သံုးလတာကာလအတြင္း ရန္ကုန္ၿမိဳ႕တြင္း လမ္းမႀကီးမ်ားေပၚ၌ စည္းကမ္းမဲ့ရပ္နားသည့္ ယာဥ္အစီးေရ ေလးေထာင္ခန္႔ ဖမ္းဆီးအေရးယူ

စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈမ်ား ေလ်ာ့က်ေစရန္ ရန္ကုန္ၿမိဳ႕တြင္း အဓိကလမ္းမႀကီးမ်ားေပၚ၌ ယာဥ္ရပ္နားမႈအား ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္မွ စတင္ စစ္ေဆးဖမ္းဆီး ေဆာင္ရြက္ခဲ့ၿပီး

Ka-

ႏို၀င္ဘာလမွ ဇန္န၀ါရီလအထိ သံုးလတာ ကာလအတြင္း ယာဥ္မရပ္ရ သတ္မွတ္ထားသည့္ ၿမိဳ႕တြင္း လမ္းမႀကီးမ်ားေပၚ၌ စည္းကမ္းမဲ့ရပ္နားသည့္ ယာဥ္အစီးေရ ေလးေထာင္ခန္႔အား ဖမ္းဆီး အေရးယူခဲ့ေၾကာင္း ‘အမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုး’မွ သတင္းရရွိသည္။ ယင္းကဲ့သို႔ ဖမ္းဆီးစစ္ေဆးမႈမ်ား ေဆာင္ရြက္ရာ၌ စည္းကမ္းမဲ့ ယာဥ္မ်ားအား ကရိန္းျဖင့္ ဆြဲယူဖမ္းဆီးျခင္း၊ ခ်လန္ျဖတ္ အေရးယူျခင္း စသည့္ နည္းလမ္း ႏွစ္မ်ဳိးျဖင့္ ေဆာင္ရြက္လ်က္ရွိကာ ကရိန္းႏွင့္ဆြဲယူသည့္ ယာဥ္အား ေငြက်ပ္ တစ္သိန္းခြဲခန္႔ႏွင့္ ခ်လန္ျဖတ္ အေရးယူျခင္းခံရသည့္ ယာဥ္ေမာင္းအား ဒဏ္ေငြ က်ပ္ႏွစ္ေသာင္းခြဲခန္႔ ဒဏ္႐ိုက္အေရးယူ ေဆာင္ရြက္ေၾကာင္း သိရသည္။ “စစ္ေဆးဖမ္းဆီး အေရးယူမႈေတြကို အဆက္မျပတ္ ေဆာင္ရြက္သြားမွာပါ၊ အရင္ကဆို လူေတြက လမ္းေပၚယာဥ္ရပ္ရင္ ကိုယ့္အိမ္ေရွ႕မွာရပ္သလို ရပ္ထားၾကတာ၊ အခုေတာ့ ဘယ္နားက လာဖမ္းမလဲဆိုၿပီး မရပ္ရဲၾကေတာ့ဘူး၊ ဒါေၾကာင့္ ယာဥ္ေၾကာက်ပ္တည္းမႈ သိသိသာသာကို ေလ်ာ့က်လာတာေတြ႕ရတယ္”ဟု အမွတ္ (၂) ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲ႕မွဴး႐ံုးမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။ ဒဏ္႐ိုက္ အေရးယူျခင္းခံရသည့္ ယာဥ္မ်ားအေနျဖင့္ ဖမ္းဆီး အေရးယူျခင္း ဥပေဒပုဒ္မအရ တားျမစ္ခ်က္တစ္ရပ္ရပ္အား ေဖာက္ဖ်က္ က်ဴးလြန္ေၾကာင္း ထင္ရွားပါက ေထာင္ဒဏ္ တစ္ႏွစ္အထိ ျဖစ္ေစ၊ အနည္းဆံုးဒဏ္ေငြ က်ပ္တစ္ေသာင္းမွ အမ်ားဆံုး ဒဏ္ေငြ က်ပ္ငါးသိန္းအထိ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုး ျဖစ္ေစ က်ခံေစႏိုင္သည္ဟု သိရသည္။


 

Ref: Automobile



Unicode Version

စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ လျော့ကျစေရန် ရန်ကုန်မြို့တွင်း အဓိကလမ်းမကြီးများပေါ်၌ ယာဉ်ရပ်နားမှုအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် စစ်ဆေးဖမ်းဆီး ဆောင်ရွက်ခဲ့ပြီး

Ka-

နိုဝင်ဘာလမှ ဇန်နဝါရီလအထိ သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ သတ်မှတ်ထားသည့် မြို့တွင်း လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့်အား ဖမ်းဆီး အရေးယူခဲ့ကြောင်း ‘အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်းရရှိသည်။ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်ရာ၌ စည်းကမ်းမဲ့ ယာဉ်များအား ကရိန်းဖြင့် ဆွဲယူဖမ်းဆီးခြင်း၊ ချလန်ဖြတ် အရေးယူခြင်း စသည့် နည်းလမ်း နှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိကာ ကရိန်းနှင့်ဆွဲယူသည့် ယာဉ်အား ငွေကျပ် တစ်သိန်းခွဲခန့်နှင့် ချလန်ဖြတ် အရေးယူခြင်းခံရသည့် ယာဉ်မောင်းအား ဒဏ်ငွေ ကျပ်နှစ်သောင်းခွဲခန့် ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ကြောင်း သိရသည်။ “စစ်ဆေးဖမ်းဆီး အရေးယူမှုတွေကို အဆက်မပြတ် ဆောင်ရွက်သွားမှာပါ၊ အရင်ကဆို လူတွေက လမ်းပေါ်ယာဉ်ရပ်ရင် ကိုယ့်အိမ်ရှေ့မှာရပ်သလို ရပ်ထားကြတာ၊ အခုတော့ ဘယ်နားက လာဖမ်းမလဲဆိုပြီး မရပ်ရဲကြတော့ဘူး၊ ဒါကြောင့် ယာဉ်ကြောကျပ်တည်းမှု သိသိသာသာကို လျော့ကျလာတာတွေ့ရတယ်”ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဒဏ်ရိုက် အရေးယူခြင်းခံရသည့် ယာဉ်များအနေဖြင့် ဖမ်းဆီး အရေးယူခြင်း ဥပဒေပုဒ်မအရ တားမြစ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ဒဏ်ငွေ ကျပ်ငါးသိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေနိုင်သည်ဟု သိရသည်။


 

Ref: Automobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »