fb-pageview-tracker
လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို ထိ​ေရာက္​စြာဖမ္​းဆီးနိုင္​ရန္​ ဆု​ေၾကး​ေငြ​ေပး၍ သတင္​း​ေပးဖမ္​းဆီးမႈမ်ိဳး လုပ္​​ေဆာင္​သင္​့ဟုဆို


Zawgyi Version

ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍ သတင္​း​ေပးဖမ္​းဆီးမႈမ်ိဳး လုပ္​​ေဆာင္​သင္​့​ေၾကာင္​း ​ေမာ္​​ေတာ္​ယာဥ္​အသံုးျပဳသူအမ်ားစုက ​ေျပာဆို​ေနၾကသည္​။ ျပည္​ပမွ တရားဝင္​တင္​သြင္​းထား​ေသာ ကားမ်ားအား အခြန္​မ်ိဳးစံု ​ေကာက္​ခံ​ေနလ်က္​ရွိၿပီး တရားမဝင္​စီးနင္​း​ေန​ေသာ လိုင္​စင္​မဲ့ကားမ်ားဝင္​​ေရာက္​လာမႈကိုလည္​း ထိ​ေရာက္​စြာ ဖမ္​းဆီးစစ္​​ေဆးေပးရန္​ လိုလား​ေနလ်က္​ရွိရာ လိုင္​စင္​မဲ့ကားမ်ား နီးစပ္​ရာေနအိမ္​မ်ားတြင္​႐ွိ​ေနမႈမ်ားကို ဆု​ေၾကး​ေငြထုတ္​​ေပး၍ သတင္​းေပးတိုင္​ၾကားႏိုင္​ေသာစနစ္​ျဖင္​့ ထိန္​းခ်ဳပ္​ဖမ္​းဆီး​ေစလိုၾက​ေၾကာင္​း သိရသည္​။

“တရားဝင္​တင္​သြင္​းလာတဲ့ကား​ေတြ အခြန္​မ်ိဳးစံု​ေကာက္​​ေန​ေတာ့ လိုင္​စင္​မဲ့ကားပဲ စီးလာၾကတာ​ေပါ့။ အခြန္​​ေဆာင္​ထားတဲ့ကားတစ္​စီးက သိန္​း ၂၀၀ ​ေက်ာ္​ရွိတယ္​။ ကား​ေစ်းကလည္​း အရင္​လိုမဟုတ္​ဘူး။ အဆမတန္​ ​ေဈး​ေတြတက္​လာ​ေနတယ္​။ လိုင္​စင္​မဲ့ကားတစ္​စီးတန္​ဖိုးက သိန္​း ၂၀ ပဲရွိ​ၿပီး ထိထိ​ေရာက္​​ေရာက္​ မဖမ္​းဆီးဘူးဆိုတာသိေတာ့​ လိုင္​စင္​မဲ့ကားပဲ စီးလာၾကတ​ာ​ေပါ့။ လိုင္​စင္​မဲ့​ေတြ ဘယ္​လိုနည္​းနဲ႔ဝင္​​ေနသလဲဆိုတာ သိ​ေနတာပဲ။ တ​ကယ္​ထိထိ​ေရာက္​​ေရာက္​ စစ္​​ေဆးဖမ္​းဆီးတာမ်ိဳးလုပ္​​ေစခ်င္​တယ္​။ လိုင္​စင္​မဲ့ကားတစ္​စီး​ေတြ႕လို႔ သတင္​း​ေပးရင္​ ဆု​ေငြဘယ္​​ေလာက္​​ေပးမယ္​လို႔သာ ေၾကညာ​ေပးလိုက္​၊ တ​ကယ္​လည္​း ဆု​ေငြကို ျမင္​သာ​ေအာင္​​ေၾကညာၿ​​ပီးဆုခ်၊ ၿမိဳ ႔ႀကီးလို​ေနရာ​ေတြမွာ အိမ္​​ေတြၿခံ​ေတြထဲ လိုင္​စင္​မဲ့ကား ဘယ္​​ေနရာမွာမွ ထားရဲ၊ စီးရဲ​ေတာ့မွာ မဟုတ္ေတာ့ဘူး။ တကယ္​သာ ထိထိ​ေရာက္​​ေရာက္​လုပ္​ဖို႔လို​ေနတာ။” ဟု ​ေမာ္​​ေတာ္​ယာဥ္​အသံုးျပဳသူ ဦး​ေအာင္​ႏိုင္​ဦးက ​ေျပာသည္​။

လက္​ရွိအ​ေျခအ​ေနတြင္​ ရန္​ကုန္​တိုင္​း​ေဒသႀကီးအတြင္​း သြားလာ​ေန​ေသာ လိုင္​စင္​မဲ့ (without) ကားမ်ားကို ဌာန​ေပါင္​းစံုပူး​ေပါင္​း၍ စီမံခ်က္​ျဖင္​့ ဖမ္​းဆီးစစ္​​ေဆးမႈမ်ား လုပ္​​ေဆာင္​​ေန​ေသာ္​လည္​း ေနအိမ္​မ်ား၊ ျခံဝန္​းမ်ားအတြင္​း႐ွိ​ေန​ေသာ လိုင္​စင္​မဲ့ကားမ်ားကို သတင္​း​ရ႐ွိမွသာ ဝင္​​ေရာက္​ဖမ္​းဆီးနိုင္မည္​ျဖစ္​​ေၾကာင္​း သိရသည္။

“လိုင္​စင္​မဲ့ကား​ေတြကို စီမံခ်က္​နဲ႔ဖမ္​းဆီးစစ္​​ေဆးတာ​ေတြ လုပ္​​ေနပါတယ္​။ အိမ္​​ေတြ၊ ဝန္​း​ေတြထဲအထိ ဝင္​႐ွာတာ​ေတာ့မလုပ္​​ေသးပါဘူး။ နီးစပ္​ရာ အိမ္​ဝန္​းေတြထဲမွာ လိုင္​စင္​မဲ့ကား​ေတြ ႐ွိ​ေနရင္​လည္​း နီးစပ္​ရာနယ္​​ေျမရဲစခန္းကို အ​ေၾကာင္​းၾကားၿပီး သတင္း​ေပး​တိုင္​တန္​းလို႔ရပါတယ္​။” ဟု ရန္​ကုန္​တိုင္​းယာဥ္​ထိန္​းရဲတပ္​ဖြဲ႔ခြဲမႉးရံုးမွ အရာ႐ွိတစ္​ဦးက ​ေျပာၾကားခဲ့သည္​။


Unicode Version

နေအိမ်ခြံဝန်းများတွင် လိုင်စင်မဲ့ကားရှိနေမှုများကို ထိရောက်စွာဖမ်းဆီးနိုင်ရန်အတွက် ဆုကြေးငွေပေး၍ သတင်းပေးဖမ်းဆီးမှုမျိုး လုပ်ဆောင်သင့်ကြောင်း မော်တော်ယာဉ်အသုံးပြုသူအများစုက ပြောဆိုနေကြသည်။ ပြည်ပမှ တရားဝင်တင်သွင်းထားသော ကားများအား အခွန်မျိုးစုံ ကောက်ခံနေလျက်ရှိပြီး တရားမဝင်စီးနင်းနေသော လိုင်စင်မဲ့ကားများဝင်ရောက်လာမှုကိုလည်း ထိရောက်စွာ ဖမ်းဆီးစစ်ဆေးပေးရန် လိုလားနေလျက်ရှိရာ လိုင်စင်မဲ့ကားများ နီးစပ်ရာနေအိမ်များတွင်ရှိနေမှုများကို ဆုကြေးငွေထုတ်ပေး၍ သတင်းပေးတိုင်ကြားနိုင်သောစနစ်ဖြင့် ထိန်းချုပ်ဖမ်းဆီးစေလိုကြကြောင်း သိရသည်။

“တရားဝင်တင်သွင်းလာတဲ့ကားတွေ အခွန်မျိုးစုံကောက်နေတော့ လိုင်စင်မဲ့ကားပဲ စီးလာကြတာပေါ့။ အခွန်ဆောင်ထားတဲ့ကားတစ်စီးက သိန်း ၂၀၀ ကျော်ရှိတယ်။ ကားဈေးကလည်း အရင်လိုမဟုတ်ဘူး။ အဆမတန် ဈေးတွေတက်လာနေတယ်။ လိုင်စင်မဲ့ကားတစ်စီးတန်ဖိုးက သိန်း ၂၀ ပဲရှိပြီး ထိထိရောက်ရောက် မဖမ်းဆီးဘူးဆိုတာသိတော့ လိုင်စင်မဲ့ကားပဲ စီးလာကြတာပေါ့။ လိုင်စင်မဲ့တွေ ဘယ်လိုနည်းနဲ့ဝင်နေသလဲဆိုတာ သိနေတာပဲ။ တကယ်ထိထိရောက်ရောက် စစ်ဆေးဖမ်းဆီးတာမျိုးလုပ်စေချင်တယ်။ လိုင်စင်မဲ့ကားတစ်စီးတွေ့လို့ သတင်းပေးရင် ဆုငွေဘယ်လောက်ပေးမယ်လို့သာ ကြေညာပေးလိုက်၊ တကယ်လည်း ဆုငွေကို မြင်သာအောင်ကြေညာပြီးဆုချ၊ မြို့ကြီးလိုနေရာတွေမှာ အိမ်တွေခြံတွေထဲ လိုင်စင်မဲ့ကား ဘယ်နေရာမှာမှ ထားရဲ၊ စီးရဲတော့မှာ မဟုတ်တော့ဘူး။ တကယ်သာ ထိထိရောက်ရောက်လုပ်ဖို့လိုနေတာ။” ဟု မော်တော်ယာဉ်အသုံးပြုသူ ဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာနေသော လိုင်စင်မဲ့ (without) ကားများကို ဌာနပေါင်းစုံပူးပေါင်း၍ စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း နေအိမ်များ၊ ခြံဝန်းများအတွင်းရှိနေသော လိုင်စင်မဲ့ကားများကို သတင်းရရှိမှသာ ဝင်ရောက်ဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပါတယ်။ အိမ်တွေ၊ ဝန်းတွေထဲအထိ ဝင်ရှာတာတော့မလုပ်သေးပါဘူး။ နီးစပ်ရာ အိမ်ဝန်းတွေထဲမှာ လိုင်စင်မဲ့ကားတွေ ရှိနေရင်လည်း နီးစပ်ရာနယ်မြေရဲစခန်းကို အကြောင်းကြားပြီး သတင်းပေးတိုင်တန်းလို့ရပါတယ်။” ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »