ရန္ကုန္ၿမိဳ႕တြင္း မီးပြိဳင့္ ၁၅၀ေက်ာ္အား ဆင္ဆာစနစ္သံုး မီးပြိဳင့္မ်ား ေျပာင္းလဲတပ္ဆင္မည္


ရန္ကုန္ၿမိဳ႕တြင္းရွိ အခ်က္ျပ မီးပြိဳင့္ ၁၅၀ ေက်ာ္အား ဆင္ဆာစနစ္သံုး မီးပြိဳင့္မ်ား ေျပာင္းလဲတပ္ဆင္မည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား)’မွ သတင္း ရရွိသည္။Traffic-Sensor


ယာဥ္ေၾကာက်ပ္တည္းမႈ ရွိေနသည့္ မရမ္းကုန္းၿမိဳ႕နယ္၊ ရွစ္မုိင္လမ္းဆံုတြင္ ခံုးေက်ာ္တံတား တည္ေဆာက္ရန္ စီစဥ္ခဲ့ေသာ္လည္း ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူေပါင္း ေဆာင္ရြက္ေရးအဖြဲ႕ (JICA) ၏ အႀကံေပးမႈျဖင့္ ဆင္ဆာ စနစ္သံုးမီးပြိဳင့္ စမ္းသပ္တပ္ဆင္ခဲ့ရာ ယာဥ္ေၾကာက်ပ္တည္းမႈ ထက္၀က္ခန္႔ ေျဖေလွ်ာ့ႏိုင္သည့္ အတြက္ ၿမိဳ႕တြင္း လမ္းဆံုမီးပြိဳင့္ ၁၅၀ ေက်ာ္၌ အဆိုပါ မီးပြိဳင့္ဆင္ဆာစနစ္မ်ား ေျပာင္းလဲ တပ္ဆင္သြားမည္ဟု သိရသည္။ “ဆင္ဆာစနစ္က ယာဥ္ေၾကာ က်ပ္တည္းမႈ ျဖစ္ေပၚေနမႈအေပၚ အခ်က္ျပ ထိန္းခ်ဳပ္ေပးတာေပါ႔၊ လက္ရွိ ရန္ကုန္ၿမိဳ႕တြင္းမွာ ျဖစ္ေပၚေနတဲ့ ယာဥ္ေၾကာ က်ပ္တည္းမႈက စီမံခန္႔ခြဲမႈနဲ႔ အခ်က္ျပစနစ္ ထိန္းခ်ဳပ္ဖို႔ လိုအပ္လို႔ ျဖစ္ရတာ၊ ဒါေၾကာင့္ နည္းအမ်ဳိးမ်ဳိးနဲ႔ အကုန္လံုးကို တစ္ၿပိဳင္နက္ ေဆာင္ရြက္ေနတယ္၊ မီးပြိဳင့္တိုင္းမွာ ခ်ိန္ကိုက္ထားတဲ့ ဆင္ဆာစနစ္သံုး မီးပြိဳင့္ေတြ တပ္ဆင္မယ္”ဟု အင္ဂ်င္နီယာဌာန (လမ္း /တံတား) ဌာနမွဴး ဦးခင္ေမာင္ၾကည္က ေျပာသည္။ ဆင္ဆာစနစ္သံုး မီးပြိဳင့္တစ္ခုတြင္ ကင္မရာတစ္လံုးပါရွိၿပီး ေရွ႕၊ ေနာက္ ယာဥ္ေၾကာအတြက္ စကၠန္႔ ၉၀ ႏွင့္ ေဘးႏွစ္ဖက္ ယာဥ္ေၾကာအတြက္ ၄၅ စကၠန္႔ျဖင့္ ပံုမွန္ထိန္းခ်ဳပ္လ်က္ရွိကာ ယာဥ္လမ္းေၾကာင္း အလိုက္ယာဥ္ေၾကာ က်ပ္တည္းမႈ အေပၚ မူတည္၍လည္း လမ္းေၾကာင္း အလိုအေလ်ာက္ ထိန္းခ်ဳပ္မႈရွိေၾကာင္း သိရသည္။ ၿမိဳ႕တြင္း လမ္းဆံုမီးပြိဳင့္ ၁၅၀ ေက်ာ္တြင္ တပ္ဆင္မည့္ ဆင္ဆာစနစ္သံုး မီးပြိဳင့္မ်ား၏တန္ဖိုး မ်ားျပားသည့္ အတြက္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္မွသာ ေဆာင္ရြက္ႏိုင္မည္ ျဖစ္ၿပီး အဆိုပါမီးပြိဳင့္မ်ား တပ္ဆင္ရန္အတြက္ လက္ရွိ ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရး ေအဂ်င္စီ (JICA)ႏွင့္ ေဆြးေႏြးညႇိႏိႈင္းမႈမ်ား ျပဳလုပ္လ်က္ ရွိေၾကာင္း သိရသည္။


 

Ref: Auto mobile



Unicode Version

ရန်ကုန်မြို့တွင်းရှိ အချက်ပြ မီးပွိုင့် ၁၅ဝ ကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)’မှ သတင်း ရရှိသည်။Traffic-Sensor


ယာဉ်ကြောကျပ်တည်းမှု ရှိနေသည့် မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JICA) ၏ အကြံပေးမှုဖြင့် ဆင်ဆာ စနစ်သုံးမီးပွိုင့် စမ်းသပ်တပ်ဆင်ခဲ့ရာ ယာဉ်ကြောကျပ်တည်းမှု ထက်ဝက်ခန့် ဖြေလျှော့နိုင်သည့် အတွက် မြို့တွင်း လမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်၌ အဆိုပါ မီးပွိုင့်ဆင်ဆာစနစ်များ ပြောင်းလဲ တပ်ဆင်သွားမည်ဟု သိရသည်။ “ဆင်ဆာစနစ်က ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်နေမှုအပေါ် အချက်ပြ ထိန်းချုပ်ပေးတာပေါ့၊ လက်ရှိ ရန်ကုန်မြို့တွင်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြော ကျပ်တည်းမှုက စီမံခန့်ခွဲမှုနဲ့ အချက်ပြစနစ် ထိန်းချုပ်ဖို့ လိုအပ်လို့ ဖြစ်ရတာ၊ ဒါကြောင့် နည်းအမျိုးမျိုးနဲ့ အကုန်လုံးကို တစ်ပြိုင်နက် ဆောင်ရွက်နေတယ်၊ မီးပွိုင့်တိုင်းမှာ ချိန်ကိုက်ထားတဲ့ ဆင်ဆာစနစ်သုံး မီးပွိုင့်တွေ တပ်ဆင်မယ်”ဟု အင်ဂျင်နီယာဌာန (လမ်း /တံတား) ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ ဆင်ဆာစနစ်သုံး မီးပွိုင့်တစ်ခုတွင် ကင်မရာတစ်လုံးပါရှိပြီး ရှေ့၊ နောက် ယာဉ်ကြောအတွက် စက္ကန့် ၉ဝ နှင့် ဘေးနှစ်ဖက် ယာဉ်ကြောအတွက် ၄၅ စက္ကန့်ဖြင့် ပုံမှန်ထိန်းချုပ်လျက်ရှိကာ ယာဉ်လမ်းကြောင်း အလိုက်ယာဉ်ကြော ကျပ်တည်းမှု အပေါ် မူတည်၍လည်း လမ်းကြောင်း အလိုအလျောက် ထိန်းချုပ်မှုရှိကြောင်း သိရသည်။ မြို့တွင်း လမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်တွင် တပ်ဆင်မည့် ဆင်ဆာစနစ်သုံး မီးပွိုင့်များ၏တန်ဖိုး များပြားသည့် အတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အဆိုပါမီးပွိုင့်များ တပ်ဆင်ရန်အတွက် လက်ရှိ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။


 

Ref: Auto mobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »