တာ၀န္ခ်ိန္အတြင္း ယာဥ္ထိန္းရဲႏွင့္ အႏုပညာရွင္တစ္ဦးျဖစ္ပြားခဲ့သည့္ အမႈအတြက္ အျပန္အလွန္ တရားစဲြဆို


တာ၀န္္ခ်ိန္အတြင္း ယာဥ္ထိန္းရဲ ႏွင့္ အႏုပညာရွင္တစ္ဦး ျဖစ္ပြားခဲ့သည့္အမႈအတြက္ မဂၤလာေတာင္ၫြန္႔ၿမဳိ႕နယ္ တရား႐ုံး၌ အျပန္အလွန္ တရားစြဲဆိုမႈမ်ား ျပဳလုပ္ထား ေၾကာင္း ေဖေဖာ္၀ါရီ ၂၈ ရက္က ‘အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲ မွဴး႐ုံး’တြင္ အမွတ္(၂)ယာဥ္ထိန္း တပ္ဖြဲ႕ခြဲမွဴး ဒုတိယရဲမွဴးႀကီး လင္းထြဋ္က ေျပာၾကားခဲ့သည္။Traffic-Police-man


ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီ ၉ ရက္က မဂၤလာေတာင္ၫြန္႔ၿမဳိ႕နယ္၊ သိမ္ျဖဴလမ္းႏွင့္ ကန္ေတာ္ႀကီး ကန္ပတ္လမ္းဆံုတြင္ ယာဥ္ထိန္း ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္ႏွင့္ အႏုပညာရွင္ တစ္ဦးျဖစ္သူ သ႐ုပ္ေဆာင္ ေနသူရိန္တို႔ ျဖစ္ပြားခဲ့သည့္ ျပႆနာအတြက္ ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္မွ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ခဲ့ၿပီး မဂၤလာေတာင္ၫြန္႔ ၿမိဳ႕ မရဲစခန္း ပ ၁၁၄/၂၀၄ ပုဒ္မ ၃၂၂ အရ တရားလို ျပဳလုပ္ တရားစဲြဆိုခဲ့သလုိ ေနသူရိန္ ဘက္မွလည္း ပုဒ္မ ၃၂၅ အရ ျပန္လည္ တရားစြဲဆိုထားေၾကာင္း သိရသည္။  “ဒီ အမႈ အတြက္ ဘယ္သူမွားတယ္၊ မွန္တယ္ဆိုတာကို မဂၤလာေတာင္ၫြန္႔ တရား႐ုံးကေနၿပီး စစ္ေဆးမႈေတြ လုပ္ေနပါၿပီ၊ အျဖစ္မွန္ေပၚရင္ မွားတဲ့သူ အေရးယူခံရမွာ ျဖစ္ ပါတယ္၊ ဥပေဒအတုိင္းပဲ ျဖစ္ေစမွာပါ၊ မွန္မွန္ကန္ကန္ ျဖစ္ေအာင္လည္း လိုအပ္တဲ့ အေထာက္အထားေတြကို စံုစမ္းစစ္ေဆးမယ္၊ ဘက္လိုက္တာမ်ဳိး လံုး၀ မရွိေစဘဲ မွန္ မွန္ကန္ကန္ ဆံုးျဖတ္ေစမွာပါ”ဟု ‘အမွတ္-၂ ယာဥ္ ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံး’မွ ဒုတိယ ရဲမွဴးႀကီး လင္းထြဋ္က ဆုိသည္။ ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္ စြဲဆိုထားသည့္ ဥပေဒ ပုဒ္မ ၃၃၂ မွာ ျပည္သူ႕တာ၀န္ထမ္းေဆာင္ေနခ်ိန္အတြင္း သာမန္နာက်င္ေစမႈ၊ လက္ေရာက္က်ဴးလြန္မႈျဖစ္ၿပီး ေနသူရိန္ဘက္မွ ျပန္လည္စြဲဆိုထားသည့္ ဥပေဒပုဒ္မ ၃၂၅ မွာ မည္သူမဆို တံုးေသာလက္နက္ျဖင့္သာ နာက်င္ေစမႈ ျဖစ္ေစခဲ့သည့္ ပုဒ္မတို႔ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ျဖစ္စဥ္မွာ ၂၀၁၄ ခုႏွစ္၊ ေဖေဖာ္၀ါရီ ၉ ရက္၊ နံနက္ ၁၁ နာရီ ၁၅ မိနစ္အခ်ိန္တြင္ မဂၤလာေတာင္ၫြန္႕ၿမဳိ႕နယ္၊ သိမ္ျဖဴလမ္းႏွင့္ ကန္ပတ္လမ္းဆံုတြင္ တာ၀န္က်ရဲတပ္ၾကပ္ႀကီး ေသာင္းဒန္ တာ၀န္ထမ္းေဆာင္ေနခ်ိန္ ၉ဃ/.... အနက္ေရာင္ယာဥ္သည္ မီးပြိဳင့္တြင္ ဖရီးယာဥ္ေၾကာ အတုိင္း ညာဘက္ သိမ္ျဖဴလမ္းကို မေကြ႕ဘဲ တည့္တည့္ထြက္လာ သည္ကို တာ၀န္က်ရဲတပ္ၾကပ္ႀကီးက တားဆီခဲ့ရာ တြင္ အဆိုပါ အႏုပညာရွင္ ေနသူရိန္မွ တားဆီး မႈအတြက္ ၾကမ္းတမ္းစြာေျပာဆို ခဲ့ၿပီး ေနာက္တစ္ေန႔ ေဖေဖာ္၀ါရီ ၁၀ ရက္၊ ညေနပိုင္း ၆ နာရီ ၁၅ မိနစ္အခ်ိန္၌ ျပန္လည္ ေရာက္ရွိ လာကာ ယာဥ္ေပၚပါ လူေလး ေယာက္ျဖင့္ အႏုိင္အထက္ ျပဳ လုပ္ခဲ့၍ ရဲတပ္ၾကပ္ႀကီး ေသာင္း ဒန္က ျပန္လည္ ခုခံကာကြယ္မႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း အ ထက္ပါ႐ံုးမွ သိရသည္။


 

Ref : Automobile



Unicode Version

တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲ နှင့် အနုပညာရှင်တစ်ဦး ဖြစ်ပွားခဲ့သည့်အမှုအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ထား ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး’တွင် အမှတ်(၂)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။Traffic-Police-man


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းဆုံတွင် ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး သောင်းဒန်နှင့် အနုပညာရှင် တစ်ဦးဖြစ်သူ သရုပ်ဆောင် နေသူရိန်တို့ ဖြစ်ပွားခဲ့သည့် ပြဿနာအတွက် ရဲတပ်ကြပ်ကြီး သောင်းဒန်မှ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့ မရဲစခန်း ပ ၁၁၄/၂ဝ၄ ပုဒ်မ ၃၂၂ အရ တရားလို ပြုလုပ် တရားစွဲဆိုခဲ့သလို နေသူရိန် ဘက်မှလည်း ပုဒ်မ ၃၂၅ အရ ပြန်လည် တရားစွဲဆိုထားကြောင်း သိရသည်။  “ဒီ အမှု အတွက် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို မင်္ဂလာတောင်ညွန့် တရားရုံးကနေပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီ၊ အဖြစ်မှန်ပေါ်ရင် မှားတဲ့သူ အရေးယူခံရမှာ ဖြစ် ပါတယ်၊ ဥပဒေအတိုင်းပဲ ဖြစ်စေမှာပါ၊ မှန်မှန်ကန်ကန် ဖြစ်အောင်လည်း လိုအပ်တဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးမယ်၊ ဘက်လိုက်တာမျိုး လုံးဝ မရှိစေဘဲ မှန် မှန်ကန်ကန် ဆုံးဖြတ်စေမှာပါ”ဟု ‘အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ ရဲတပ်ကြပ်ကြီး သောင်းဒန် စွဲဆိုထားသည့် ဥပဒေ ပုဒ်မ ၃၃၂ မှာ ပြည်သူ့တာဝန်ထမ်းဆောင်နေချိန်အတွင်း သာမန်နာကျင်စေမှု၊ လက်ရောက်ကျူးလွန်မှုဖြစ်ပြီး နေသူရိန်ဘက်မှ ပြန်လည်စွဲဆိုထားသည့် ဥပဒေပုဒ်မ ၃၂၅ မှာ မည်သူမဆို တုံးသောလက်နက်ဖြင့်သာ နာကျင်စေမှု ဖြစ်စေခဲ့သည့် ပုဒ်မတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းဆုံတွင် တာဝန်ကျရဲတပ်ကြပ်ကြီး သောင်းဒန် တာဝန်ထမ်းဆောင်နေချိန် ၉ဃ/.... အနက်ရောင်ယာဉ်သည် မီးပွိုင့်တွင် ဖရီးယာဉ်ကြော အတိုင်း ညာဘက် သိမ်ဖြူလမ်းကို မကွေ့ဘဲ တည့်တည့်ထွက်လာ သည်ကို တာဝန်ကျရဲတပ်ကြပ်ကြီးက တားဆီခဲ့ရာ တွင် အဆိုပါ အနုပညာရှင် နေသူရိန်မှ တားဆီး မှုအတွက် ကြမ်းတမ်းစွာပြောဆို ခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁ဝ ရက်၊ ညနေပိုင်း ၆ နာရီ ၁၅ မိနစ်အချိန်၌ ပြန်လည် ရောက်ရှိ လာကာ ယာဉ်ပေါ်ပါ လူလေး ယောက်ဖြင့် အနိုင်အထက် ပြု လုပ်ခဲ့၍ ရဲတပ်ကြပ်ကြီး သောင်း ဒန်က ပြန်လည် ခုခံကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အ ထက်ပါရုံးမှ သိရသည်။


 

Ref : Automobile

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »