး ေအာ္ဒီကား အစီးေရ ၁ ဒသမ ၆ သန္း ရွိခဲ့သည္။ ေဗာက္စ္၀က္ဂြန္ကို အမ်ားဆံုးအား ေပးသည္မွာ တ႐ုတ္ေစ်းကြက္ ျဖစ္သည္။ အစီးေရ ၃ ဒသမ ၃ သန္း ရွိခဲ့သည္။ မထင္မွတ္ဘဲ ေရာင္းအားေကာင္း ခဲ့သည္မွာ ေတာင္အေမရိက ေစ်းကြက္ ျဖစ္သည္။ အစီးေရ တစ္သန္းေအာက္ အေရအတြက္ ျဖင့္ ေရာင္းခ် ႏိုင္ခဲ့သည္။

 

Ref: Auto World



Unicode Version

၂ဝ၁၃ ခုနှစ် ကားရောင်းအား စာရင်းဇယား များအရ ဂျင်နရယ်မော်တော်နှင့် ဗောက်စ်ဝက်ဂွန် လုပ်ငန်းစုတို့ကို ကျော်လွန်ပြီး တိုယိုတာကား ထုတ်လုပ်ရေးက ကမ္ဘာ့နံပါတ် ၁ နေ ရာကို ပြန်လည် ရယူထားနိုင်ကြောင်း သိရသည်။

Toyota-Logo

ဂျပန်ကား ထုတ်လုပ်သူသည် ကမ္ဘာတစ်ဝှမ်း ရောင်းအား ပမာဏ ၉ ဒသမ ၉၈ သန်းဖြင့် ကမ္ဘာ့နံပါတ် ၁ ကား ထုတ်လုပ်သူ နေရာကို ရောက်လာသော်လည်း ကားအစီးရေ ၁ဝ သန်း ဟူသော ပန်းတိုင်နှင့် သီသီကလေး လွဲချော်ခဲ့သည်။ တိုယိုတာ နောက်တွင် ဂျင်နရယ်မော်တော်က ၉ ဒသမ ၇၁သန်း၊ ဗောက်စ်ဝက်ဂွန်က ၉ ဒသမ ၇ သန်း ဖြင့် အစဉ်လိုက် ရှိနေသည်။၂ဝ၁၁ ခုနှစ် ဆူနာမီ သဘာဝဘေးကြောင့် ကားထုတ်လုပ်မှု ထိခိုက်ခဲ့သည် မှအပ တိုယိုတာသည် ၂ဝဝ၈ ခုနှစ် ကတည်းက ကမ္ဘာ့သရဖူကို နှစ်စဉ် ဆောင်းလာ နိုင်ခဲ့သော ကားထုတ်လုပ်ရေး ဖြစ်သည်။ လာမည့် ၂ဝ၁၄ တွင် အစီးရေ ၁ဝ သန်းကို ကျော်လွန်အောင် ရောင်းချမည်ဟု တိုယိုတာက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂ဝ၁၃ ခုနှစ် အတွက် တိုယိုတာ၏ ရောင်းအား ပမာဏတွင် လက်ဆပ်စ်၊ ဒိုင်ဟတ်စုနှင့် ထရပ်ထုတ်လုပ်သူ ဟီးနိုးတို့၏ ရောင်းအား ကိန်းဂဏန်းကိုပါ ပေါင်းထည့် ထားသည်။ တိုယိုတာကား ၁ဝ စီး ရောင်းချလျှင် ဟိုက်ဘရစ် ပါဝင်နှုန်းမှာ ၁ စီးထက် ကျော်လွန်သည်။ တိုယိုတာ၏ ရောင်းအား အဓိက မှီခိုရာမှာလည်း ၎င်း၏ ပြည်တွင်း ဂျပန် စျေးကွက်ပင် ဖြစ်သည်။ ယမန်နှစ်က ကားအစီးရေ ၂ ဒသမ ၃ သန်း ရောင်းချ နို်င်ခဲ့သည်။ ယင်းပမာဏမှာ ဗြိတိန်၏ ကားသစ် စျေးကွက် တစ်ခုလုံးနှင့် ညီမျှသည်။ ဂျင်နရယ်မော်တော်၏ နံပါတ် ၂ နေရာအတွက် ချက်ဗလက်က အခ ရာဖြစ်သည်။ ယမန်နှစ်က ချက်ဗ လက် အစီးရေ ၅ သန်းနီးပါး ရောင်း ချနိုင်ခဲ့သည်။ချက်ဗလက် သည်လည်း ၎င်း၏ အိမ်စျေးကွက် အမေရိကတွင် ရေပန်းအစားဆုံး တံဆိပ်တစ်ခု ဖြစ်သည်။ ဥရောပ စျေးကွက် ကိုမူထိုး ဖောက်နိုင်စွမ်း မရှိခဲ့ပေ။ ၂ဝ၁၅ ဆိုလျှင် ချက်ဗလက်ကို ဥရောပ စျေးကွက်မှ အပြီးတိုင် ဖယ်ထုတ်တော့မည်ဟု ဂျင်နရယ် မော်တော်က ပြောနေသည်။ ဥရောပတွင် ဗောက်စ်ဟောနှင့် အိုပယ်လ် တို့ကို သာဆက်လက် ထားရှိမည်ဖြစ်သည်။ ဗောက်စ်ဝက်ဂွန် သည်လည်း ယခင်က ထက်စာလျှင် ယမန်နှစ်၌ ရောင်းအား ၅ ရာခိုင်နှုန်း တက်လာသည်။ ဗောက်စ်ဝက်ဂွန် သီးသန့် အစီးရေ ၆ သန်းနီးပါး ရောင်းရပြီး အော်ဒီကား အစီးရေ ၁ ဒသမ ၆ သန်း ရှိခဲ့သည်။ ဗောက်စ်ဝက်ဂွန်ကို အများဆုံးအား ပေးသည်မှာ တရုတ်စျေးကွက် ဖြစ်သည်။ အစီးရေ ၃ ဒသမ ၃ သန်း ရှိခဲ့သည်။ မထင်မှတ်ဘဲ ရောင်းအားကောင်း ခဲ့သည်မှာ တောင်အမေရိက စျေးကွက် ဖြစ်သည်။ အစီးရေ တစ်သန်းအောက် အရေအတွက် ဖြင့် ရောင်းချ နိုင်ခဲ့သည်။

 

Ref: Auto World

Latest News

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »