fb-pageview-tracker
Traffic control centre စမ္းသပ္ရာ၌ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈေၾကာင့္ စတင္စမ္းသပ္သည့္ မနက္ပိုင္္းတြင္ အခက္အခဲေတြ႕ခဲ့ေသာ္လည္း ေနာက္အႀကိမ္စမ္းသပ္မႈမ်ားတြင္ အဆင္ေျပခဲ့ဟုဆို


Zawgyi Version

ရန္ကုန္ၿမိဳ ႔တြင္းရွိ မီးပိြဳင့္ ၁၅၁ ခုကို ၿပီးခဲ့သည့္ ေမလ ၈ ရက္ေန႔တြင္  စတင္လည္ပတ္စမ္းသပ္ခဲ့ရာ မနက္ပိုင္းတြင္ လွ်ပ္စစ္ဓါတ္အားပ်က္ေတာက္ခဲ့မႈေၾကာင့္ ယာဥ္ေၾကာမ်ားအနည္းငယ္ က်ပ္တည္းပိတ္ဆို႔ခဲ့ေသာ္လည္း ထိုေန႔ညေနပိုင္းႏွင့္ ေနာက္တစ္ေန႔၊ ေမလ ၉ ရက္ေန႔တြင္ စမ္းသပ္မႈမ်ား အဆင္ေျပေခ်ာေမြ႕ခဲ့ေၾကာင္း မိီးပိြဳင့္မ်ားတြင္တာဝန္ထမ္းေဆာင္ေနသည့္ ယာဥ္ထိန္းရဲအရာရွိမ်ားထံမွ သိရသည္။

“စ စမ္းတဲ့မနက္ပိုင္းကေတာ့ စမ္းေနရင္းနဲ႔မီးပ်က္သြားတဲ့အတြက္ နည္းနည္းေတာ့အခက္ေတြ႕ခဲ့တာေပါ့။ မီးပ်က္လို႔ ယာဥ္ေၾကာေတြပိုက်ပ္သြားခဲ့တယ္ဆိုေပမယ့္ ဒီလိုမနက္ပိုင္းအခ်ိန္ေတြဆိုတာ ယာဥ္အသြားအလာမ်ားတဲ့အခ်ိန္ဆိုေတာ့ လမ္းေတြပိတ္ေနတာက ပံုမွန္လိုပါပဲ။ ဒါေပမယ့္ ညေနပိုင္းနဲ႔ ေနာက္ေန႔စမ္းသပ္မႈေတြမွာေတာ့ အဆင္ေျပခဲ့ပါတယ္။” ဟု ျပည္လမ္းေပၚတြင္ တာဝန္ထမ္းေဆာင္ေနေသာ ယာဥ္ထိန္းရဲအရာရွိတစ္ဦးက ေျပာသည္။ ထို႔အျပင္ မီးပိြဳင့္မ်ားတြင္ အရံမီးစက္မ်ားထားေသာ္လည္း ဘက္ထရီမ်ားကို လဲေပးေစလိုေၾကာင္းလည္း ေျပာဆိုခဲ့ၾကသည္။

“အခုမီးပိြဳင္႔ေတြမွာ အရန္မီးစက္ေတြ ထားတယ္ဆိုေပမယ့္ မီးပိြဳင့္တိုင္းမွာ ထားေပးထားတာမဟုတ္ဘူး။ အေရးႀကီးတဲ့ ပိြဳင့္ေတြေလာက္မွာပဲ အၿမဲတမ္းထားၿပီး က်န္တဲ့ပိြဳင့္ေတြမွာေတာ့ ဘက္ထရီအားကုန္လို႔ ပိတ္သြားၿပီဆိုမွ ေျပးယူရတာ။ ဘက္ထရီေကာင္းရင္ ႏွစ္နာရီခြဲ၊ သံုးနာရီေလာက္ခံေပမယ့္ ဘက္ထရီေတြက သက္တမ္းၾကာၿပီဆိုေတာ့ အားကမခံေတာ့ဘူး။ တခ်ိဳ႕ပိြဳင့္ေတြမွာဆို မီးပ်က္ၿပီး စကၠန္႔ပိုင္းအတြင္း ပိတ္သြားတာမ်ိဳးေတာင္ရွိတယ္။ ဘက္ထရီေတြကိုေတာ့ လဲေပးေစခ်င္ပါတယ္။” ဟု မီးပိြဳင့္မ်ားတြင္ တာဝန္ထမ္းေဆာင္ေနေသာ ယာဥ္ထိန္းအရာရွိမ်ားက ေျပာဆိုခဲ့သည္။

လတ္တေလာတြင္ ကမၻာေအးဘုရားလမ္းေပၚရွိ မီးပိြဳင့္မ်ား၌ ဘက္ထရီအေဟာင္းမ်ားကို အသစ္မ်ားႏွင့္ လဲလွယ္ေပးေနေၾကာင္းသိရသည္။

Reporter: Zing


Unicode Version

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့် ၁၅၁ ခုကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင်  စတင်လည်ပတ်စမ်းသပ်ခဲ့ရာ မနက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားပျက်တောက်ခဲ့မှုကြောင့် ယာဉ်ကြောများအနည်းငယ် ကျပ်တည်းပိတ်ဆို့ခဲ့သော်လည်း ထိုနေ့ညနေပိုင်းနှင့် နောက်တစ်နေ့၊ မေလ ၉ ရက်နေ့တွင် စမ်းသပ်မှုများ အဆင်ပြေချောမွေ့ခဲ့ကြောင်း မီးပွိုင့်များတွင်တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲအရာရှိများထံမှ သိရသည်။

“စ စမ်းတဲ့မနက်ပိုင်းကတော့ စမ်းနေရင်းနဲ့မီးပျက်သွားတဲ့အတွက် နည်းနည်းတော့အခက်တွေ့ခဲ့တာပေါ့။ မီးပျက်လို့ ယာဉ်ကြောတွေပိုကျပ်သွားခဲ့တယ်ဆိုပေမယ့် ဒီလိုမနက်ပိုင်းအချိန်တွေဆိုတာ ယာဉ်အသွားအလာများတဲ့အချိန်ဆိုတော့ လမ်းတွေပိတ်နေတာက ပုံမှန်လိုပါပဲ။ ဒါပေမယ့် ညနေပိုင်းနဲ့ နောက်နေ့စမ်းသပ်မှုတွေမှာတော့ အဆင်ပြေခဲ့ပါတယ်။” ဟု ပြည်လမ်းပေါ်တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။ ထို့အပြင် မီးပွိုင့်များတွင် အရံမီးစက်များထားသော်လည်း ဘက်ထရီများကို လဲပေးစေလိုကြောင်းလည်း ပြောဆိုခဲ့ကြသည်။

“အခုမီးပွိုင့်တွေမှာ အရန်မီးစက်တွေ ထားတယ်ဆိုပေမယ့် မီးပွိုင့်တိုင်းမှာ ထားပေးထားတာမဟုတ်ဘူး။ အရေးကြီးတဲ့ ပွိုင့်တွေလောက်မှာပဲ အမြဲတမ်းထားပြီး ကျန်တဲ့ပွိုင့်တွေမှာတော့ ဘက်ထရီအားကုန်လို့ ပိတ်သွားပြီဆိုမှ ပြေးယူရတာ။ ဘက်ထရီကောင်းရင် နှစ်နာရီခွဲ၊ သုံးနာရီလောက်ခံပေမယ့် ဘက်ထရီတွေက သက်တမ်းကြာပြီဆိုတော့ အားကမခံတော့ဘူး။ တချို့ပွိုင့်တွေမှာဆို မီးပျက်ပြီး စက္ကန့်ပိုင်းအတွင်း ပိတ်သွားတာမျိုးတောင်ရှိတယ်။ ဘက်ထရီတွေကိုတော့ လဲပေးစေချင်ပါတယ်။” ဟု မီးပွိုင့်များတွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းအရာရှိများက ပြောဆိုခဲ့သည်။

လတ်တလောတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မီးပွိုင့်များ၌ ဘက်ထရီအဟောင်းများကို အသစ်များနှင့် လဲလှယ်ပေးနေကြောင်းသိရသည်။

Reporter: Zing

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »