ယူရိုကားဈေးကွက်အေးနေသော်လည်း CIF တန်ဖိုးသတ်မှတ်ချက်ထွက်ပြီးပါက ယူရို Brand အသစ်များ ပြည်တွင်းသို့ဝင်ရောက်လာနိုင်
ယူရိုကားဈေးကွက်အေးနေခြင်းမှာ CIF တန်ဖိုးသတ်မှတ်ချက် ထွက်ရှိမှုအား စောင့်ကြည့်နေကြခြင်း ကြောင့်ဖြစ်ကြောင်း ယူရိုကားများတင်သွင်းရောင်းချသော WK Cars Sale Center မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အများအားဖြင့် ပြိုင်ကားများနှင့် ယူရိုကားများကိုသာ တင်သွင်းမှုများသည့် WK Cars Sale Center အနေဖြင့်လည်း CIF တန်ဖိုးသတ်မှတ်ချက်ထွက်ပြီးနောက်ပိုင်း ပြည်တွင်းဈေးကွက်အနေအထားနှင့် ကိုက်ညီ ကာ CIF တန်ဖိုးသင့်တင့်မျှတသည့် ယူရိုကားများကိုထပ်မံတင်သွင်းသွားရန် စီစဉ်ထားကြောင်းသိရသည်။
Unicode Version
ယူရိုကားစျေးကွက်အေးနေခြင်းမှာ CIF တန်ဖိုးသတ်မှတ်ချက် ထွက်ရှိမှုအား စောင့်ကြည့်နေကြခြင်း ကြောင့်ဖြစ်ကြောင်း ယူရိုကားများတင်သွင်းရောင်းချသော WK Cars Sale Center မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ပုံမှန်ရောင်းအားရှိနေသည်ဟုဆိုသော်လည်း နှစ်ကုန်ချိန်နီးကာ CIF တန်ဖိုးသတ်မှတ်ချိန်နီးနေသဖြင့် အရောင်းအေးနေခြင်းမှာ အမှန်ပင်ဖြစ်ကြောင်းသိရသည်။ Hammer,Cadillac,Lincoln,BMW စသည့်တင်သွင်း မှုနည်းပါးသော ယူရိုကားများမှာ စျေးကွက်အနေအထားနှင့် သတ်ဆိုင်နေကြောင်းသိရသည်။ CIF တန်ဖိုးသတ် မှတ်ရာတွင် လျော့ကျခဲ့မည်ဆိုပါကလည်း ၂ဝ၁၅ ခုနှစ်တွင် အခွန်လျော့ပေါ့ခြင်းမရှိတော့သည့်အတွက် အဆိုပါ CIF တန်ဖိုးမြင့်မားသည့်ယူရိုကားများတွင် အခွန်နှုန်းထားမှာ သိသာစွာတက်လာနိုင်ကြောင်း ရှင်းပြသည်။
“ CIF တန်ဖိုးကျတယ်ဆိုပါတော့၊ ဒါပေမယ့် ၂ဝ၁၅ မှာ (၂က) လို၊ (၁က) လို ကားတွေကိုအခွန်မ လျော့တော့ဘူး ဆိုတော့ ဒီလိုယူရိုကားတွေက CIF တန်ဖိုးမြင့်ရင်မြင့်သလို အခွန်မှာသိသာနိုင်တယ်။ နောက် တစ်ချက်က ဒီလိုသွင်းနေကျမဟုတ်တဲ့ ယူရိုကားတွေအပြင်ကို ဒီကစျေးကွက်နဲ့လည်းသင့်တော်မယ့် ယူရိုကား အမျိုးအစားအသစ်တွေလည်း ဝင်လာနိုင်တယ်” ဟု ရှင်းပြခဲ့သည်။
အများအားဖြင့် ပြိုင်ကားများနှင့် ယူရိုကားများကိုသာ တင်သွင်းမှုများသည့် WK Cars Sale Center အနေဖြင့်လည်း CIF တန်ဖိုးသတ်မှတ်ချက်ထွက်ပြီးနောက်ပိုင်း ပြည်တွင်းစျေးကွက်အနေအထားနှင့် ကိုက်ညီ ကာ CIF တန်ဖိုးသင့်တင့်မျှတသည့် ယူရိုကားများကိုထပ်မံတင်သွင်းသွားရန် စီစဉ်ထားကြောင်းသိရသည်။
“အခုလောလောဆယ် ယူရိုအမျိုးအစားပြိုင်ကားတွေ ပါမစ်ရပြီးသားတွေတော့ရောင်းဖို့ရှိတယ်။ ဒါပေ မယ့်မဖွင့်ပေးရင်တော့ ပြိုင်ကားကရှားလာနိုင်တယ်။ အခုလောလောဆယ်မှာ ပြိုင်ကားကစျေးကွက်ထဲမှာရှိနေ သေးတော့ စျေးမတန်တဆခေါ်တာတွေမရှိသေးပေမယ့် နောက်ပိုင်းရှားလာရင်တော့ ဖြစ်လာနိုင်တယ်” ဟု ရှင်း ပြခဲ့သည်။
Ref: Auto World Journal မှကူးယူဖေါ်ပြသည်။
Latest News
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »
စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...
Latest news1 12 150x150
Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...
Read more »
Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို...
Picture1 150x150
Zawgyi Version Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ...
Read more »