၁၈၀၀ စီစီအထက် ကားများကို ကုန်သွယ်လုပ်ငန်းခွန် လျှော့ချရန် အစီအစဉ်မရှိသေး

၁၈၀၀ စီစီနှင့်အောက် ကားများကို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သော်လည်း ၁၈၀၀ စီစီအထက် ကားများကိုမူ အခွန်ပြောင်းလဲ ကောက်ခံရန် အစီအစဉ်မရှိသေးကြောင်း "အကောက်ခွန်ဦးစီဌာန" မှသိရသည်။1800-CC
ဧပြီလ ၁ ရက်မှစ၍ ၁၈၀၀ စီစီနှင့်အောက် ကားများကို ကုန်သွယ်လုပ်ငန်းခွန် လျှော့ချပေးခဲ့ပြီး နောက်ပိုင်း ၁၈၀၀ စီစီ အထက်ကားများကိုလည်း ခွန်လျှော့ချ ပေးမည်ဟု ဈေးကွက်အတွင်း ကောလဟာလသတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ၁၈၀၀ စီစီ အထက်ကားများကို ကုန်သွယ်လုပ်ငန်းခွန် လျှော့ချပေးရေးသည် ယခုနှစ်တွင် အကောင်အထည်ဖော်နိုင်ဖွယ် မရှိဘဲလာမည့် နှစ်များမှသာ ဖြစ်ကောင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု အကောက်ခွန်ဦးစီးဌာနရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ " ၁၈၀၀ စီစီနဲ့ အောက်ကားတွေကို ဧပြီ ၁ ရက်ကစပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနဲ့ စတင်ကောက်ခံခဲ့ ပါတယ်၊ ၁၈၀၀ စီစီအထက် ကားတွေကတော့ ၂၀၁၄ ခုနှစ်အတွက် အခွန်ဥပဒေမှာ လျှော့ချပေးဖို့ မပါဝင်ပါဘူး၊ အခွန်လျှော့ချင်ရင် လာမည့်နှစ်ရောက်မှပဲ လျှော့လို့ရမှာ ဖြစ်ပါတယ်၊ ဈေးကစားတဲ့သူတွေက ၁၈၀၀ စီစီအထက် ကားတွေကို အခွန်လျှော့ချမယ်လို့ သတင်းတွေ ထွက်ပေါ်လာအောင် ဖန်တီးနေပေမဲ့ ဒီနှစ်အအတွင်းမှာတော့ လျှော့ဖို့မရှိပါဘူး" ဟု အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။ ဧပြီ ၁ ရက်နေ့မှ စ၍ ကညနအခွန်နှင့် ကုန်သွယ်လုပ်ငန်း အခွန်တို့ကို လျှော့ချပေးခဲ့သောကြောင့် ၁၅၀၀ စီစီကားများ ဖြစ်သည့် Toyota Axio ၊ Honda Fit ကားများ လေလံအဆွဲများ လာကြောင်း ကားဈေးကွက်မှ သိရသည်။

 

Ref : Automobile

Latest News

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

"လမ်းအန္တရာယ်ကင်းရှင်းဖို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »

အခွန်​နှူန်းထားများတိုးမြှင့် ချက်ေ​ကြာင့်...

Car shipping 150x150

ပြည်​ပမှတင်​သွင်းလာ​သည့်​ ​မော်​​တော်​ယာဉ်​များကို ဆိပ်​ကမ်း​ရောက်​တန်​ဖိုးမြင့်​လာခြင်း၊ မိုဒယ်​သတ်​မှတ်​ချက်​အရ ဘယ်​​မောင်း...

Read more »

လိုက်ထရပ် ​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ...

Sfdgrgr 150x150

လိုက်ထရပ်​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ လက်​ကျန်​အင်​ဂျင်​ ၂၀၀ ​ကျော်​ရှိရာ ထိုကားများကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်ဖြစ်​၍...

Read more »
Download Android App