ဒီတစ္ပတ္အတြက္ ရန္ကုန္ ၊ မႏၱေလးကားေဈးကြက္


ရန္ကုန္ကားေဈးကြက္

ရန္ကုန္ကားေဈးကြက္အတြင္း ယာဥ္ေရာင္းဝယ္ေရးစခန္းမ်ားတြင္ ညအိပ္ကားမ်ား ထားရွိခြင့္မေပး  ေသာေၾကာင့္ ကားဝယ္ ေရာင္းမ်ားမွ တစ္ႏိုင္တစ္ပိုင္သာ ယူေဆာင္လာသည့္အတြက္အဝယ္မ်ားအေနျဖင့္ ေရြး ခ်ယ္စရာနည္းပါးသြားၿပီး အေရာင္းအဝယ္ေအးစက္ေနသည္။ လာမည့္ ၂၀၁၅ ခုႏွစ္အတြက္ CIF တန္ဖိုးမ်ား ျပန္လည္ေရးဆြဲမည္ျဖစ္ေသာေၾကာင့္ အဝယ္မ်ားအေနျဖင့္ အေျခအေနတစ္ရက္ကို ေစာင့္ၾကည့္ေနရသည္ျဖစ္ ၍ အေရာင္းအဝယ္ေအးစက္ေနျခင္းျဖစ္ေၾကာင္း ကားဝယ္ ေရာင္းမ်ားထံမွသိရသည္။

၂၀၁၅ ခုႏွစ္အတြင္း ကားေဟာင္းအပ္ႏႈံၿပီး အစားထိုးယာဥ္ျပန္လည္တင္သြင္းရာတြင္ အခြန္ရာခိုင္ႏႈန္း မ်ား ေလွ်ာ့ေပါ့ေပးေတာ့မည္မဟုတ္ေသာေၾကာင့္ ကားေဟာင္းအပ္ႏွံသူမ်ားအေနျဖင့္ ၂၀၁၄ ခုႏွစ္အတြင္းတြင္ သာ အၿပီးအပ္ႏွံရမည္ျဖစ္ၿပီး ၂၀၁၅ ခုႏွစ္အတြင္း အသစ္ထုတ္ျပန္မည့္ CIF တန္ဖိုးမ်ားကို အနည္းငယ္ေလွ်ာ့ ေပါ့ေပးသင့္ေၾကာင္း ကားတင္သြင္းသူတစ္ဦးကဆိုသည္။

၂၀၁၅ ခုႏွစ္အတြက္ CIF တန္ဖိုးမ်ား ျပန္လည္ေရးဆြဲေနၿပီျဖစ္ေသာေၾကာင့္ အျမင့္ကားဝယ္ယူသူမ်ား အေနႏွင့္ မဝယ္ယူၾကေသးဘဲ အေျခအေနတစ္ရပ္ကို ေစာင့္ၾကည့္ေနၾကသည့္အတြက္ အေရာင္းအဝယ္ေအး စက္ေနကာ ၁၃၀၀ စီစီကားေလးမ်ားႏွင့္ အင္ဂ်င္ပါဝါ ၆၆၀ စီစီ ကားေလးမ်ားသာ ပံုမွန္အေရာင္းအဝယ္ျဖစ္ေပၚ ေနေၾကာင္း ကားတင္သြင္းသူတစ္ဦးကဆိုသည္။

အင္ဂ်င္ပါဝါ ၁၀၀၀ စီစီေအာက္ Truck ကားေလးမ်ားတြင္ Suzuki ႏွင့္ Daihatsu မွာအေရာင္းအဝယ္ အေကာင္းဆံုးျဖစ္ေနၿပီး Suzuki Alto ၂၀၀၈၊ ၂၀၀၉ ေမာ္ဒယ္ က်ပ္ ၆၃ သိန္းဝင္းက်င္၊ နံပါတ္အနီ DD,EE ကို က်ပ္ ၄၅ သိန္းဝင္းက်င္၊ Nissan Pino က်ပ္ ၆၃ သိန္းဝင္းက်င္၊ Mazda Carol သိန္း ၇၀ ဝင္းက်င္ႏွင့္ Daewoo Tico သိန္း ၇၀ ဝန္းက်င္၊Daihatsu Mira ကို သိန္း ၇၀ ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္းေဈးကြက္အတြင္းမွ စံုစမ္း သိရွိရသည္။

ေဈးသက္သာေသာ စလစ္ကပ္ယာဥ္မ်ားပိုအလုပ္ျဖစ္တဲ့ မႏၱေလးကားေဈးကြက္

မႏၱေလးၿမိဳ႕၏ ေမာ္ေတာ္ယာဥ္ေရာင္းဝယ္ေရးေဈးကြက္အတြင္း စက္မႈဇုန္ထုတ္ဂ်စ္ကားမ်ားမွာ စလစ္ ေဈးႏႈန္းသက္သာေသာေၾကာင့္ စလစ္ကပ္ကားမ်ားအေရာင္းအဝယ္ျဖစ္လ်က္ရွိေၾကာင္း ယာဥ္ဝယ္ေရာင္း ေဈး ကြက္အတြင္းမွသိရသည္။

စက္မႈဇုန္ထုတ္ဂ်စ္ကားမ်ားသည္ မႏၱေလးကားေဈးကြက္အတြင္း က်ပ္ ၃၇ သိန္းဝင္းက်င္ျဖင့္ အေရာင္း အဝယ္ျဖစ္လ်က္ရွိ္ၿပီး ယခုတစ္ပတ္အတြင္း ေစ်းႏႈန္းၿငိမ္သက္လ်က္ရွိေၾကာင္း ကားဝယ္ေရာင္းမ်ားထံမွသိရ သည္။

စလစ္ကပ္ကားအမ်ားစုသည္ စက္မႈဇုန္ထုတ္ဂ်စ္မ်ားကို အဓိကအသံုးျပဳၾကသည့္အတြက္ ယာဥ္အို ယာဥ္ေဟာင္းအျဖစ္ အပ္ႏွံခြင့္ျပဳထားေသာ (၁က) ကားမ်ားမွာမႏၱေလးကားေဈးကြက္အတြင္း က်ပ္သိန္း ၇၀ ဝင္းက်င္ျဖင့္ အေရာင္းအဝယ္ျဖစ္လ်က္ရွိ္ၿပီး ေဒၚလာတစ္ေသာင္းခြဲအထက္တန္ဖိုးျမင့္ကားမ်ားသာ (၁က) စလစ္ကိုအသံုးျပဳလ်က္ရွိသည္။ (၂က) ကားမ်ားမွာလည္း က်ပ္ ၅၆ သိန္းဝင္းက်င္ျဖင့္ မႏၱေလးကားေဈးကြက္ တြင္ အေရာင္းအဝယ္ျဖစ္လ်က္ရွိၿပီး ေဈးကြက္အနည္းငယ္ေအးလ်က္ရွိေၾကာင္းသိရသည္။

ထို႔အျပင္ မႏၱေလးကားေဈးကြက္အတြင္းတြင္ Free Permit ျဖင့္တင္သြင္းလာေသာကားမ်ားႏွင့္ Mini Truck (ေခြးဘီလူး)မ်ားမွာလည္း ပံုမွန္အေရာင္းအဝယ္ျဖစ္လ်က္ရွိသည္ဟု ကားဝယ္ေရာင္းမ်ားထံမွသိရသည္။

၂၀၁၅ ခုႏွစ္တြင္ Brand New Showroom မ်ားအမ်ားအျပားဖြင့္လာနိုင္ၿပီး စလစ္ေဈးကြက္မ်ားလည္း ေပ်ာက္ကြယ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ယခုအခ်ိန္သည္ အရည္က်ိဳကားသမားမ်ားအား အပ္ႏွံမႈပို၍စိတ္ဝင္စား ႏို္င္ရန္ ေဆာင္ရြက္ေပးထားျခင္းျဖစ္ေၾကာင္း ကား Showroom တစ္ခုမွ တာဝန္ခံတစ္ဦးက သံုးသပ္ခဲ့သည္။

ယခုပံုစံအတိုင္း အခြန္အခမ်ားကိုလည္း သတ္မွတ္ခ်က္အတိုင္း ေဆာင္ရြက္သြားမည္ဆိုပါက ၂၀၁၅ ခုႏွစ္တြင္ ရန္ကုန္၊ မႏၱေလး ကားေဈးကြက္တည္တည္ၿငိမ္ၿငိမ္ျဖစ္သြားႏိုင္ၿပီး အေရာင္းအဝယ္ပိုမိုေကာင္းမြန္လာ ႏိုင္ေၾကာင္း ကားဝယ္ေရာင္း အမ်ားစုက ၄င္းတို႔အျမင္ကိုသံုးသပ္ေျပာၾကားခဲ့သည္။

Ref: Auto Mobile Journal မွထုတ္ႏႈတ္ေဖၚျပသည္။



Unicode Version

ရန်ကုန်ကားဈေးကွက်

ရန်ကုန်ကားဈေးကွက်အတွင်း ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ညအိပ်ကားများ ထားရှိခွင့်မပေး  သောကြောင့် ကားဝယ် ရောင်းများမှ တစ်နိုင်တစ်ပိုင်သာ ယူဆောင်လာသည့်အတွက်အဝယ်များအနေဖြင့် ရွေး ချယ်စရာနည်းပါးသွားပြီး အရောင်းအဝယ်အေးစက်နေသည်။ လာမည့် ၂ဝ၁၅ ခုနှစ်အတွက် CIF တန်ဖိုးများ ပြန်လည်ရေးဆွဲမည်ဖြစ်သောကြောင့် အဝယ်များအနေဖြင့် အခြေအနေတစ်ရက်ကို စောင့်ကြည့်နေရသည်ဖြစ် ၍ အရောင်းအဝယ်အေးစက်နေခြင်းဖြစ်ကြောင်း ကားဝယ် ရောင်းများထံမှသိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း ကားဟောင်းအပ်နှုံပြီး အစားထိုးယာဉ်ပြန်လည်တင်သွင်းရာတွင် အခွန်ရာခိုင်နှုန်း များ လျှော့ပေါ့ပေးတော့မည်မဟုတ်သောကြောင့် ကားဟောင်းအပ်နှံသူများအနေဖြင့် ၂ဝ၁၄ ခုနှစ်အတွင်းတွင် သာ အပြီးအပ်နှံရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း အသစ်ထုတ်ပြန်မည့် CIF တန်ဖိုးများကို အနည်းငယ်လျှော့ ပေါ့ပေးသင့်ကြောင်း ကားတင်သွင်းသူတစ်ဦးကဆိုသည်။

၂ဝ၁၅ ခုနှစ်အတွက် CIF တန်ဖိုးများ ပြန်လည်ရေးဆွဲနေပြီဖြစ်သောကြောင့် အမြင့်ကားဝယ်ယူသူများ အနေနှင့် မဝယ်ယူကြသေးဘဲ အခြေအနေတစ်ရပ်ကို စောင့်ကြည့်နေကြသည့်အတွက် အရောင်းအဝယ်အေး စက်နေကာ ၁၃ဝဝ စီစီကားလေးများနှင့် အင်ဂျင်ပါဝါ ၆၆ဝ စီစီ ကားလေးများသာ ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ် နေကြောင်း ကားတင်သွင်းသူတစ်ဦးကဆိုသည်။

