ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ကားများကို တရားဝင်မောင်းနှင်ခွင့်လိုင်စင် ထုတ်ပေးမည်ဆိုပါက တရားဝင်အခွန်ဆောင်ထားသည့် ကားတင်သွင်းသူများ နစ်နာလာနိုင်


without





ခေတ်သစ်



Unicode Version

without

ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ကားများကို တရားဝင်မောင်းနှင်သည့်လိုင်စင် ထုတ်ပေးမည်ဆိုပါက ကျန်တိုင်းနှင့်ပြည်နယ်များကပါ တောင်းဆိုလာနိုင်ဖွယ်ရှိပြီး တရားဝင်ကားတင်သွင်းသူများနစ်နာလာနိုင်ကြောင်း ကားတင်သွင်သည့်လုပ်ငန်းရှင်ထံမှ သိရသည်။

လိုင်စင်မဲ့ ကားများအား တရားဝင် မောင်းနှင်လိုင်စင် ထုတ်ပေးခြင်းကိုသင့်လျှော်သောအခွန်နှုန်းထားများပေးဆောင်စေနိုင်ရန်အတွက် ပြည်နယ်အစိုးရအား တိုက်တွန်းသော အဆိုကို ဝိုင်းမော်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ (ခ) ဦးဇခေါန်ခမ်းရယ်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ကားများမှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် သင့်လျော်သော အခွန်နှုန်းထားများ ပေးဆောင်၍ မောင်းနှင်ခွင့်သည် ပြည်ထောင်စု အဆင့်  ပြည်ထောင်စု အစိုးရအဖွဲ့မှသာ ဆုံးဖြတ်၍ရမည်ဖြစ်ကြောင်းလည်း သိရသည်။

လိုင်စင်မဲ့ကားများအား ကချင်ပြည်နယ်သို့သာ ပေးမည်ဆိုပါက ကျန် တိုင်းနှင့်ပြည်နယ်များမှာပါ တောင်းဆိုလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

“ကချင်ပြည်နယ်ကိုသာ လိုင်စင်မဲ့ကားတွေ တရားဝင်စီးနင်းခွင့်ပေးမယ်ဆိုတာက မဖြစ်သင့်ပါဘူး။ အဲ့ဒီကချင်ပြည်နယ်ကိုသာ ပေးမယ်ဆိုရင် ကျန်ပြည်နယ်နှင့်တိုင်းတွေကလည်း တောင်းဆိုလာနိုင်ပါတယ်။ တစ်ချို့လိုင်စင်မဲ့ကားတွေ နယ်စပ်ကနေ ပိုမိုဝင်ရောက်လာနေတာတွေလည်းရှိတယ်။ တရားဝင်နိုင်ငံတော်ကို အခွန်ဆောင် ကားတင်သွင်းထားတဲ့ လူတွေအနေနဲ့ နစ်နာနိုင်ပါတယ်” ဟု ကားတင်သွင်းရောင်းချသူများက ပြောသည်။

ခေတ်သစ်

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »