ဗော်ဗို၊ စကင်နီယာနှင့် ဆာ့ဘ်ကားကုမ္ပဏီများ မြန်မာ့ပို့ဆောင်ဆက်သွယ်ရေးအခြေအနေကို လာရောက်လေ့လာ

ရန်ကုန်။ နိုဝင်ဘာ ၂၀








Unicode Version

ရန်ကုန်။ နိုဝင်ဘာ ၂ဝ

ကမ္ဘာကျော် ဆွီဒင်ကားကုမ္ပဏီများဖြစ်သည့် ဗော်ဗို(Volvo)၊ စကင်နီယာ(Scania)၊ ဆာ့ဘ်(Saab) တို့သည် မြန်မာနိုင်ငံရှိပို့ဆောင်ဆက်သွယ်ရေးအခြေအနေများကို လေ့လာရန် လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးမှ တာဝန်ရှိသူများနှင့် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တွင် နိုဝင်ဘာ ၁၉ နေ့၌ ဆွီဒင်ကုန်သွယ်မှုနှင့် ရင်းနှီးမြုပနှံမှုဆိုင်ရာကောင်စီမှ ဆွေးနွေးပွဲပြုလုပ်ကာ ဆွီဒင်နှင့် မြန်မာနှစ်နှိင်ငံအကြား မြို့ပြဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ဖလှယ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး မြို့ပြပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၏ လက်ရှိအနေအထားများကိုပါ ကားကုမ္ပဏီများက လေ့လာသွားမည်ဟု ဆိုသည်။

ဆွီဒင်မှ ကားကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆွီဒင်အစိုးရ စွမ်းအင်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိ မစ္စ  Ingela Bendrot ဦးဆောင်မှုဖြင့် မြန်မာပြည်သို့ရောက်လာခြင်းဖြစ်သည်။ ဗော်ဗို နှင့် စကင်နီယာတို့သည် စီးတီးဘတ်စ်များ၊ အဝေးပြေခရီးသည်တင် Express ကားများနှင့် ထရပ်ကားများထုတ်လုပ်သည့် ကားကုမ္ပဏီကြီးများဖြစ်ကာ ဆာ့ဘ်၏ ကိုယ်စားလှယ်များမှာမူ ITS ခေါ် Intelligent Transportation System ကို အထူးပြုသည့်လုပ်ငန်းမှဖြစသည်ဟု သိရှိရသည်။

Auto World Journal မှ ကူးယူဖော်ပြသည်။

Photo Credit by Alias 0591

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »