fb-pageview-tracker
သင့္ကား ဆီစားႏႈန္း ဘာေၾကာင့္ မ်ားေနတာလဲ?


Zawgyi Version

ေလာင္စာဆီ ေစ်းႏႈန္းတျဖည္းျဖည္းျမင့္တက္လာတဲ့ ယေန႔ေခတ္အခါမွာ “ဒီကားက အင္ဂ်င္ပါဝါၾကီးတယ္ကြ၊ ဆီပုိအုပ္တယ္၊ ဆီပုိတုပ္တယ္"။ "ဒီကားေတာ့ သြားမလုပ္နဲ႕ဟ၊ ဟုိးနားဒီနားကုိ ဆီတစ္ဂါလံ" ဆုိတာမ်ိဳးက က်ေနာ္တုိ႕ကားေလာကပတ္ဝန္းက်င္မွာ ၾကားေနက်စကားေတြပါ။ ဒီ ဆီစားတယ္၊ ဆီစားတာမ်ားတယ္ အစရွိတဲ့ စကားေတြက ဒီမွာမွမဟုတ္၊ ကမၻာ့ႏုိင္ငံအသီးသီးက ကားလုပ္ငန္းရွင္ေတြ၊ ကားထုတ္လုပ္တဲ့ ကုမၸဏီေတြပါ အျမဲရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈေတြထဲက တစ္ခုပါ။
ဟုိးအရင္ ဆီစားႏႈန္းကုိထိန္းခ်ဳပ္မႈနည္းတဲ့ နည္းပညာနိမ့္ကားအင္ဂ်င္ေတြကေန ကေန႕ေခတ္ ဆီစားႏႈန္းကုိ စနစ္တက်ကြန္ပ်ဴတာနည္းပညာမ်ားနဲ႕ ေစာင့္ၾကည့္ထိန္းခ်ဳပ္ႏုိင္တဲ့ EFI အင္ဂ်င္ေတြ၊ ေနာက္ အင္ဂ်င္နဲ႕ High Voltage Battery ေတြ တြဲဖက္အသံုးျပဳလာတဲ့ Hybrid System ေတြအထိ ေခတ္အဆက္ဆက္ နည္းပညာေတြ ျမင့္မားတုိးတက္လာၾကပါျပီ။

ကားေလာကမွာ အင္ဂ်င္ပါဝါၾကီးေလေလ၊ ဆီစားမ်ားေလေလဆုိတာကေတာ့ ကားစီးတဲ့သူတုိင္း သိထားျပီးသားအခ်က္ပါ။ 3.5 litre Engine ၊ 4.5 litre Engine ေတြနဲ႕ 1.0 litre ၊ 1.3 litre ၊ 1.5 litre Engine ေတြရဲ့ ဆီစားႏႈန္းက ကြဲျပားျခားနားသလုိ၊ အင္ဂ်င္ရဲ့ေမာင္းႏွင္အား၊ အဆြဲအရုန္း၊ အတြင္းခန္း အဲကြန္းအေအးေပးစနစ္ေတြရဲ့ လုပ္ေဆာင္ႏုိင္စြမ္းေတြဟာလည္း ကြာျခားမွာပါ။

ဒါေၾကာင့္ စီးပြားေရးေဈးကြက္အရ ကားတစ္စီးဝယ္ေတာ့မယ္ဆိုရင္ ကုိယ္သံုးမယ့္ကားရဲ့ ဆီစားႏႈန္းဆုိတာ ကားေလာကထဲမွာ အေရးပါဆံုးေသာ အရာေတြထဲက တစ္ခုဆုိရင္ မမွားပါဘူး။ ဒါေၾကာင့္ ဒီေန႕ ကားေလာကထဲမွာ အေျပာမ်ားဆံုး၊ အျဖစ္မ်ားဆံုး၊ ေန႕စဥ္ ေငြယုိေပါက္ အမ်ားဆံုး ျပႆနာေတြထဲကတစ္ခုျဖစ္တဲ့ ဆီစားႏႈန္းမ်ားေစတဲ့ ျပႆနာေလးေတြကုိ ေဆြးေႏြးတင္ျပခ်င္ပါတယ္။

ကားဘာလုိ႕ဆီပုိစားေနတာလဲ?
ကုိယ္ဝယ္ထားတဲ့ကားရဲ့ အင္ဂ်င္ပါဝါက ၾကီးတယ္၊ ဥပမာ Celsior ကား၊ အင္ဂ်င္ပါဝါၾကီးတဲ့ UZ အင္ဂ်င္ေတြ၊ ပံုမွန္ကားေတြထက္ ဆီပုိစားမယ္။ ဒါက ပံုမွန္ျဖစ္ေနက်ပဲ။ ဒါေပမယ့္ ကုိယ္ဝယ္ထားတဲ့ ကားက Belta 1.0 litre အင္ဂ်င္နဲ႕။ ဒါေပမယ့္ 1.0 litre Engine နဲ႕ မလုိက္ေအာင္ကုိ ဆီစားေနတယ္ဆုိရင္ေတာ့ ျပႆနာတစ္ခုခုရွိေနျပီ။
ကားဆီပုိစားရျခင္း အေၾကာင္းအခ်က္ေတြ အမ်ားၾကီးရွိပါတယ္။ အဲဒါေတြကေတာ့

၁။ ဆီအရည္အေသြး မျပည့္မီျခင္း

က်ေနာ္တုိ႕ လက္ရွိကားေလာကေဈးကြက္မွာ သံုးစြဲေနတဲ့ဆီေတြက ဓာတ္ဆီဆုိ 92 ၊ 95 RON ၊ ဒီဇယ္ဆုိ ရုိးရုိးဒီဇယ္၊ ပရီမီယမ္ ဒီဇယ္ တုိ႕ျဖစ္ပါတယ္။ အဲဒီဆီေတြရဲ့ အရည္အေသြးဟာ ကားတစ္စီးရဲ့ ဆီစားႏႈန္းကုိ တုိက္ရုိက္ဆက္စပ္မႈရွိပါတယ္။ ဘာေၾကာင့္လဲဆုိရင္ က်ေနာ္တုိ႕ လက္ရွိသံုးေနက်ကားေတြအားလံုးရဲ့ အင္ဂ်င္ေတြဟာ အတြင္းပုိင္းမီးေလာင္ေပါက္ကြဲျပီး စြမ္းအင္ရကာ လည္ပတ္ရတဲ့ Internal Combustion Engine မလို႕ပါပဲ။ ဓာတ္ဆီအင္ဂ်င္ဆုိရင္ အင္ဂ်င္လည္ပတ္ဖုိ႕ ဆီနဲ႕ေလကုိ မီးေလာင္ခန္းထဲဆြဲသြင္း၊ piston ကဖိသိပ္ျပီး spark plugs ေတြကေန မီးခတ္ကာ ေလာင္္ကၽြမ္းေပါက္ကြဲစြမ္းအင္ထုတ္လုပ္တဲ့ အင္ဂ်င္ေတြျဖစ္ပါတယ္။
အဲဒီလုိ အေျခအေနမွာ 92 ၊ 95 အရည္အေသြးမျပည့္မီတဲ့ ဆီေတြဟာ အဖိအသိပ္မခံႏုိင္ပါဘူး။ ဒါေၾကာင့္ spark plugs ကေန မီးခတ္ခ်ိန္ထိေတာင္ မေရာက္လုိက္ဘဲ ဖိသိပ္လုိက္တဲ့အခ်ိန္မွာ အလုိလုိ မီးထေလာင္ကၽြမ္းကုန္ပါေတာ့တယ္။ အဲဒါေၾကာင့္ အင္ဂ်င္ရဲ့ လုိအပ္တဲ့ စြမ္းအင္ေတြ အျပည့္အဝမရရွိေတာ့ဘဲ ဆီဆံုးရႈံးမႈေတြျဖစ္ကာ ဆီစားမ်ားရတဲ့ ျပႆနာၾကံဳလာရပါေတာ့တယ္။

၂။ Spark  plugs ေတြ မေကာင္းျခင္း

ဆီစားမ်ားေစတဲ့ ေနာက္အေၾကာင္းအရာတစ္ခုက spark plugs ေတြ မေကာင္းတာ၊ ဒါမွမဟုတ္ အရည္အေသြးညံ့တဲ့ အမ်ိဳးအစားေတြသံုးထားတာ၊ အင္ဂ်င္အမ်ိဳးအစားနဲ႕ မကုိက္ညီတဲ့ spark plugs ေတြ သံုးထားတာေၾကာင့္ပဲျဖစ္ပါတယ္။ Spark plugs ဆုိတာကလည္း အေပၚမွာ ေျပာျပထားသလုိ လက္ရွိကားေတြမွာသံုးေနတဲ့ အင္ဂ်င္ေတြအတြက္ မရွိမျဖစ္ အေရးၾကီးတဲ့ ဇာတ္ေကာင္ပါ။ ဒီေကာင္ ေကာင္/းမေကာင္း ၊ အရည္အေသြးမွန္/မမွန္ ၊ အင္ဂ်င္အမ်ိဳးအစားနဲ႕ ကုိက္ညီမႈရွိ/မရွိဟာလည္း ကားဆီစားႏႈန္းကုိ တုိက္ရုိက္သက္ဆုိင္ေနပါတယ္။
Spark plugs ေတြမေကာင္းဘူးဆုိရင္ အင္ဂ်င္ရဲ့ မီးေလာင္ခန္းထဲကုိ ပုိ႔သြင္းလုိက္တဲ့ ဆီေတြဟာ၊ ျပည့္ျပည့္ဝဝ ေလာင္ကၽြမ္းႏုိင္မွာ မဟုတ္ပါဘူး။ ဒီလုိ မေလာင္ကၽြမ္းတဲ့အတြက္ ပုိ႕သြင္းလုိက္တဲ့ ဆီေတြဟာ အလဟႆ ျဖစ္ကုန္မယ္။ ေနာက္တစ္ခ်က္က ဆီေတြ အျပည့္အဝ မီးမေလာင္တဲ့အတြက္ အင္ဂ်င္လည္ပတ္ဖုိ႔ လုိအပ္တဲ့ အင္ဂ်င္ပါဝါကုိလည္း အျပည့္အဝရေစမွာ မဟုတ္ေတာ့ပါဘူး။

ဒါေၾကာင့္ သင့္ကားမွာသံုးေနတဲ့ spark plugs ေတြကုိ ကီလုိမီတာ 30,000 ေလာက္ေမာင္းျပီးတုိင္း ျဖဳတ္ျပီး စစ္ေဆးသင့္ပါတယ္။ ေနာက္ထပ္အၾကံျပဳခ်င္တာကေတာ့ ကားအင္ဂ်င္အမ်ိဳးအစားနဲ႔မကုိက္ညီတဲ့ ေတြ႕ကရာ spark plugs ေတြကုိ ထည့္သြင္းအသံုးျပဳတာကလည္း ဆီပုိစားေစတဲ့ အေၾကာင္းရင္းတစ္ခုပါ။
တခ်ိဳ႕ကားအသံုးျပဳသူေတြဆုိရင္ ကား spark plugs ေတြကုိ ျဖဳတ္စစ္ေဆးတာ၊ လဲလွယ္တာေတြ မလုပ္ဘဲ ေပျပီးသံုးလုိ႔ ေနာက္ဆံုး Engine Check Light ေတြလင္းျပီး misfire diagnostics code ေတြတက္လာတာမ်ိဳးအထိျဖစ္လာေတြ ေတြ႕ရဖူးပါတယ္။

၃။ Air filter ေတြမေကာင္းတာ၊ ေလတံခါး (throttle body) ေၾကးပိတ္တာ

ဆီစားမ်ားေစတဲ့ အခ်က္ေတြထဲက ျမင္ရေတြ႕ရ အမ်ားဆံုးအေၾကာင္းတစ္ခုက အင္ဂ်င္ခန္းထဲက air filter ေတြမေကာင္းတာပါ။ ေလစစ္လုိ႕အလြယ္ေခၚတတ္ၾကတဲ့ air filter ေတြဟာ ျမန္မာႏုိင္ငံလုိ ေနရာအႏွံ႕ သဲဖုန္ထူထပ္တဲ့ ေနရာေတြမွာ အလြယ္တကူ လ်င္လ်င္ျမန္ျမန္ ညစ္ပတ္သြားပါတယ္။ ကားထုတ္လုပ္တဲ့ ကုမၸဏီေတြကေတာ့ မုိင္ ၁၅,၀၀၀ ခြဲကေန မုိင္ ၃၀,၀၀၀ ေမာင္းျပီးတုိင္း ေလစစ္ကုိ လဲလွယ္သင့္ပါတယ္လုိ႕ အၾကံေပးထားေပမယ့္ ျမန္မာႏုိင္ငံမွာေတာ့ ဒါ့ထက္ေစာျပီး လဲလွယ္သင့္တာပါ။
Air filter ကေတာ့ spark plugs လုိ ျဖဳတ္တပ္ရ မခက္ခဲဘဲ အလြယ္တကူျဖဳတ္စစ္ျပီး ကုိယ္တုိင္လဲလွယ္ႏုိင္တာမလို႕ အပတ္စဥ္၊ လစဥ္ ျဖဳတ္စစ္ကာ မေကာင္းရင္လဲလွယ္ေပးပါက ဆီစားမ်ားေစတဲ့ အေၾကာင္းေတြထဲကတစ္ခုကုိ ကာကြယ္ႏုိင္မွာပါ။
Air filter မေကာင္းရင္ ဘာလုိ႕ဆီစားရသလဲဆုိရင္ေတာ့ က်ေနာ္တုိ႕လက္ရွိသံုးေနတဲ့ကားတုိင္းရဲ့ အင္ဂ်င္အတြင္းပုိင္းမွာ မီးေလာင္ေပါက္ကြဲျပီး စြမ္းအင္ရရွိဖုိ႕ အဓိကလုိအပ္ခ်က္ျဖစ္တဲ့ ဆီ၊ ေလနဲ႔ မီးပြားထဲမွာ ေလရဲ့အပုိင္းကုိ ဒီ air filter ကေနျဖတ္သန္းျပီးမွ လာရတာေၾကာင့္ပါပဲ။ ပံုမွန္အားျဖင့္ ေလနဲ႕ဆီ အခ်ိဳးကုိ 14း1 လုိ႕သတ္မွတ္ထားျပီး ေလစစ္ေတြမွာ ေၾကးနဲ႕ဖုန္ေတြကပ္ျပီး ပိတ္ဆုိ႕ေနတဲ့အခါမွာ ဆီနဲ႕ေလ အခ်ိဳးအစားေတြ မမွန္ေတာ့ဘဲ မီးေလာင္ခန္းထဲမွာ ေလအခ်ိဳးနည္းျပီး ဆီေတြမီးကုန္ေအာင္ မေလာင္ကၽြမ္းႏုိင္တဲ့အတြက္ ဆီစားမ်ားရတဲ့ ျပႆနာၾကံဳရတာပါပဲ။ ေလတံခါးမွာ ေၾကးေတြပိတ္ဆုိ႕တဲ့အခါမွာလည္း အေပၚမွာေျပာထားသလုိ ဆီနဲ႕ေလအခ်ိဳးမညီမွ်တာ၊ အင္ဂ်င္တုန္ခါတာေတြအထိပါျဖစ္လာႏုိင္ပါတယ္။

၄။ Oxygen sensors ေတြ မေကာင္းတာ

ဒါကေတာ့ ဆီစားမ်ားေစတဲ့ အခ်က္ေတြထဲက အသိသာဆံုးအခ်က္ပါ။ ဘာျဖစ္လုိ႕လဲဆုိေတာ့ oxygen sensors ေတြမေကာင္းဘူးဆုိရင္ Engien Check Light အခ်က္ျပလာလုိ႔ပါပဲ။
Oxygen sensors ကုိ အင္ဂ်င္ရဲ့ အိတ္ေဇာအထြက္ေတြမွာ တပ္ဆင္ထားျပီး အိတ္ေဇာကေန ထြက္လာတဲ့ မီးခုိးေတြထဲက Oxygen နဲ႕ အျခားဓာတ္ေငြ႕ေတြကုိ အာရံုခံကာ Engine Control Module လုိ႕ေခၚတဲ့ ကြန္ပ်ဴတာေဘာက္ကုိ သတင္းလွမ္းပို႕ပါတယ္။ အဲဒီအိတ္ေဇာေငြ႕ေတြထဲမွာ ေအာက္ဆီဂ်င္ရာခုိင္ႏႈန္း သတ္မွတ္ခ်က္ထက္မ်ားေနလား၊ နည္းေနလားဆုိတာကုိ ကြန္ပ်ဴတာေဘာက္ကုိပုိ႕ေပးျခင္းအားျဖင့္ ကြန္ပ်ဴတာေဘာက္ကေနတစ္ဆင့္ ဆီမ်ားေနရင္ ဆီပုိ႕တဲ့ ရာခုိင္ႏႈန္းေလွ်ာ့ခ်၊ ေလမ်ားေနရင္ ေလေလွ်ာ့ အစရွိသည္ျဖင့္ လုိတုိး ပုိေလွ်ာ့လုပ္ျပီး ဆီစားသက္သာေအာင္ ျပဳလုပ္ေပးပါတယ္။
ဒါေၾကာင့္ ဒီ Oxygen sensor ပ်က္စီးသြားျပီဆုိရင္ျဖင့္ ကြန္ပ်ဴတာေဘာက္ကေန သတင္းအခ်က္အလက္ ဘာမွမရေတာ့ဘဲ Engine Check မီးလင္းေစတာပါ။ ဒီေအာက္ဆီဂ်င္ဆန္ဆာကုိ မျပဳျပင္ မလဲလွယ္ဘဲ ဒီအတုိင္းသံုးေနမယ္ဆုိရင္ျဖင့္ ဆီေလ အခ်ိဳးမမွန္တာေတြကုိ မသိႏုိင္ေတာ့ဘဲ ဆီစားႏႈန္းျမင့္တက္လာမယ္ဆုိတာ မလြဲမေသြပါပဲ။

၅။ Fuel injector ေတြ မေကာင္းတာ

Fuel injector ေတြမေကာင္းတာ၊ အဓိကအားျဖင့္ ဆီက်မ်ားတဲ့ ျပႆနာေၾကာင့္လည္း ဆီစားႏႈန္းျမင့္တက္ေစပါတယ္။ Fuel injector ဆုိတာကေတာ့ မီးေလာင္ေပါက္ကြဲမယ့္ အင္ဂ်င္ခန္္းထဲကုိ ဆီပန္းထည့္ေပးရတဲ့ ပစၥည္းတစ္မ်ိဳးပါ။  ဒီဇယ္အင္ဂ်င္ေတြအတြက္ေတာ့ nozzle လုိ႕ေခၚၾကျပီး 
ဓာတ္ဆီအင္ဂ်င္ေတြအတြက္ေတာ့ injector လုိ.ေခၚၾကပါတယ္။ ဒီ ဆီပန္းေပးတဲ့ injector ေတြမေကာင္းဘူးဆုိရင္ ကြန္ပ်ဴတာေဘာက္က ပုိ႕ေပးတဲ့အခ်က္အလက္အရ ပန္းသြင္းေပးရမယ့္ ဆီပမာဏထက္ ဆီေတြပုိပန္း၊ ပုိထြက္တဲ့ ျပႆနာၾကံဳရမွာပါ။
ဒါေၾကာင့္ မီးေလာင္ခန္းထဲမွာ မလုိအပ္တဲ့ ဆီေတြပုိျဖန္းျပီး အကုန္မေလာင္ကၽြမ္းဘဲ သင့္ကား ဆီသိသိသာသာ ပုိစားလာေတာ့မွာပါ။ မီးေလာင္ခန္းထဲ ဆီအက်မ်ားလြန္းတာ၊ ဆီအက်နည္းလြန္းတာေတြ ျဖစ္လာျပီဆုိရင္ေတာ့ Engine Check မီး လင္းလာတတ္ျပီး diagnostic error code ေတြ တက္လာေတာ့မွာပါ။ အဲဒီလုိျဖစ္လာျပီဆုိရင္ေတာ့ injector ေတြကုိ ျဖဳတ္ျပီး ေဆးေက်ာတာ၊ အသစ္လဲလွယ္တာေတြလုပ္ရေတာ့မွာပါ။

၆။ အင္ဂ်င္ဝိုင္ grade မမွန္တာေတြသံုးတာ

ဒါကေတာ့ ဆီပုိစားေစတဲ့ ျပႆနာေတြထဲက ရာခုိင္ႏႈန္းနည္းတဲ့ ျပႆနာတစ္ခုပါ။ ဒါေပမယ့္ ဆီစားႏႈန္းနဲ႕ အင္ဂ်င္ပုိင္းေတြကုိ သုေတသနလုပ္ ေစာင့္ၾကည့္ကာ ဆီစားႏႈန္းသက္သာျပီး စြမ္းရည္ျမင့္တဲ့ အင္ဂ်င္ေတြကုိဖန္တီးတဲ့ ကုမၸဏီေတြရဲ့ ထုတ္ျပန္ခ်က္ေတြအရ အင္ဂ်င္လုိအပ္တာထက္ ပုိေစးျပစ္တဲ့ အင္ဂ်င္ဝိုင္ အမ်ိဳးအစားေတြကုိသံုးမယ္၊ အင္ဂ်င္ဝိုင္ အရည္အေသြးညံ့တာေတြကုိသံုးမယ္ဆုိရင္ အင္ဂ်င္အတြင္းပုိင္း ပစၥည္းအစိတ္္အပုိင္းေတြရဲ့ လႈပ္ရွားမႈေတြကုိေႏွးေကြးေစျပီး ဆီပုိစားတဲ့ ျပႆနာရွိလာႏုိင္ပါတယ္။ ဒါေၾကာင့္ အရည္အေသြးျမင့္မားတဲ့ ေခ်ာဆီအမ်ိဳးအစားနဲ႕ အင္ဂ်င္သက္တမ္းနဲ႕ လုိက္ဖက္ညီတဲ့ grade ကုိသာသံုးစြဲသင့္ပါတယ္။

၇ ။ တာယာေလေပါင္ခ်ိန္မမွန္တာ

 

ဒီအခ်က္ကေတာ့ လူသိနည္းတဲ့ ဆီစားႏႈန္းျမင့္မားေစတဲ့ အခ်က္ပါ။ တခ်ိဳ႕ကားကုမၸဏီေတြရဲ့ အဆုိအရဆုိရင္ တာယာေလေပါင္ခ်ိန္ မမွန္တာေၾကာင့္ ဆီစားႏႈန္း 5% အထိေတာင္တုိးလာႏုိင္တယ္လုိ႕ ဆုိထားပါတယ္။ ေနာက္ ဆုိက္မမွန္တဲ့ တာယာေတြကုိ သံုးစြဲတာကလည္း ဆီစားႏႈန္းကုိ ျမင့္တတ္ေစတယ္လုိ႕ ဆုိၾကပါတယ္။ ဒါေၾကာင့္ ကားတာယာေလေပါင္ pressure အေလွ်ာ့အတင္းကုိလည္း ဂရုစုိက္သင့္ပါတယ္။

၈။ ေျခဖ်ားအေပၚမွာ မူတည္တာ

ေနာက္ဆံုးအခ်က္အေနနဲ႕ ေျပာရရင္ေတာ့ ကားေလာကထဲက old service လုိ႕ေျပာေျပာေနၾကတဲ့ သက္တမ္းရင့္ ကားဆရာၾကီးေတြေျပာသလုိပါပဲ။ "ကားဆီစားတယ္ဆုိတာ ေျခဖ်ားေပၚမွာပဲရွိတယ္ကြ" ဆုိသလုိပါ။ ကားေမာင္းတဲ့အခါ မလုိအပ္ဘဲ (accelerator pedal) လီဘာကုိ ေစာင့္နင္းတာ၊ အတင္းေက်ာ္တက္တာေတြေၾကာင့္ မလုိအပ္ဘဲ လီဘာပုိနင္းရတာေတြျဖစ္လာျပီး ဆီစားႏႈန္းျမင့္တက္ေစပါတယ္။ ဒါေၾကာင့္ စိတ္ရွည္သည္းခံ လမ္းေၾကာင္းမွန္ ဆုိသလုိ၊ ကားရဲ့ အဆြဲအရုန္း ဂီယာ အခ်ိန္းအျပဳကုိ သတိျပဳျပီး လီဘာနင္းမယ္ဆုိရင္ျဖင့္ ဆီစားႏႈန္းကလည္း ပိုျပီးသက္သာလာမွာပါ။

အထက္ပါ အခ်က္ေတြကေတာ့ လက္ရွိအျဖစ္္မ်ားဆံုး ဆီပုိစားေစတဲ့ ျပႆနာရပ္ေတြျဖစ္ျပီး အေၾကာင္းအခ်က္ တစ္ခ်က္တည္းေၾကာင့္ျဖစ္ေစ၊ အကုန္လံုးစုေပါင္းျပီးျဖစ္ေစ ဆီစားႏႈန္းျမင့္တက္လာေစတတ္ပါတယ္။ ပံုမွန္သြားလာေနက် လမ္းေၾကာင္းမွာ သံုးရတဲ့ဆီပမာဏထက္ ဆီစားႏႈန္းေတြ သိသိသာသာျမင့္တက္လာျပီဆုိရင္ေတာ့ အေပၚမွာေျပာခဲ့တဲ့ အခ်က္ေတြနဲ႕ တုိက္ဆုိင္စစ္ေဆးႏုိင္ျပီး Engine Tuning (အင္ဂ်င္ပုိင္းဆုိင္ရာ ဆီေလမီး အခ်ိဳးေတြ ခ်ိန္ညွိတာ) ကုိ ကၽြမ္းက်င္ဝပ္ေရွာ့ေတြမွာ ျပသစစ္ေဆးျပီး ျပဳျပင္ထိန္းသိမ္းရမွာျဖစ္ပါတယ္။

ဆီေဈးႏႈန္းျမင့္တက္ေနတဲ့ ယေန႕ေခတ္ထဲမွာ မိတ္ေဆြတုိ႕ ေန႕စဥ္အသံုးျပဳေနတဲ့ ကားဆီစားႏႈန္းမလုိအပ္ဘဲ ျမင့္လာတယ္ဆုိရင္ မိတ္ေဆြတို႕ရဲ့ ပုိက္ဆံအိတ္ကုိ ျခိမ္းေျခာက္တဲ့ အေျခအေနျဖစ္တာေၾကာင့္ ေသခ်ာဂရုျပဳျပီး အျမဲစစ္ေဆး ျပဳျပင္ထိန္းသိမ္းဖုိ႕လုိအပ္ပါတယ္လို႕ အၾကံျပဳတင္ျပလုိက္ရပါတယ္။

စာဖတ္သူမိတ္ေဆြညီအစ္ကုိ ေမာင္ႏွမအားလံုး နည္းပညာဗဟုသုတ ၾကြယ္ဝၾကပါေစ။

စာေရးသူ : Lynn Za Nee ( P.T.U)


Unicode Version

လောင်စာဆီ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာတဲ့ ယနေ့ခေတ်အခါမှာ “ဒီကားက အင်ဂျင်ပါဝါကြီးတယ်ကွ၊ ဆီပိုအုပ်တယ်၊ ဆီပိုတုပ်တယ်"။ "ဒီကားတော့ သွားမလုပ်နဲ့ဟ၊ ဟိုးနားဒီနားကို ဆီတစ်ဂါလံ" ဆိုတာမျိုးက ကျနော်တို့ကားလောကပတ်ဝန်းကျင်မှာ ကြားနေကျစကားတွေပါ။ ဒီ ဆီစားတယ်၊ ဆီစားတာများတယ် အစရှိတဲ့ စကားတွေက ဒီမှာမှမဟုတ်၊ ကမ္ဘာ့နိုင်ငံအသီးသီးက ကားလုပ်ငန်းရှင်တွေ၊ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေပါ အမြဲရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုပါ။
ဟိုးအရင် ဆီစားနှုန်းကိုထိန်းချုပ်မှုနည်းတဲ့ နည်းပညာနိမ့်ကားအင်ဂျင်တွေကနေ ကနေ့ခေတ် ဆီစားနှုန်းကို စနစ်တကျကွန်ပျူတာနည်းပညာများနဲ့ စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ EFI အင်ဂျင်တွေ၊ နောက် အင်ဂျင်နဲ့ High Voltage Battery တွေ တွဲဖက်အသုံးပြုလာတဲ့ Hybrid System တွေအထိ ခေတ်အဆက်ဆက် နည်းပညာတွေ မြင့်မားတိုးတက်လာကြပါပြီ။

ကားလောကမှာ အင်ဂျင်ပါဝါကြီးလေလေ၊ ဆီစားများလေလေဆိုတာကတော့ ကားစီးတဲ့သူတိုင်း သိထားပြီးသားအချက်ပါ။ 3.5 litre Engine ၊ 4.5 litre Engine တွေနဲ့ 1.0 litre ၊ 1.3 litre ၊ 1.5 litre Engine တွေရဲ့ ဆီစားနှုန်းက ကွဲပြားခြားနားသလို၊ အင်ဂျင်ရဲ့မောင်းနှင်အား၊ အဆွဲအရုန်း၊ အတွင်းခန်း အဲကွန်းအအေးပေးစနစ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာလည်း ကွာခြားမှာပါ။

ဒါကြောင့် စီးပွားရေးဈေးကွက်အရ ကားတစ်စီးဝယ်တော့မယ်ဆိုရင် ကိုယ်သုံးမယ့်ကားရဲ့ ဆီစားနှုန်းဆိုတာ ကားလောကထဲမှာ အရေးပါဆုံးသော အရာတွေထဲက တစ်ခုဆိုရင် မမှားပါဘူး။ ဒါကြောင့် ဒီနေ့ ကားလောကထဲမှာ အပြောများဆုံး၊ အဖြစ်များဆုံး၊ နေ့စဉ် ငွေယိုပေါက် အများဆုံး ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ ဆီစားနှုန်းများစေတဲ့ ပြဿနာလေးတွေကို ဆွေးနွေးတင်ပြချင်ပါတယ်။

ကားဘာလို့ဆီပိုစားနေတာလဲ?
ကိုယ်ဝယ်ထားတဲ့ကားရဲ့ အင်ဂျင်ပါဝါက ကြီးတယ်၊ ဥပမာ Celsior ကား၊ အင်ဂျင်ပါဝါကြီးတဲ့ UZ အင်ဂျင်တွေ၊ ပုံမှန်ကားတွေထက် ဆီပိုစားမယ်။ ဒါက ပုံမှန်ဖြစ်နေကျပဲ။ ဒါပေမယ့် ကိုယ်ဝယ်ထားတဲ့ ကားက Belta 1.0 litre အင်ဂျင်နဲ့။ ဒါပေမယ့် 1.0 litre Engine နဲ့ မလိုက်အောင်ကို ဆီစားနေတယ်ဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေပြီ။
ကားဆီပိုစားရခြင်း အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့

၁။ ဆီအရည်အသွေး မပြည့်မီခြင်း

ကျနော်တို့ လက်ရှိကားလောကဈေးကွက်မှာ သုံးစွဲနေတဲ့ဆီတွေက ဓာတ်ဆီဆို 92 ၊ 95 RON ၊ ဒီဇယ်ဆို ရိုးရိုးဒီဇယ်၊ ပရီမီယမ် ဒီဇယ် တို့ဖြစ်ပါတယ်။ အဲဒီဆီတွေရဲ့ အရည်အသွေးဟာ ကားတစ်စီးရဲ့ ဆီစားနှုန်းကို တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ လက်ရှိသုံးနေကျကားတွေအားလုံးရဲ့ အင်ဂျင်တွေဟာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲပြီး စွမ်းအင်ရကာ လည်ပတ်ရတဲ့ Internal Combustion Engine မလို့ပါပဲ။ ဓာတ်ဆီအင်ဂျင်ဆိုရင် အင်ဂျင်လည်ပတ်ဖို့ ဆီနဲ့လေကို မီးလောင်ခန်းထဲဆွဲသွင်း၊ piston ကဖိသိပ်ပြီး spark plugs တွေကနေ မီးခတ်ကာ လောင်ကျွမ်းပေါက်ကွဲစွမ်းအင်ထုတ်လုပ်တဲ့ အင်ဂျင်တွေဖြစ်ပါတယ်။
အဲဒီလို အခြေအနေမှာ 92 ၊ 95 အရည်အသွေးမပြည့်မီတဲ့ ဆီတွေဟာ အဖိအသိပ်မခံနိုင်ပါဘူး။ ဒါကြောင့် spark plugs ကနေ မီးခတ်ချိန်ထိတောင် မရောက်လိုက်ဘဲ ဖိသိပ်လိုက်တဲ့အချိန်မှာ အလိုလို မီးထလောင်ကျွမ်းကုန်ပါတော့တယ်။ အဲဒါကြောင့် အင်ဂျင်ရဲ့ လိုအပ်တဲ့ စွမ်းအင်တွေ အပြည့်အဝမရရှိတော့ဘဲ ဆီဆုံးရှုံးမှုတွေဖြစ်ကာ ဆီစားများရတဲ့ ပြဿနာကြုံလာရပါတော့တယ်။

၂။ Spark  plugs တွေ မကောင်းခြင်း

ဆီစားများစေတဲ့ နောက်အကြောင်းအရာတစ်ခုက spark plugs တွေ မကောင်းတာ၊ ဒါမှမဟုတ် အရည်အသွေးညံ့တဲ့ အမျိုးအစားတွေသုံးထားတာ၊ အင်ဂျင်အမျိုးအစားနဲ့ မကိုက်ညီတဲ့ spark plugs တွေ သုံးထားတာကြောင့်ပဲဖြစ်ပါတယ်။ Spark plugs ဆိုတာကလည်း အပေါ်မှာ ပြောပြထားသလို လက်ရှိကားတွေမှာသုံးနေတဲ့ အင်ဂျင်တွေအတွက် မရှိမဖြစ် အရေးကြီးတဲ့ ဇာတ်ကောင်ပါ။ ဒီကောင် ကောင်/းမကောင်း ၊ အရည်အသွေးမှန်/မမှန် ၊ အင်ဂျင်အမျိုးအစားနဲ့ ကိုက်ညီမှုရှိ/မရှိဟာလည်း ကားဆီစားနှုန်းကို တိုက်ရိုက်သက်ဆိုင်နေပါတယ်။
Spark plugs တွေမကောင်းဘူးဆိုရင် အင်ဂျင်ရဲ့ မီးလောင်ခန်းထဲကို ပို့သွင်းလိုက်တဲ့ ဆီတွေဟာ၊ ပြည့်ပြည့်ဝဝ လောင်ကျွမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလို မလောင်ကျွမ်းတဲ့အတွက် ပို့သွင်းလိုက်တဲ့ ဆီတွေဟာ အလဟဿ ဖြစ်ကုန်မယ်။ နောက်တစ်ချက်က ဆီတွေ အပြည့်အဝ မီးမလောင်တဲ့အတွက် အင်ဂျင်လည်ပတ်ဖို့ လိုအပ်တဲ့ အင်ဂျင်ပါဝါကိုလည်း အပြည့်အဝရစေမှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် သင့်ကားမှာသုံးနေတဲ့ spark plugs တွေကို ကီလိုမီတာ 30,000 လောက်မောင်းပြီးတိုင်း ဖြုတ်ပြီး စစ်ဆေးသင့်ပါတယ်။ နောက်ထပ်အကြံပြုချင်တာကတော့ ကားအင်ဂျင်အမျိုးအစားနဲ့မကိုက်ညီတဲ့ တွေ့ကရာ spark plugs တွေကို ထည့်သွင်းအသုံးပြုတာကလည်း ဆီပိုစားစေတဲ့ အကြောင်းရင်းတစ်ခုပါ။
တချို့ကားအသုံးပြုသူတွေဆိုရင် ကား spark plugs တွေကို ဖြုတ်စစ်ဆေးတာ၊ လဲလှယ်တာတွေ မလုပ်ဘဲ ပေပြီးသုံးလို့ နောက်ဆုံး Engine Check Light တွေလင်းပြီး misfire diagnostics code တွေတက်လာတာမျိုးအထိဖြစ်လာတွေ တွေ့ရဖူးပါတယ်။

၃။ Air filter တွေမကောင်းတာ၊ လေတံခါး (throttle body) ကြေးပိတ်တာ

ဆီစားများစေတဲ့ အချက်တွေထဲက မြင်ရတွေ့ရ အများဆုံးအကြောင်းတစ်ခုက အင်ဂျင်ခန်းထဲက air filter တွေမကောင်းတာပါ။ လေစစ်လို့အလွယ်ခေါ်တတ်ကြတဲ့ air filter တွေဟာ မြန်မာနိုင်ငံလို နေရာအနှံ့ သဲဖုန်ထူထပ်တဲ့ နေရာတွေမှာ အလွယ်တကူ လျင်လျင်မြန်မြန် ညစ်ပတ်သွားပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ မိုင် ၁၅,၀၀၀ ခွဲကနေ မိုင် ၃၀,၀၀၀ မောင်းပြီးတိုင်း လေစစ်ကို လဲလှယ်သင့်ပါတယ်လို့ အကြံပေးထားပေမယ့် မြန်မာနိုင်ငံမှာတော့ ဒါ့ထက်စောပြီး လဲလှယ်သင့်တာပါ။
Air filter ကတော့ spark plugs လို ဖြုတ်တပ်ရ မခက်ခဲဘဲ အလွယ်တကူဖြုတ်စစ်ပြီး ကိုယ်တိုင်လဲလှယ်နိုင်တာမလို့ အပတ်စဉ်၊ လစဉ် ဖြုတ်စစ်ကာ မကောင်းရင်လဲလှယ်ပေးပါက ဆီစားများစေတဲ့ အကြောင်းတွေထဲကတစ်ခုကို ကာကွယ်နိုင်မှာပါ။
Air filter မကောင်းရင် ဘာလို့ဆီစားရသလဲဆိုရင်တော့ ကျနော်တို့လက်ရှိသုံးနေတဲ့ကားတိုင်းရဲ့ အင်ဂျင်အတွင်းပိုင်းမှာ မီးလောင်ပေါက်ကွဲပြီး စွမ်းအင်ရရှိဖို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဆီ၊ လေနဲ့ မီးပွားထဲမှာ လေရဲ့အပိုင်းကို ဒီ air filter ကနေဖြတ်သန်းပြီးမှ လာရတာကြောင့်ပါပဲ။ ပုံမှန်အားဖြင့် လေနဲ့ဆီ အချိုးကို 14း1 လို့သတ်မှတ်ထားပြီး လေစစ်တွေမှာ ကြေးနဲ့ဖုန်တွေကပ်ပြီး ပိတ်ဆို့နေတဲ့အခါမှာ ဆီနဲ့လေ အချိုးအစားတွေ မမှန်တော့ဘဲ မီးလောင်ခန်းထဲမှာ လေအချိုးနည်းပြီး ဆီတွေမီးကုန်အောင် မလောင်ကျွမ်းနိုင်တဲ့အတွက် ဆီစားများရတဲ့ ပြဿနာကြုံရတာပါပဲ။ လေတံခါးမှာ ကြေးတွေပိတ်ဆို့တဲ့အခါမှာလည်း အပေါ်မှာပြောထားသလို ဆီနဲ့လေအချိုးမညီမျှတာ၊ အင်ဂျင်တုန်ခါတာတွေအထိပါဖြစ်လာနိုင်ပါတယ်။

၄။ Oxygen sensors တွေ မကောင်းတာ

ဒါကတော့ ဆီစားများစေတဲ့ အချက်တွေထဲက အသိသာဆုံးအချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ oxygen sensors တွေမကောင်းဘူးဆိုရင် Engien Check Light အချက်ပြလာလို့ပါပဲ။
Oxygen sensors ကို အင်ဂျင်ရဲ့ အိတ်ဇောအထွက်တွေမှာ တပ်ဆင်ထားပြီး အိတ်ဇောကနေ ထွက်လာတဲ့ မီးခိုးတွေထဲက Oxygen နဲ့ အခြားဓာတ်ငွေ့တွေကို အာရုံခံကာ Engine Control Module လို့ခေါ်တဲ့ ကွန်ပျူတာဘောက်ကို သတင်းလှမ်းပို့ပါတယ်။ အဲဒီအိတ်ဇောငွေ့တွေထဲမှာ အောက်ဆီဂျင်ရာခိုင်နှုန်း သတ်မှတ်ချက်ထက်များနေလား၊ နည်းနေလားဆိုတာကို ကွန်ပျူတာဘောက်ကိုပို့ပေးခြင်းအားဖြင့် ကွန်ပျူတာဘောက်ကနေတစ်ဆင့် ဆီများနေရင် ဆီပို့တဲ့ ရာခိုင်နှုန်းလျှော့ချ၊ လေများနေရင် လေလျှော့ အစရှိသည်ဖြင့် လိုတိုး ပိုလျှော့လုပ်ပြီး ဆီစားသက်သာအောင် ပြုလုပ်ပေးပါတယ်။
ဒါကြောင့် ဒီ Oxygen sensor ပျက်စီးသွားပြီဆိုရင်ဖြင့် ကွန်ပျူတာဘောက်ကနေ သတင်းအချက်အလက် ဘာမှမရတော့ဘဲ Engine Check မီးလင်းစေတာပါ။ ဒီအောက်ဆီဂျင်ဆန်ဆာကို မပြုပြင် မလဲလှယ်ဘဲ ဒီအတိုင်းသုံးနေမယ်ဆိုရင်ဖြင့် ဆီလေ အချိုးမမှန်တာတွေကို မသိနိုင်တော့ဘဲ ဆီစားနှုန်းမြင့်တက်လာမယ်ဆိုတာ မလွဲမသွေပါပဲ။

၅။ Fuel injector တွေ မကောင်းတာ

Fuel injector တွေမကောင်းတာ၊ အဓိကအားဖြင့် ဆီကျများတဲ့ ပြဿနာကြောင့်လည်း ဆီစားနှုန်းမြင့်တက်စေပါတယ်။ Fuel injector ဆိုတာကတော့ မီးလောင်ပေါက်ကွဲမယ့် အင်ဂျင်ခန်းထဲကို ဆီပန်းထည့်ပေးရတဲ့ ပစ္စည်းတစ်မျိုးပါ။  ဒီဇယ်အင်ဂျင်တွေအတွက်တော့ nozzle လို့ခေါ်ကြပြီး 
ဓာတ်ဆီအင်ဂျင်တွေအတွက်တော့ injector လို.ခေါ်ကြပါတယ်။ ဒီ ဆီပန်းပေးတဲ့ injector တွေမကောင်းဘူးဆိုရင် ကွန်ပျူတာဘောက်က ပို့ပေးတဲ့အချက်အလက်အရ ပန်းသွင်းပေးရမယ့် ဆီပမာဏထက် ဆီတွေပိုပန်း၊ ပိုထွက်တဲ့ ပြဿနာကြုံရမှာပါ။
ဒါကြောင့် မီးလောင်ခန်းထဲမှာ မလိုအပ်တဲ့ ဆီတွေပိုဖြန်းပြီး အကုန်မလောင်ကျွမ်းဘဲ သင့်ကား ဆီသိသိသာသာ ပိုစားလာတော့မှာပါ။ မီးလောင်ခန်းထဲ ဆီအကျများလွန်းတာ၊ ဆီအကျနည်းလွန်းတာတွေ ဖြစ်လာပြီဆိုရင်တော့ Engine Check မီး လင်းလာတတ်ပြီး diagnostic error code တွေ တက်လာတော့မှာပါ။ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ injector တွေကို ဖြုတ်ပြီး ဆေးကျောတာ၊ အသစ်လဲလှယ်တာတွေလုပ်ရတော့မှာပါ။

၆။ အင်ဂျင်ဝိုင် grade မမှန်တာတွေသုံးတာ

ဒါကတော့ ဆီပိုစားစေတဲ့ ပြဿနာတွေထဲက ရာခိုင်နှုန်းနည်းတဲ့ ပြဿနာတစ်ခုပါ။ ဒါပေမယ့် ဆီစားနှုန်းနဲ့ အင်ဂျင်ပိုင်းတွေကို သုတေသနလုပ် စောင့်ကြည့်ကာ ဆီစားနှုန်းသက်သာပြီး စွမ်းရည်မြင့်တဲ့ အင်ဂျင်တွေကိုဖန်တီးတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ပြန်ချက်တွေအရ အင်ဂျင်လိုအပ်တာထက် ပိုစေးပြစ်တဲ့ အင်ဂျင်ဝိုင် အမျိုးအစားတွေကိုသုံးမယ်၊ အင်ဂျင်ဝိုင် အရည်အသွေးညံ့တာတွေကိုသုံးမယ်ဆိုရင် အင်ဂျင်အတွင်းပိုင်း ပစ္စည်းအစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုတွေကိုနှေးကွေးစေပြီး ဆီပိုစားတဲ့ ပြဿနာရှိလာနိုင်ပါတယ်။ ဒါကြောင့် အရည်အသွေးမြင့်မားတဲ့ ချောဆီအမျိုးအစားနဲ့ အင်ဂျင်သက်တမ်းနဲ့ လိုက်ဖက်ညီတဲ့ grade ကိုသာသုံးစွဲသင့်ပါတယ်။

၇ ။ တာယာလေပေါင်ချိန်မမှန်တာ

ဒီအချက်ကတော့ လူသိနည်းတဲ့ ဆီစားနှုန်းမြင့်မားစေတဲ့ အချက်ပါ။ တချို့ကားကုမ္ပဏီတွေရဲ့ အဆိုအရဆိုရင် တာယာလေပေါင်ချိန် မမှန်တာကြောင့် ဆီစားနှုန်း 5% အထိတောင်တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။ နောက် ဆိုက်မမှန်တဲ့ တာယာတွေကို သုံးစွဲတာကလည်း ဆီစားနှုန်းကို မြင့်တတ်စေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ကားတာယာလေပေါင် pressure အလျှော့အတင်းကိုလည်း ဂရုစိုက်သင့်ပါတယ်။

၈။ ခြေဖျားအပေါ်မှာ မူတည်တာ

နောက်ဆုံးအချက်အနေနဲ့ ပြောရရင်တော့ ကားလောကထဲက old service လို့ပြောပြောနေကြတဲ့ သက်တမ်းရင့် ကားဆရာကြီးတွေပြောသလိုပါပဲ။ "ကားဆီစားတယ်ဆိုတာ ခြေဖျားပေါ်မှာပဲရှိတယ်ကွ" ဆိုသလိုပါ။ ကားမောင်းတဲ့အခါ မလိုအပ်ဘဲ (accelerator pedal) လီဘာကို စောင့်နင်းတာ၊ အတင်းကျော်တက်တာတွေကြောင့် မလိုအပ်ဘဲ လီဘာပိုနင်းရတာတွေဖြစ်လာပြီး ဆီစားနှုန်းမြင့်တက်စေပါတယ်။ ဒါကြောင့် စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဆိုသလို၊ ကားရဲ့ အဆွဲအရုန်း ဂီယာ အချိန်းအပြုကို သတိပြုပြီး လီဘာနင်းမယ်ဆိုရင်ဖြင့် ဆီစားနှုန်းကလည်း ပိုပြီးသက်သာလာမှာပါ။

အထက်ပါ အချက်တွေကတော့ လက်ရှိအဖြစ်များဆုံး ဆီပိုစားစေတဲ့ ပြဿနာရပ်တွေဖြစ်ပြီး အကြောင်းအချက် တစ်ချက်တည်းကြောင့်ဖြစ်စေ၊ အကုန်လုံးစုပေါင်းပြီးဖြစ်စေ ဆီစားနှုန်းမြင့်တက်လာစေတတ်ပါတယ်။ ပုံမှန်သွားလာနေကျ လမ်းကြောင်းမှာ သုံးရတဲ့ဆီပမာဏထက် ဆီစားနှုန်းတွေ သိသိသာသာမြင့်တက်လာပြီဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ပြီး Engine Tuning (အင်ဂျင်ပိုင်းဆိုင်ရာ ဆီလေမီး အချိုးတွေ ချိန်ညှိတာ) ကို ကျွမ်းကျင်ဝပ်ရှော့တွေမှာ ပြသစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းရမှာဖြစ်ပါတယ်။

ဆီဈေးနှုန်းမြင့်တက်နေတဲ့ ယနေ့ခေတ်ထဲမှာ မိတ်ဆွေတို့ နေ့စဉ်အသုံးပြုနေတဲ့ ကားဆီစားနှုန်းမလိုအပ်ဘဲ မြင့်လာတယ်ဆိုရင် မိတ်ဆွေတို့ရဲ့ ပိုက်ဆံအိတ်ကို ခြိမ်းခြောက်တဲ့ အခြေအနေဖြစ်တာကြောင့် သေချာဂရုပြုပြီး အမြဲစစ်ဆေး ပြုပြင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်လို့ အကြံပြုတင်ပြလိုက်ရပါတယ်။

စာဖတ်သူမိတ်ဆွေညီအစ်ကို မောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။

စာရေးသူ : Lynn Za Nee ( P.T.U)

Latest News

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »

E-payment system ကို ပထမဦးစားေပး...

Zawgyi Version YRTA ဟာလာမယ့္ ၂၀၁၉-၂၀၂၀ ဘ႑ႏွစ္မွာ E-payment system ကို ပထမဦးစားေပးအေနနဲ႕ အျမန္ဆံုးအေကာင္အထည္ေဖာ္မွာျဖစ္ျပီး...

Read more »

YBS ယာဥ္ေမာင္းသူမ်ား...

Zawgyi Version ရန္​ကုန္​ၿမိဳ႕တြင္​ ​စည္းကမ္းမဲ့ေမာင္းႏွင္သည္​့ YBS ယာဥ္​​ေမာင္​းမ်ားကို ထိန္​းခ်ဳပ္​ႏိုင္​ရန္​ နည္​းပညာအသံုးျပဳထား​ေသာ...

Read more »