အင်ဂျင်ပါဝါ ၁ဝဝဝ စီစီအောက် Truck ကားလေးများတွင် Suzuki နှင့် Daihatsu မှာအရောင်းအဝယ် အကောင်းဆုံးဖြစ်နေပြီး Suzuki Alto ၂ဝဝ၈၊ ၂ဝဝ၉ မော်ဒယ် ကျပ် ၆၃ သိန်းဝင်းကျင်၊ နံပါတ်အနီ DD,EE ကို ကျပ် ၄၅ သိန်းဝင်းကျင်၊ Nissan Pino ကျပ် ၆၃ သိန်းဝင်းကျင်၊ Mazda Carol သိန်း ၇ဝ ဝင်းကျင်နှင့် Daewoo Tico သိန်း ၇ဝ ဝန်းကျင်၊Daihatsu Mira ကို သိန်း ၇ဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်းဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဈေးသက်သာသော စလစ်ကပ်ယာဉ်များပိုအလုပ်ဖြစ်တဲ့ မန္တလေးကားဈေးကွက်

မန္တလေးမြို့၏ မော်တော်ယာဉ်ရောင်းဝယ်ရေးဈေးကွက်အတွင်း စက်မှုဇုန်ထုတ်ဂျစ်ကားများမှာ စလစ် ဈေးနှုန်းသက်သာသောကြောင့် စလစ်ကပ်ကားများအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယာဉ်ဝယ်ရောင်း ဈေး ကွက်အတွင်းမှသိရသည်။

စက်မှုဇုန်ထုတ်ဂျစ်ကားများသည် မန္တလေးကားဈေးကွက်အတွင်း ကျပ် ၃၇ သိန်းဝင်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိ်ပြီး ယခုတစ်ပတ်အတွင်း စျေးနှုန်းငြိမ်သက်လျက်ရှိကြောင်း ကားဝယ်ရောင်းများထံမှသိရ သည်။

စလစ်ကပ်ကားအများစုသည် စက်မှုဇုန်ထုတ်ဂျစ်များကို အဓိကအသုံးပြုကြသည့်အတွက် ယာဉ်အို ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုထားသော (၁က) ကားများမှာမန္တလေးကားဈေးကွက်အတွင်း ကျပ်သိန်း ၇ဝ ဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ်ပြီး ဒေါ်လာတစ်သောင်းခွဲအထက်တန်ဖိုးမြင့်ကားများသာ (၁က) စလစ်ကိုအသုံးပြုလျက်ရှိသည်။ (၂က) ကားများမှာလည်း ကျပ် ၅၆ သိန်းဝင်းကျင်ဖြင့် မန္တလေးကားဈေးကွက် တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနည်းငယ်အေးလျက်ရှိကြောင်းသိရသည်။

ထို့အပြင် မန္တလေးကားဈေးကွက်အတွင်းတွင် Free Permit ဖြင့်တင်သွင်းလာသောကားများနှင့် Mini Truck (ခွေးဘီလူး)များမှာလည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု ကားဝယ်ရောင်းများထံမှသိရသည်။

၂ဝ၁၅ ခုနှစ်တွင် Brand New Showroom များအများအပြားဖွင့်လာနိုင်ပြီး စလစ်ဈေးကွက်များလည်း ပျောက်ကွယ်သွားမည်ဖြစ်ကြောင်းနှင့် ယခုအချိန်သည် အရည်ကျိုကားသမားများအား အပ်နှံမှုပို၍စိတ်ဝင်စား နို်င်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း ကား Showroom တစ်ခုမှ တာဝန်ခံတစ်ဦးက သုံးသပ်ခဲ့သည်။

ယခုပုံစံအတိုင်း အခွန်အခများကိုလည်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဆိုပါက ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး ကားဈေးကွက်တည်တည်ငြိမ်ငြိမ်ဖြစ်သွားနိုင်ပြီး အရောင်းအဝယ်ပိုမိုကောင်းမွန်လာ နိုင်ကြောင်း ကားဝယ်ရောင်း အများစုက ၄င်းတို့အမြင်ကိုသုံးသပ်ပြောကြားခဲ့သည်။

Ref: Auto Mobile Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »